Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မူဆယ်တွင် ဖရဲ၊ သခွားမွှေး အရောင်းပြန်သွက်

Unicode


မူဆယ်တွင် ဖရဲ၊ သခွားမွှေး အရောင်းပြန်သွက်


မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ဖရဲ၊ သခွားမွှေးများ ပြန်လည်အရောင်းသွက်လာကြောင်း မူဆယ်ရှိ သစ်သီးပွဲရုံများထံမှ သိရပါတယ်။

 

"ဖရဲက ပုံမှန်ဈေးတန်းနဲ့ သခွားကလည်း အရောင်းသွက်လာသလို အသင့်အတင့်ဈေးနဲ့ ရောင်းလာရပါပြီ။ ရွှေသခွားဈေးကွက်ကတော့  ဒီဇင်ဘာ ၃ ရက်ကစပြီး ဈေးကွက်အသစ်တစ်ခုစဖွင့်တော့ မှာပါ " ဟု သစ်သီးကုန်သည်တစ်ဦးက ပြောကြားခဲ့ပါတယ်။

 

ဒီဇင်ဘာလ ၂ ရက်နေ့တွင် မူဆယ် ကုန်သွယ်ရေးဇုန်သို့ ဖရဲကားအစီးရေ ၁၁၈ စီး၊ ဂျပ်ဖာ ၉၂ ဖာနှင့် သခွားမွှေးကားအစီးရေ ၅၉ စီး ဝင်ရောက်ပြီး ၈၅၅ ဖရဲရောင်းတမ်းဝင် ၁၅ တန်စီးပြတ်ဈေးမှာ တရုတ်ငွေ ယွမ် ၁၅၀၀ မှ ၂၅၀၀၊ အသေးစ ၁၅ တန်စီးပြတ်ဈေးမှာ ယွမ် ၁၃၀၀ မှ ၁၅၀၀၊ အညံ့စီးပြတ် ၁၅ တန် စီးပြတ်ဈေးမှာ ယွမ် ၃၀၀၀ မှ ၇၀၀၀ ပေါက်ဈေးရှိကြောင်း ယင်းပွဲရုံများထံမှ သိရပါတယ်။

 

Read More >>>>>   ခ်ဥ္ေပါင္မ်ဳိးေစ့မ်ား ေစ်းေကာင္းေသာေၾကာင့္ စီးပြားျဖစ္ စုိက္ပ်ဳိးသူမ်ားလာ

 

"ဒီနေ့အရောင်းအဝယ်က ဈေးနည်းနည်းပြန်တက်လာတယ်။ ဖရဲသီးရော၊ သခွားရော ပေါ်ခါစက ဈေးနည်းနည်းတက်တယ်။ ပြီးတော့တစ်လလုံးကျသွားတာ အခုပြန်တက်တယ်" ဟု ခွာညိုသစ်သီးပွဲရုံမှ မန်နေဂျင်း ဒါရိုက်တာ ဦးစိုင်းခင်မောင်က ပြောကြားခဲ့ပါတယ်။

 

ထို့ပြင် အဖြူသီး ၁၅ တန်စီးပြတ်ဈေးမှာ ယွမ် ၁၅၀၀၀ မှ ၂၅၀၀၀၊ အညံ့စီးပြတ်ဈေးမှာ ယွမ် ၅၀၀၀ မှ ၁၀၀၀၀၊ ထဲန်ဝမ်/အစေ့မဲ့ တစ်တန်လျှင် ယွမ် ၂၈၀၀ မှ ၃၂၀၀၊ အသေးစများမှာ ယွမ် ၁၆၀၀ မှ ၂၃၀၀ ပေါက်ဈေးရှိပြီး ရွှေဝါသခွားတစ်ကီလိုလျှင် ယွမ် ၁ ဒသမ ၅ ယွမ်မှ ၂ ဒသမ ၃ ယွမ်ပေါက်ဈေးရှိကြောင်း သိရပါတယ်။

 

Source: The Voice

 

 

 

မူဆယ္တြင္ ဖရဲ၊ သခြားေမႊး အေရာင္းျပန္သြက္

 

