Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်သို့ နာနတ်သီး တင်ပို့ခွင့်ရရန် နာနတ်သီးစိုက်တောင်သူများ လိုလား

တရုတ်သို့ နာနတ်သီးတင်ပို့ခွင့်ရရန် နာနတ်သီးစိုက်တောင်သူများ လိုလားလျှက်ရှိကြောင်း မြန်မာနိုင်ငံ နာနတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းထံမှ သိရသည်။

 

မြန်မာနိုင်ငံမှ အဓိက နာနတ်သီးတင်ပို့သည့် တရုတ်နိုင်ငံအနေဖြင့် ပြီးခဲ့သည့်နှစ် ဇွန် ၁၆ ရက်မှစ၍ မြန်မာ နာနတ်သီးများတင်ပို့ရောင်းချခွင့်ကို ပိတ်ထားပြီး နာနတ်သီးတင်ပို့မည်ဆိုပါက မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပေးသော အပင်ပိုးမွှားကင်စင်ကြောင်း ထောက်ခံချက်လက်မှတ် ရရှိမှသာ တင်ပို့ရမည်ဖြစ်ကြောင်း သိရသည်။

 

သို့ဖြစ်၍ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အပင်ပိုးမွှားကင်စင်ကြောင်း ထောက်ခံချက်လက်မှတ်ရရှိရန် အမြန်ကူညီပေးစေလိုကြောင်း မြန်မာနိုင်ငံ နာနတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းထံမှ သိရသည်။ ယခင်က မြန်မာနိုင်ငံမှ ထွက်ရှိသည့် နာနတ်သီးကို တရုတ်နိုင်ငံသို့ ၅၀ ရာခိုင်နှုန်း တင်ပို့ပြီး ပြည်တွင်း၌ ၅၀ ရာခိုင်နှုန်း ဖြန့်ဖြူးရောင်းချပေးလျှက်ရှိသည်။

 

ထို့ကြောင့် နယ်စပ်ကုန်သွယ်ရေး(Boder Trade)အနေဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့သာ တင်ပို့ခွင့်ရရေး နာနတ်သီးစိုက်တောင်သူများ လိုလားလျှက်ရှိကြောင်း မြန်မာနိုင်ငံနာနတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ အတွင်းရေးမှူး စိုင်းကျော်ညွန့် က ပြောသည်။

 

"ကျွန်တော်တို့က တရုတ်ပြည်ကို ပိုပြီးမက်တာ၊ ဘာကြောင့်လည်းဆိုတော့ တရုတ်ပြည်က ပွဲစား တစ်ယောက်ဆိုရင် ကျွန်တော်တို့ တစ်ရက်ကို ၁၂ ဘီးကား အစီး ၂၀ ယူတဲ့ ပွဲစားတောင်ရှိတယ်၊ ကျွန်တော်တို့ ၂၀၁၉ မတိုင်မီ ကျွန်တော်တို့ ဆယ်နှစ်လောက်က သူတို့ကို ရောင်းထားတာလေ၊ ပြောချင် တာကတော့ တရုတ်ပြည်လမ်းကြောင်းလေး ပွင့်အောင်ပဲ ဝိုင်းဝန်းကြိုးပမ်းရင်တော့ တခြားနိုင်ငံတွေကို ကျွန်တော်တို့ရောင်းမှာထက် ပိုပြီးတော့ အဆင်ပြေနိုင်မယ်ထင်တယ်"ဟု စိုင်းကျော်ညွန့် က ပြောသည်။

 

