Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ဆန် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရေး သွားရောက် ဆွေးနွေးမည်

မြန်မာ့ဆန်များ တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရေးအတွက် နှစ်နိုင်ငံကြား ကုန်စည်ဖလှယ်သော စနစ်(ဘာတာ) ဖြင့် ဆောင်ရွက်နိုင်ရေးကို မေ ၃ဝ ရက်တွင် မြန်မာနိုင်ငံမှ    ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ သွားရောက် ဆွေးနွေးကာ မြန်မာ့ဆန်ဈေးကွက် ပြန်လည်ရရှိရေး 

ဆောင်ရွက်မည်ဖြစ်ကြောင်း မေ ၂၇ ရက်က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲမှ သိရပါတယ်။

 

ဆန်စပါးဈေးကွက် ပြန်လည်ရရှိရေးနှင့် တရားဝင် တင်ပို့နိုင်ရေးကိစ္စ၊ ပြည်တွင်းစပါး ဈေးနှုန်း ကျဆင်းနေမှုအပေါ် တချို့ဒေသများတွင်  ဆန္ဒဖော်ထုတ်ပွဲများ  ပြုလုပ်နေသည့် ကိစ္စများနှင့် ပတ်သက်၍   မြန်မာနိုင်ငံဆန် စပါး အသင်းချုပ် (MACO)အနေဖြင့်   ဗဟို အလုပ်အမှုဆောင်၊    အလုပ်အမှုဆောင် ကော်မတီများ၏    ပူးပေါင်းညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို  UMFCCI ၌ကျင်းပခဲ့ပြီး   သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

 

''ဘာတာစနစ်နဲ့  ဆန်ရောင်းဝယ်ဖို့ မေ ၃ဝ ရက်မှာ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ တစ်ဖွဲ့  တရုတ်နိုင်ငံကို သွားရောက်ဆွေးနွေးပါမယ်။ တရုတ်နိုင်ငံကို ဆန်တရားဝင် တင် သွင်းမယ်ဆိုရင် ပိုးမွှားနဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေ၊  ဆန်စက်ရုံတွေမှာ  လုပ်သားနဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေ လုပ်ရမယ်။  ပြီးရင် တရုတ်နိုင်ငံကို   တင်သွင်းနိုင်တဲ့  ဆန်စက်ရုံတွေနဲ့  ကြိတ်ခွဲနိုင်တဲ့ နေရာတွေပါ  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက် မှာ ရှိတဲ့ ပိုးမွှားကာကွယ်ရေး ဦးစီးဌာနကနေ အသိအမှတ်ပြုတဲ့ စာရင်းကို ပို့ပေးရမယ်။ဒီစာရင်းကို  အစိုးရဘက်က လုပ်ရင် နှောင့်နှေးမှာဖြစ်တဲ့အတွက် အခုခါမှာ ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခု ကြားခံအဖွဲ့ကို တာဝန်ပေးပြီး စစ်ခိုင်းနေတာ ၇ဝ ရာခိုင်နှုန်းကျော်လောက် ပြီးနေပြီ။ စစ်ဆေး အောင်မြင်ချက်တွေကို တရုတ်နိုင်ငံ ပေကျင်းအစိုးရကို ပို့ပေးမယ်။ ဒီစာရင်းရတာနဲ့ တရုတ်နိုင်ငံကို  တရားဝင် ဆန်တင်ပို့တဲ့  လုပ်ငန်းတွေ စတင်တော့မှာပါ'' ဟု  MACO  ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦး ကပြောကြားခဲ့ပါတယ်။

 

Read More >>>>>  ဇွန်လမှ စတင်ပြီး မြန်မာ့ပဲများ အိန္ဒိယကို ကိုတာစနစ်ဖြင့် တင်ပို့တော့မည်

 

ဘာတာစနစ်သစ်တစ်ခု ဖော်ဆောင်ရာတွင် တရုတ်နိုင်ငံ အနေဖြင့်သာ အဓိကကျပြီး မြန်မာနိုင်ငံ အနေဖြင့် ကုန်သွယ်မှုနှင့် ပတ်သက်လျှင် Free ဖြစ်ကြောင်း၊ မည်သည့် အခြေအနေမျိုးတွင်မဆို မြန်မာ့ဆန်များ ရောင်းချနိုင်ရေး သာလျှင် အဓိကဖြစ်ပြီး ဝယ်ယူမည့် နိုင်ငံ၏ မူဝါဒနှင့်  In Line ဖြစ်ရန် လိုအပ်ကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Thursday, 30 May 2019 09:46
Rate this item
(1 Vote)