Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကျောက်ပန်းတောင်း မြို့နယ်ထွက် ကြက်သွန်နီများ စျေးနှုန်းမြင့်တက်နေ

Unicode ဖြင့်ဖတ်ရန်

 

ကျောက်ပန်းတောင်း မြို့နယ်ထွက် ကြက်သွန်နီများ စျေးနှုန်းမြင့်တက်နေ

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အရှေ့ဘက် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင် ဒေသထွက် ကြက်သွန်နီများ သီတင်းကျွတ်လ အတွင်း တစ်ပိဿာ ငွေကျပ်  ၃၅ဝ အထိ   စျေးနှုန်းတက်ကြောင်း   ချိုကြီး ကြက်သွန်ပွဲရုံပိုင်ရှင် ဦးမြင့်ချိုထံမှ သိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်   ပတ်ဝန်းကျင် ကျေးရွာများသည် ကြက်သွန်နီကို တောင်သူတိုင်းနီးပါး စိုက်ပျိုးကြပြီး တစ်နှစ်လုံး၏ အဓိက ထွက်ကုန်မှာ ကြက်သွန်နီဖြစ်သည်။

 

Baking Powders မုန့်ဖုတ်ဆော်ဒါလုပ်ငန်းပေါင်း ၂၅ ခုကိုရှာရန်နှိပ်ပါ။

 

ကြက်သွန်နီစိုက်ပျိုးရာတွင် ကြက်သွန်ပျိုးစေ့(မျိုးစေ့) ထောင်သည့်အချိန်မှ ကြက်သွန်ပေါ်ပြီး ပြန်ရောင်းချိန်အထိ တစ်နှစ်ကျော် အချိန်ယူရသည်။   ကြက်သွန်ပျိုးထောင်ချိန် ဖြစ်သည့် သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် ကြက်သွန်ပျိုးစေ့(မျိုးစေ့)များကို ပေါင်ခတ်ကာ  ပျိုးစတင်ထောင်ကြ သည်။    ပျိုးထောင်သက်တမ်း ၄၅ ရက်ကြာလျှင် စိုက်ခင်းအတွင်းရွှေ့ပြောင်းစိုက် ကြရသည်။  စိုက်ခင်းထဲ ရွှေ့ပြောင်းစိုက်ပျိုးပြီး ရက်ပေါင်း ၁ဝဝ ကျော်လျှင် ကြက်သွန်နှုတ်သိမ်းပြီး ကြက်သွန် လှောင်စင်များ ပေါ်တင်ကာ  လှောင်ထားကြကြောင်း  သိရသည်။

 

ပေါ်ဦးပေါ်ဖျားကြက်သွန်နီများ စျေးကောင်းချိန်နှင့်ကြုံပါက နှုတ်ပြီး တန်းရောင်းလေ့ ရှိပြီး စျေးမကောင်းပါက လှောင်စင်များတွင် လှောင်ထားလေ့ရှိသည်။ ကြက်သွန်စျေးတက်သည့် လဖြစ်သည့် တော်သလင်းလနှင့် သီတင်းကျွတ် လတို့တွင် ကြက်သွန်လှောင်သူ အများစုက   စျေးကောင်းရသဖြင့်  ထုတ်ရောင်းကြသည်။

 

ကြက်သွန်နီပေါ်ခါစတွင် တစ်ပိဿာငွေကျပ် ၅ဝဝ နှင့်    ၆ဝဝ ကြားရှိရာမှ တော်သလင်းလတွင် ကြက်သွန်နီစျေးနှုန်း ငွေကျပ် ရဝဝ တက်လာပြီး   သီတင်းကျွတ် လတွင်   ငွေကျပ် ၁ဝဝဝ အထိ   တက်လာ ကြောင်း၊ တစ်လ အတွင်း ငွေကျပ် ၃ဝဝ အထိ တက်လာခြင်းကြောင့် ကြက်သွန်စိုက် တောင်သူများအနေဖြင့်   လှောင်ထားသည့် ကြက်သွန်များကို  ထုတ်ရောင်းကြကြောင်း  သိရသည်။

 

Source: Myawady

 

 

 

ကျောက်ပန်းတောင်း မြို့နယ်ထွက် ကြက်သွန်နီများ ဈေးနှုန်းမြင့်တက်နေ

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အရှေ့ဘက် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင် ဒေသထွက် ကြက်သွန်နီများ သီတင်းကျွတ်လ အတွင်း တစ်ပိဿာ ငွေကျပ်  ၃၅ဝ အထိ   ဈေးနှုန်းတက်ကြောင်း   ချိုကြီး ကြက်သွန်ပွဲရုံပိုင်ရှင် ဦးမြင့်ချိုထံမှ သိရသည်။

 


 

Baking Powders မုန့်ဖုတ်ဆော်ဒါလုပ်ငန်းပေါင်း ၂၅ ခုကိုရှာရန်နှိပ်ပါ။

 


 

ပေါ်ဦးပေါ်ဖျားကြက်သွန်နီများ ဈေးကောင်းချိန်နှင့်ကြုံပါက နှုတ်ပြီး တန်းရောင်းလေ့ ရှိပြီး ဈေးမကောင်းပါက လှောင်စင်များတွင် လှောင်ထားလေ့ရှိသည်။ ကြက်သွန်ဈေးတက်သည့် လဖြစ်သည့် တော်သလင်းလနှင့် သီတင်းကျွတ် လတို့တွင် ကြက်သွန်လှောင်သူ အများစုက   ဈေးကောင်းရသဖြင့်  ထုတ်ရောင်းကြသည်။

 

Read More >>>>>  ပြည်ပမှ ငရုတ်အဝယ်များလာသဖြင့် စိုက်ပျိုးသူများလာ

 

ကြက်သွန်နီပေါ်ခါစတွင် တစ်ပိဿာငွေကျပ် ၅ဝဝ နှင့်    ၆ဝဝ ကြားရှိရာမှ တော်သလင်းလတွင် ကြက်သွန်နီဈေးနှုန်း ငွေကျပ် ၇ဝဝ တက်လာပြီး   သီတင်းကျွတ် လတွင်   ငွေကျပ် ၁ဝဝဝ အထိ   တက်လာ ကြောင်း၊ တစ်လ အတွင်း ငွေကျပ် ၃ဝဝ အထိ တက်လာခြင်းကြောင့် ကြက်သွန်စိုက် တောင်သူများအနေဖြင့်   လှောင်ထားသည့် ကြက်သွန်များကို  ထုတ်ရောင်းကြကြောင်း  သိရသည်။

 

Source: Myawady

 

Read times Last modified on Thursday, 13 February 2020 08:23
Rate this item
(0 votes)