Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆိပ်ကမ်းကုန်ကျစရိတ်မြင့်မားမှုက ဆန်တင်ပို့မှုဈေးကွက်အပေါ် သက်ရောက်နေ

မြန်မာနိုင်ငံရှိ ဆိပ်ကမ်းကုန်ကျစရိတ်မှာ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက

များစွာ မြင့်မားလျက်ရှိပြီး ယင်းအခြေအနေက ပြည်ပဆန်တင်ပို့မှုဈေးကွက်အပေါ် သက်ရောက်မှုများရှိနေကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်အတွင်းရေးမှူး၏ ပြောကြားချက်အရ သိရပါတယ်။

 

ဆိပ်ကမ်းစရိတ်မြင့်မားနေခြင်းကြောင့် နိုင်ငံတကာနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်သော အခြေအနေမျိုးဖြစ်စေ ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က လိုအပ်သော လေ့လာအကြံပြုမှုများလုပ်ဆောင်၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

ပြည်ပနိုင်ငံများမှ ဆန်ဝယ်လက်များသည် ပါကစ္စတန်၊ အိန္ဒိယ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၌ ၀ယ်ယူရာတွင် အဆင်မပြေသည့်အခါမှသာ မြန်မာနိုင်ငံမှ ဆန်ဝယ်ယူရန် စဉ်းစားလေ့ရှိကြပြီး ဈေးလျှော့ကာဝယ်ယူခြင်းများလည်း ရှိလာကြောင်း သိရပါတယ်။

 

ထိုသို့ ဈေးလျှော့ ၀ယ်ယူလာသော အခြေအနေများကြောင့် မြန်မာနိုင်ငံမှ ထွက်ရှိသော ဆန်သည် အဆိုပါ နိုင်ငံများရှိ ဆန်နှင့် နှိုင်းယှဉ်ပါက အမျိုးအစားတူ၊ အရည်အသွေးချင်းတူညီသော်လည်း ဈေးနှုန်းအားဖြင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၀ မှ ၃၀ ခန့်အထိ လျော့နည်းလေ့ရှိကြောင်း သိရပါတယ်။

 

ဆိပ်ကမ်းကုန်ကျစရိတ်မှာ ရန်ကုန်ဆိပ်ကမ်း၌ တန် ၂၀၀၀၀ သင်္ဘောတစ်စင်းအတွက် အမေရိကန်ဒေါ်လာ ၁၄၅၀၀၀ ကျသင့်ပြီး ပါကစ္စတန်နိုင်ငံ၌ အမေရိကန်ဒေါ်လာ ၁၁၀၀၀၀၊ အိန္ဒိယနိုင်ငံ၌ အမေရိကန်ဒေါ်လာ ၇၅၀၀၀၊ ထိုင်းနိုင်ငံ၌ အမေရိကန်ဒေါ်လာ ၆၅၀၀၀ နှင့် ဗီယက်နမ်နိုင်ငံ၌ အမေရိကန်ဒေါ်လာ ၆၀၀၀၀ နှုန်း သာ ကျသင့်ကြောင်း သိရပါတယ်။

Read 799 times Last modified on Tuesday, 18 September 2018 14:36
Rate this item
(0 votes)