Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းမှ တင်သွင်းလာသည့် ထောပတ်မျိုးများကို တိုးချဲ့စိုက်ပျိုးရန်စီစဉ်

ထိုင်းနိုင်ငံမှ တင်သွင်း သည့် Hass ထောပတ်မျိုးများကို ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်မြို့ တွင် စိုက်ပျိုးရန်စီစဉ်နေကြောင်း ရှမ်းပြည်နယ် ထောပတ်

သီးအ သင်းဥက္ကဋ္ဌ ဦးခွန်ထွန်းထွန်းဝင်း ကပြောသည်။

 

ပြည်တွင်းရှိ ထောပတ်သီး မျိုးများကိုလည်း စိုက်ပျိုးမည်ဖြစ် ပြီး Hass ထောပတ်သီးမျိုးကို အ များဆုံးစိုက်ပျိုးမည်ဟု ၎င်းကဆို သည်။

 

‘‘ဒီနှစ်ဘယ်လောက်ထိ တိုး ချဲ့စိုက်ပျိုးဖြစ်မယ်ဆိုတာတော့ အတိအကျ ပြောလို့မရသေးပါ ဘူး။ အများဆုံးစိုက်ပျိုးဖြစ်မှာက တော့ ရှမ်းပြည်နယ်နဲ့ပြင်ဦးလွင် မြို့မှာပါ’’ ဟု ဦးခွန်ထွန်းထွန်းဝင်း က ပြောသည်။

 

လက်ရှိတွင် ပျိုးထားသည့် ထောပတ်ပင်ပျိုးများကို ဇူလိုင် နှင့် ဩဂုတ်အတွင်းစိုက်ပျိုးမည် ဖြစ်ပြီး ဩဂုတ်လကုန်ပိုင်းမှ တိုးချဲ့စိုက်ပျိုးထားသည့်စိုက်ဧကကို တိတိကျကျပြောနိုင်မည်ဖြစ် ကြောင်း ၎င်းကဆိုသည်။

 

‘‘အခုရှမ်းပြည်နယ်မှာ ထော ပတ်ပင်တွေ အများကြီးတိုးချဲ့ စိုက်ပျိုးလာကြပါတယ်။ စီးပွား ဖြစ်စိုက်ပျိုးသူတွေ များလာပါ တယ်။ နောက်သုံးနှစ်လောက်ဆို ရင် ထောပတ်သီးတွေအရှိန်အ ဟုန်နဲ့ သီးလာတော့မှာပါ’’ ဟု ရှမ်းပြည်နယ် သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအ သင်းဥက္ကဋ္ဌဦးခင်အောင်က ပြော သည်။

 

ယင်းထောပတ်မျိုးသည်သုံး နှစ်အတွင်း အသီးသီးကာ ကမ္ဘာ့ ဈေးကွက်တွင် လူကြိုက်များပြီး ဈေးကွက်ရရှိပြီးဖြစ်ကြောင်း ဦး ခွန်ထွန်းထွန်းဝင်းက ပြောသည်။

 

မြန်မာနိုင်ငံတွင် ထောပတ် သီးပင်များကို ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မန္တလေးတိုင်းပြင် ဦးလွင်မြို့၌ အများဆုံးစိုက်ပျိုးပြီး ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင်လည်း စိုက်ပျိုးသည်။

 

မြန်မာနိုင်ငံတွင် စိုက်ပျိုး သည့် ထောပတ်သီးမျိုးကွဲတစ် ထောင်ကျော်ရှိပြီး လက်ရှိ၌အသီး ထွက်ရှိနေသော ငါးနှစ်နှင့်အ ထက်ရှိသည့် ထောပတ်သီးပင် စိုက်ဧက လေးထောင်ကျော်မှ ငါး ထောင်အထိရှိပြီး ငါးနှစ်အောက် ထောပတ်သီးပင်စိုက်ဧက သုံး သောင်းခန့်ရှိကြောင်း ထောပတ် သီးအသင်းစာရင်းများတွင် ဖော် ပြထားသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 13:18
Rate this item
(0 votes)