Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆော်ဒီအာရေးဗီးယားသို့ တင်ပို့နေသည့် ရေထွက်ပစ္စည်းစက်ရုံများကို လာရောက်စစ်ဆေးမည်

ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ ရေ ထွက်ပစ္စည်းတင်ပို့နေသည့် ပြည်တွင်းရှိစက်ရုံ ၂၄ ရုံနှင့် ယင်းစက်ရုံများကို

ကုန်ကြမ်းပစ္စည်းထောက်ပံ့ နေသည့် မွေးမြူရေးကန်များသတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိ၊မရှိ ယင်းနိုင်ငံက လာရောက်စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့် က ဆိုသည်။

 

လက်ရှိတွင် လာရောက်စစ် ဆေးမည့်ရက်ကို ဆော်ဒီအာရေး ဗီးယားနိုင်ငံက အကြောင်းမကြား သေးသော်လည်း လိုအပ်သည့်အ ချက်များကို ပြည်တွင်းရှိစက်ရုံများ နှင့် မွေးမြူရေးကန်များကပြင်ဆင် ထားရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။

 

‘‘ဆော်ဒီအာရေးဗီးယားနိုင်ငံ ကို မြန်မာနိုင်ငံကရေထွက်ပစ္စည်း တွေ ပြန်လည်တင်ပို့နိုင်အောင် အစိုးရက စီစဉ်ဆောင်ရွက်နေတာ ရှိပါတယ်။ အခုသူတို့က လာ ရောက်စစ်ဆေးမယ်ဆိုပြီး အ ကြောင်းကြားထားတယ်’’ ဟု ဦး ထွန်းဝင်းမြင့်ကပြောသည်။

 

ဆော်ဒီအာရေးဗီးယားနိုင်ငံ က ဧပြီ ၂၇ ရက်တွင် ယင်းအ ကြောင်းကြားစာကို ပေးပို့ခဲ့ ကြောင်း ဦးထွန်းဝင်းမြင့်က ဆို သည်။

 

ဆော်ဒီအာရေးဗီးယားနိုင်ငံ FDA အဖွဲ့အစည်းက ယင်းနိုင်ငံသို့ ငါး၊ ပုစွန်တင်ပို့နေသည့် ဗီယက် နမ်နိုင်ငံရှိ စက်ရုံ ၂၄ရုံကိုစစ်ဆေးခဲ့ ရာ ၎င်းတို့သတ်မှတ်ထားသည့် စည်းကမ်းနှင့်ကိုက်ညီသည့် စက်ရုံကိုးရုံသာတွေ့ရှိသဖြင့်မြန်မာနိုင်ငံအပါအ၀င် အိန္ဒိယ၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ငါးတင်ပို့ နေမှုကို ၂၀၁၈ မတ်လ ၁ရက်က စတင်၍ ယာယီ ရပ်ဆိုင်းထား သည်။

 

‘‘မြန်မာနိုင်ငံက မွေးမြူရေး ကန်တွေနဲ့ ရေထွက်ပစ္စည်းစက်ရုံ တွေက ကောင်းမွန်တဲ့မွေးမြူရေး အလေ့အကျင့် ကောင်းတွေနဲ့ ဆောင်ရွက်ထားတယ်ဆိုရင်ဘယ်ကလာစစ်စစ် အဆင်ပြေမှာပါ’’ ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တိုးနန္ဒာတင်က ပြောသည်။

 

အော်ဒီအာရေးဗီးယားနိုင်ငံ တွင် ပုစွန်များ၌ ဖြစ်ပွားတတ် သည့် White Spot ရောဂါနှင့် Acut Hepatopancreatic Mecrosis ရောဂါများဝင်ရောက် မလာနိုင်ရန် တားဆီးနိုင်သည့် အရေးပေါ်စီမံချက်တစ်ခု စတင် ဆောင်ရွက်နေကြောင်း ငါးမွေးမြူ ရေးလုပ်ငန်းအသင်းအဖွဲ့ ၀က်ဘ် ဆိုက်၌ ဖော်ပြထားသည်။

 

မြန်မာနိုင်ငံမွေးမြူရေးငါး ပို့ ကုန်အများစုသည် ငါးမြစ်ချင်းဖြစ် ပြီး ယင်းငါးကို အာရပ်နိုင်ငံများသို့ အဓိကထားတင်ပို့နေကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်နာယက ဦးစိုး ၀င်းက ပြောကြားထားသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 13:28
Rate this item
(1 Vote)