မူဆယ္ ၁၀၅ မိုင္ ကုန္သြယ္ေရးဇုန္တြင္ ဖရဲ၊ သခြားေမႊးမ်ား ျပန္လည္အေရာင္းသြက္လာေၾကာင္း မူဆယ္ရွိ သစ္သီးပြဲ႐ံုမ်ားထံမွ သိရပါတယ္။

 

"ဖရဲက ပံုမွန္ေစ်းတန္းနဲ႕ သခြားကလည္း အေရာင္းသြက္လာသလို အသင့္အတင့္ေစ်းနဲ႕ ေရာင္းလာရပါၿပီ။ ေရႊသခြားေစ်းကြက္ကေတာ့  ဒီဇင္ဘာ ၃ ရက္ကစၿပီး ေစ်းကြက္အသစ္တစ္ခုစဖြင့္ေတာ့ မွာပါ " ဟု သစ္သီးကုန္သည္တစ္ဦးက ေျပာၾကားခဲ့ပါတယ္။

 

ဒီဇင္ဘာလ ၂ ရက္ေန႕တြင္ မူဆယ္ ကုန္သြယ္ေရးဇုန္သို႕ ဖရဲကားအစီးေရ ၁၁၈ စီး၊ ဂ်ပ္ဖာ ၉၂ ဖာႏွင့္ သခြားေမႊးကားအစီးေရ ၅၉ စီး ဝင္ေရာက္ၿပီး ၈၅၅ ဖရဲေရာင္းတမ္းဝင္ ၁၅ တန္စီးျပတ္ေစ်းမွာ တ႐ုတ္ေငြ ယြမ္ ၁၅၀၀ မွ ၂၅၀၀၊ အေသးစ ၁၅ တန္စီးျပတ္ေစ်းမွာ ယြမ္ ၁၃၀၀ မွ ၁၅၀၀၊ အညံ့စီးျပတ္ ၁၅ တန္ စီးျပတ္ေစ်းမွာ ယြမ္ ၃၀၀၀ မွ ၇၀၀၀ ေပါက္ေစ်းရွိေၾကာင္း ယင္းပြဲရံုမ်ားထံမွ သိရပါတယ္။

 

Read More >>>>>   ခ်ဥ္ေပါင္မ်ဳိးေစ့မ်ား ေစ်းေကာင္းေသာေၾကာင့္ စီးပြားျဖစ္ စုိက္ပ်ဳိးသူမ်ားလာ

 

"ဒီေန႕အေရာင္းအဝယ္က ေစ်းနည္းနည္းျပန္တက္လာတယ္။ ဖရဲသီးေရာ၊ သခြားေရာ ေပၚခါစက ေစ်းနည္းနည္းတက္တယ္။ ၿပီးေတာ့တစ္လလံုးက်သြားတာ အခုျပန္တက္တယ္" ဟု ခြာညိဳသစ္သီးပြဲ႐ံုမွ မန္ေနဂ်င္း ဒါ႐ိုက္တာ ဦးစိုင္းခင္ေမာင္က ေျပာၾကားခဲ့ပါတယ္။

 

ထုိ႕ျပင္ အျဖဴသီး ၁၅ တန္စီးျပတ္ေစ်းမွာ ယြမ္ ၁၅၀၀၀ မွ ၂၅၀၀၀၊ အညံ့စီးျပတ္ေစ်းမွာ ယြမ္ ၅၀၀၀ မွ ၁၀၀၀၀၊ ထဲန္ဝမ္/အေစ့မဲ႕ တစ္တန္လွ်င္ ယြမ္ ၂၈၀၀ မွ ၃၂၀၀၊ အေသးစမ်ားမွာ ယြမ္ ၁၆၀၀ မွ ၂၃၀၀ ေပါက္ေစ်းရွိၿပီး ေရႊဝါသခြားတစ္ကီလိုလွ်င္ ယြမ္ ၁ ဒသမ ၅ ယြမ္မွ ၂ ဒသမ ၃ ယြမ္ေပါက္ေစ်းရွိေၾကာင္း သိရပါတယ္။

 

Source: The Voice

Read times Last modified on Tuesday, 04 February 2020 17:07
Rate this item
(0 votes)