Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဆက်လက်ကျဆင်းနိုင်

Unicode >>>>>

အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဆက်လက်ကျဆင်းနိုင်


ဘုရင့်နောင်ဈေးကွက်အတွင်း အခြေခံ စားသောက်ကုန် အဝင်များ နေသောကြောင့် ဈေးနှုန်းများ ဆက်လက် ကျဆင်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း  ဥက္ကဋ္ဌ ဦးခင်ဟန်၏ ပြောပြချက်အရ သိရပါတယ်။


Baking Powders မုန့်ဖုတ်ဆော်ဒါလုပ်ငန်းများ (၂၅) ခုကိုရှာရန်နှိပ်ပါ။


မတ် ၁၉ ရက်တွင် ကြက်သွန်နီတစ် ပိဿာလျှင် ငွေကျပ် ၅၅ဝ မှ ၆၅ဝ ဝန်းကျင်၊ ငရုတ်ခြောက်တစ်ပိဿာလျှင်  ငွေကျပ် ၂၇ဝဝ မှ ၃၂ဝဝ၊ ကြက်သွန်ဖြူတစ်ပိဿာ လျှင် ငွေကျပ် ၁၆ဝဝ မှ ၂၅ဝဝ၊ အာလူး တစ်ပိဿာလျှင် ငွေကျပ် ၃၂ဝ မှ ၆၅ဝ၊ ငါးမြီးတံသွယ်တစ်ပိဿာလျှင် ငွေကျပ် ၁ဝဝဝ မှ ၁၅ဝဝ၊ ငါးရွှေတစ်ပိဿာလျှင်  ငွေကျပ် ၃ဝဝဝ မှ ၉ဝဝဝ အထိ ဈေးနှုန်း အသီးသီးရှိကြောင်း သိရပါတယ်။


မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်သည်  ဈေးကွက်အတွင်း အခြေခံ စားသောက်ကုန် နှင့် လူသုံးကုန်များ ဈေးနှုန်း တည်ငြိမ်ရေး အတွက် သက်ဆိုင်ရာ ညီနောင်အသင်းများ နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း  သိရပါတယ်။


Read More >>>>>   ဖိလစ်ပိုင်ရှိငုံးခြံတွင် H5N6 ကြက်ငှက်တုပ်ကွေး ရောဂါပိုးတွေ့ရှိ


ထိုသို့ဆောင်ရွက်ရာတွင် အများပြည်သူ နေ့စဉ်စားသုံးနေရသည့် အခြေခံစားသောက် ကုန်၊ လူသုံးကုန်၊ ဆေးဝါးနှင့် ဆေးပစ္စည်း များကို ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ် လပ်မှုမရှိစေရန်နှင့် ဈေးနှုန်းတည်ငြိမ်စွာ ရောင်းဝယ်နိုင်ရေးအတွက် မြန်မာနိုင်ငံ ဆန်းစပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာ နိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များ နှင့် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ  လက်လီရောင်းချသူများအသင်း၊ မြန်မာ နိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊  မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း   စသည့် အသင်းများအပါအဝင် ညီနောင်အသင်း များ၊  လုပ်ငန်းရှင်များနှင့်  တွေ့ဆုံညှိနှိုင်း လျက်ရှိကြောင်း သိရပါတယ်။


#MFID

 

Home Page Food

 

Zawgyi >>>>>

 


 


 


 


 


 


 


 

#MFID

Read times Last modified on Monday, 23 March 2020 10:14
Rate this item
(0 votes)