Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သစ်သီးကားများ နယ်စပ်၌ သောင်တင်နေ၍ အရည်အသွေး ထိခိုက်ကာ ဈေးနှုန်းများ ကျဆင်း

မြန်မာ-တရုတ်   နယ်စပ်ကုန်သွယ်ရေး ဂိတ်များအနက် နှစ်နိုင်ငံညှိနှိုင်း၍ နားလည်မှုအရ ပုပ်သိုးနိုင်သည့် ကုန်စည်များအတွက် ဖွင့်လှစ်ပေးထားသော

ကျင်စန်းကျော့ ဂိတ်ပေါက်ကို  မြန်မာနိုင်ငံဘက်မှ လုံခြုံရေးအရ ပိတ်ထားသဖြင့် ကုန်ကားများ ဂိတ်ပေါက်တွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသောကြောင့်  အသီးအရည်အသွေး ထိခိုက်ကာ ဖရဲ၊  သခွား ဈေးနှုန်းများပါ  ကျဆင်းနေကြောင်း မူဆယ်သစ်သီးကုန်သည် များထံမှ သိရသည်။

 

လက်ရှိတွင် သစ်သီးကားများ စုပုံပိတ်ဆို့နေမှုကြောင့် ကုန်ကားတစ်စီးလျှင် ၅ဝ ရာခိုင် နှုန်းမှ ၇ဝ ရာခိုင်နှုန်းအထိ အနာအဆာများ ဖြစ်ပေါ်နေသည်။

 

''ဖရဲ၊ သခွားက အမှန်ဆိုရင် ဈေးကျတာ မဟုတ်ဘူး။ ခါတိုင်းနဲ့ သိပ်မကွာဘူး။ ဈေးကျတယ်၊ တက်တယ်ဆိုတာထက် ရတဲ့ဈေးနဲ့ အမြန်ရောင်းရတဲ့ သဘောဖြစ်နေတာ။ ခရီးဖင့်တယ်။ ရောင်းကွင်း ခဏခဏပိတ်ရတော့ ဒီမှာက လေးငါးရက်ကြာတဲ့ ကားတွေချည်း ဖြစ်နေတယ်။  အမှန်ဆိုရင်  ဒီအချိန်က အရောင်းအဝယ်ကောင်းလာရမယ့် အချိန်ပါ။ ဒါပေမဲ့ ဒီလမ်းပိတ်ဆို့မှုကြီးဖြစ်နေတာကြောင့် ဘာမှလုပ်လို့မရဘူး။   အဓိကက ဈေးနှုန်းကြောင့် နစ်နာတယ်ဆိုတာထက်  အသီးတွေ ပုပ်ကုန်လို့ နစ်နာတာပါ'' ဟု  ခွာညိုသစ်သီးပွဲရုံ ပိုင်ရှင်  ဦးစိုင်းခင်မောင် ကပြောသည်။

 

၂ဝ၁၈  ခုနှစ်  ဒီဇင်ဘာ  ၃ဝ  ရက်တွင် ဖရဲ  ၈၅၅  တစ်တန်လျှင်  တရုတ်ယွမ်ငွေ ၁၂ဝဝ မှ ၁၈ဝဝ  ကြားတွင်သာ  ဈေးရရှိ နေပြီး  အစေ့မဲ့ဖရဲတစ်တန်လျှင် တရုတ် ယွမ်ငွေ  ၁၆ဝဝ မှ ၂၃ဝဝ  ကြားတွင်သာ ဈေးရရှိနေသည်။ အလားတူ ရွှေသခွားမှာ တစ်တန်လျှင် တရုတ်ယွမ်ငွေ ၂၃ဝဝ  မှ ၃ဝဝဝ ဝန်းကျင်ဈေးသာရရှိနေသည်။

 

၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ  ၃ဝ  ရက်က မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲလှယ် နှုန်းများ ၁ ယွမ်လျှင် ငွေကျပ် ၂၃ဝ ရှိခဲ့ပြီး ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်တွင် ၁ ယွမ် လျှင်  ငွေကျပ်  ၂၂ဝ  ဝန်းကျင်ရှိကြောင်း  သိရသည်။

 

ယင်းနှင့်ပတ်သက်၍  နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးမှုအပြီး   ကျင်စန်းကျော့ ဂိတ်အစား   ယခင်ဂိတ်ဟောင်း ကြူကုတ်- ပန်ဆိုင်းလမ်းဘက်မှ ညှိနှိုင်း၍ အရေးပေါ် သွားရောက်ခွင့်ပေးခဲ့သည်။

 

သို့သော်   မြန်မာနိုင်ငံမှ  တရုတ်နိုင်ငံ ဘက်သို့သွားသော     သစ်သီးကား အရေအတွက်မှာ     ထောင်ချီရှိနေသော်လည်း အဆိုပါဂိတ်မှ   ဖြတ်သန်းသွားရောက်နိုင်သည့် ကားအစီးရေမှာ တစ်နေ့လျှင် အစီးရေ ပျမ်းမျှ ၂၅ဝ ခန့်သာရှိကြောင်း သိရသည်။ 

 

Source: Myawaddy

Read times Last modified on Thursday, 03 January 2019 13:27
Rate this item
(1 Vote)