လက်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းတို့ ပူးပေါင်း၍ စင်ကာပူနိုင်ငံမှတစ်ဆင့် အခြားနိုင်ငံများသို့ နာနတ်သီးတင်ပို့ရောင်းချရန် နာနတ်သီး နမူနာများ ရယူပြသပြီး ဈေးကွက်ရှာဖွေနေသည့်အပြင် ပြည်တွင်းတွင်လည်း တိုက်ရိုက်ရောင်းချသည့်စနစ်ဖြင့် ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံအနေဖြင့် နာနတ်သီးကိုတရုတ်သို့ နှစ်စဉ်ပျမ်းမျှ တန် ၄၀,၀၀၀ နီးပါးတင်ပို့နေပြီး ပြီးခဲ့သည့်နှစ် ရှမ်းမြောက်နာနတ်အုပ်စုမှာ နာနတ်သီး တန်ချိန် ၂၅၀၀၀ အတွက် သိန်းပေါင်း ၇၀၀၀ ကျော်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ယခုနှစ်တွင်လည်း နာနတ်သီးကို မြန်မာတစ်နိုင်ငံလုံး စိုက်ဧက ၃၅၀၀၀ ခန့်ရှိပြီး သီပေါတွင် ၅၅ ရာခိုင်နှုန်း၊ လားရှိုးတွင် ၁၇ရာခိုင်နှုန်း၊ တန့်ယန်းတွင် ၉ ရာခိုင်နှုန်း၊ ဆိုက်ခေါင်တွင် ၆ ရာခိုင်နှုန်း၊ မိုင်းကိုင်၊ နမ့်ဆန်နှင့် အခြားဒေသများတွင် ၁၃ ရာခိုင်နှုန်းခန့် ရှိကာ နာနတ်သီးမှာ ယခုဇွန်လမှစတင်ကာ ဇူလိုင်၊ ဩဂုတ်တွင် လှိုင်လှိုင်ထွက်ပေါ်မည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် တရုတ်သို့ မတင်ပို့နိုင်ပါက ပြီးခဲ့သည့်နှစ်ထက် အရှုံးပိုများနိုင်ကြောင်း စိုင်းကျော်ညွှန့် က ထပ်မံ ပြောကြားသည်။

 

နာနတ်စိုက်ပျိုးသူ တောင်သူများအနေဖြင့် တစ်ဧက ဒေသစိုက်ဆိုပါက အပင် ၆၀၀၀ မှ ၁၀၀၀၀ ကြားဆန့်ပြီး နည်းစနစ်သစ်နှင့် စိုက်ပျိုးပါက အပင် ၁၅၀၀၀ ထိဆံ့ကာ ပျမ်းမျှတစ်ဧကကို စိုက်စားရိတ် ၁၀ သိန်းပါတ်ချာလည်ရှိကြောင်း၊ ယခင် တရုတ်ကိုတင်ပို့ပါက အခင်းဈေး တစ်လုံးကျပ် ၃၅၀ မှ ၇၅၀ ကျပ်အထိပေါက်ခဲ့ပြီး ပျမ်းမျှ တစ်ဧက ၂၅ သိန်းခန့် ရသဖြင့် တွက်ခြေကိုက်ကြောင်း၊ ယခင် တရုတ်နိုင်ငံမှ တစ်ရက်လျှင် တန် ၃၀၀ မှ ၅၀၀ အထိ အဝယ်ရှိကြောင်း သိရသည်။

 

သို့ဖြစ်၍ နာနတ်စိုက်ပျိုးသူ တောင်သူများအတွက် အနည်းဆုံး တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) စာရင်းတွင် မပါသေးသော်လည်း ယူနန်နှင့် ရောင်းဝယ်ခွင့်စာရင်းတွင် ပါဝင်အောင် အထူးညှိနှိုင်းပေးရန်၊ COVID ချေးငွေကို နာနတ်ကဏ္ဍ အကျုံးဝင်အောင် ထည့်ပေးနိုင်ရန်၊ တန်ဘိုးမြှင့်ထုတ်ကုန်ဈေးကွက် ရုတ်တရက်မသေချာသော်လည်း နာနတ်သီးအနှစ်တိုက်အေးခဲခြင်းနှင့် ဖျော်ရည်လုပ်ငန်း၊ နာနတ်ရှာလကာရည်လုပ်ငန်းမှာ ခပ်မြန်မြန်ရင်းနှီးထားနိုင်ရေး နှစ်ရှည်ချေးငွေရရန်၊ စင်ကာပူနှင့် အခြားဈေးကွက်များကို ဇူလိုင်၊ ဩဂုတ်အတွင်း တင်ပို့ပေးနိုင်မည့်။

 

MDN

Read times
Rate this item
(0 votes)