Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ချက်သူရှားနေတဲ့ ထန်းလျက်

ထန်းလျက်ဈေးက မနှစ်က ဒီအချိန်မှာ တစ်ပိဿာလျှင် ကျပ် ၁၂၀၀ ဈေးရှိခဲ့ရာက ယခုနှစ်မှာတော့ ကျပ်

၂၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့ပေမယ့်လည်း ထန်းလျက်ချက်သူတွေအတွက် အမြတ်နည်းတာကြောင့် ထန်းတက်သူရှားပါးနေတယ်လို့ သိရပါတယ်။

 

ဒီအချိန်က ထန်းရည်လှိုင်လှိုင်ပေါနေတဲ့အချိန်ဖြစ်ပြီးတော့ ထန်းရည်ခံရာမှာ အသုံးပြုတဲ့ ထန်းမြေအိုး အိုးကြိုး၊ ရင်းထောင်တို့ကို တစ်နှစ်တစ်ခါ လဲလှယ်ရတဲ့ အဖိုးအခများအပြင် ထန်းလျက်ချက်ရာမှာလည်း ထင်းဖိုး၊ ထုံးဖိုး၊ အကုန်အကျများတာကြောင့် ထန်းလျက်ချက်သူရှားပါးလာကြောင်း သိရပါတယ်။

 

ထန်းလျက်ချက်ဖို့ ထင်းဝယ်ယူရာမှာလည်း တစ်စီးတိုက်ကို ငွေကျပ် ၁၀၀၀၀ နဲ့ ၀ယ်ယူရပြီး ထန်းလျက်ရဖို့ ထန်းရည်ကို တစ်နေကုန်အောင်ချက်ရတယ်လို့လည်း သိရပါတယ်။

 

အရင်က ထန်းလျက်ဈေး အခုလောက်မကောင်းသေးဘူး။ တစ်ပိဿာကို ကျပ် ၅၀၀ နဲ့ ကျပ် ၆၀၀ ဈေးလောက်ပဲ ရှိကြောင်း အဲဒီတုန်းက ထန်းလျက်ချက်တဲ့သူတွေက ထင်းဖိုးမတတ်နိုင်တော့ အမှိုက်တွေဝယ်၊ သစ်စက်ကသစ်မှုန့်တွေဝယ်ပြီးတော့ မီးဆိုက်ကြရတယ်။ အဲဒီကတည်းက ထန်းလျက်ကို စိတ်ကုန်သွားကြပြီး ထန်းလျက်လုပ်ငန်းသိပ်မလုပ်ကြတော့ကြောင်း ထန်းလျက်ချက်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

Source: Kumudra

Read 2623 times Last modified on Tuesday, 18 September 2018 13:40
Rate this item
(0 votes)