Food & Livestock



အင်ဒိုနီးရှား ဆန်တင်သွင်းမှု များပြားသဖြင့် အာရှဆန်ဈေး ထပ်မံမြင့်တက်မည် ခန့်မှန်း

အင်ဒိုနီးရှား ဆန်တင်သွင်းမှု များပြားသဖြင့် အာရှဆန်ဈေး ထပ်မံမြင့်တက်မည် ခန့်မှန်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အင်ဒိုနီးရှားသည် ယခုနှစ်တွင် ဆန် မက်ထရစ်တန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းရန် ထပ်မံခွဲတမ်းချထားပေးသည်။

ယမန်နှစ်ကလည်း အင်ဒိုနီးရှားသည် ဆန်တင်သွင်းမှု များပြားခဲ့သည်။ 

 .

ယခင်က ၂၀၂၄ ခုနှစ်အတွက် ဆန်တန်ချိန် ၂ သန်း တင်သွင်းရန် ခွဲတမ်း ချပေးခဲ့ပြီး ယခု နောက်ထပ် ဆန်တန်ချိန် ၁.၆ သန်း ခွဲတမ်းချပေးလိုက်ခြင်း ဖြစ်သည်။ 

.

“အင်ဒိုနီးရှား ဆန်ဝယ်ယူတင်သွင်းတာ များပြားတဲ့အတွက် အာရှဆန်ဈေး မြင့်တက်စေခဲ့ပါတယ်။ အခု ထပ်တိုးပြီး ဝယ်ယူမှာ ဖြစ်တဲ့အတွက် အာရှဆန်ဈေး ထပ်မံမြင့်တက်နိုင်ပါတယ်"ဟု စင်ကာပူအခြေစိုက် ဆန်ကုန်သည်တစ်ဦးက ပြောသည်။

 .

 ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူ အိန္ဒိယနိုင်ငံသည် ယမန်နှစ်က တင်ပို့မှုကို ကန့်သတ်လိုက်ပြီးနောက် အာရှဆန်ဈေးသည် ၁၆ နှစ်နီးပါးအတွင်း အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။

.

 အိန္ဒိယနိုင်ငံမှ တင်ပို့သော ပေါင်းဆန်စျေးနှုန်းများသည် ယခုသီတင်းပတ်အတွင်း စံချိန်တင် မြင့်တက်ခဲ့သည်။

 


 

အာရှဆန် တပတ်တာ ဈေးအတက်အကျများ

#FoodIndustryGuide

.

https://www.foodindustrydirectory.com.mm/food-industry/cuisine/india/item/7503

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


.

ထိုင်းဆန်နှင့် ဗီယက်နမ်ဆန် ဈေးနှုန်းများသည်လည်း ၂၀၀၈ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးနီးပါးသို့ ရောက်ရှိနေသည်။

.

အင်ဒိုနီးရှား၏ ဇန်နဝါရီမှ မတ်လအထိ ဆန်ထုတ်လုပ်မှုသည် ယခင်နှစ် အလားတူလနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၂ ဒသမ ၈၂ သန်း လျော့နည်းမည်ဟု ခန့်မှန်းထားကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ Arif Sulistiyo က ပြောသည်။

သွင်းကုန်ပါမစ်များကို ထပ်မံချပေးရန် ကုန်သွယ်ရေးဝန်ကြီးဌာနက လုပ်ဆောင်နေကြောင်း Arif က ဆက်လက်ပြောကြားသည်။

Source cna


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)