Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်ဈေးကွက်ရှိ နို့မှုန့်နှင့်ဖြည့်စွက်စာ ၇ ရာခိုင်နှုန်းခန့် FDA သတ်မှတ်ချက်နှင့် မကိုက်ညီဟုဆို

ရန်ကုန်ဈေးကွက်တွင် ရောင်းချ နေသော နို့မှုန့်နှင့်အခြား ဖြည့်စွက်စာ ၇ ရာခိုင်နှုန်းခန့်သည် FDA

(အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးညွှန်ကြားမှုဦးစီးဌာန) သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိ သည်ကို တွေ့ရကြောင်း FDA ရန်ကုန်ရုံးခွဲမှ ဒေါက်တာဥမ္မာ စိုးဝင်းက ပြောသည်။

 

၎င်းတို့အနေဖြင့် ပြီးခဲ့သည့် ၂၀၁၇ က ရန်ကုန်ရှိ ဈေးဝယ်စင်တာများတွင် ရောင်းချနေသော နို့မှုန့်နှင့် အခြားဖြည့်စွက်စာ နမူနာ ၈၇ ခုကို ကောက်ယူစစ်ဆေးခဲ့ရာ နမူနာ ၁၁ ခုတွင် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရှိရ သည်။

 

‘‘အားလုံး နီးပါးကတော့ မြန်မာ ဘာသာစကားမပါတာ တော့ သေချာတယ်။ ဌာနဆိုင်ရာ စစ်ပြီးတော့မှ တင်သွင်းလာတာ မဟုတ်ဘူးဆိုတာ သေချာတယ်။ အန်တီတို့အနေနဲ့က တင်ရောင်း ချတဲ့နေရာကိုလည်း အကြောင်း ကြားမယ်။

 

သူတို့မှာလည်း အဖွဲ့ အစည်းတွေရှိပါတယ်။ နောက် ပြီး သွင်းလာတဲ့သူကို သိတယ်ဆို လည်း ဆက်လက်ပြီးတော့ ဒီဟာ တွေကို လိုက်နာမှုရှိအောင်ဆောင် ရွက်သွားပါမယ်’’ဟု ဒေါက်တာ ဥမ္မာစိုးဝင်းက ပြောသည်။

 

(၂)နှစ်အောက်ကလေးများ ကို တိုက်ကျွေးသော နို့မှုန့်နှင့် အခြား ဖြည့်စွက်စာများတွင် FDA က သတ်မှတ်ထားသော အမှတ် တံဆိပ် ဖော်ပြချက်များဖြစ်သည့် မြန်မာဘာသာစကား၊ တင်သွင်း၊ ထုတ်လုပ်သည့် ကုမ္ပဏီလိပ်စာ၊ ဖုန်းနံပါတ်၊ ပါဝင်ပစ္စည်းတို့ထည့်သွင်းဖော်ပြထားခြင်း ရှိ၊ မရှိနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ၂၀၁၄ တွင် ထုတ် ပြန်ထားသော နို့စို့ကလေးနှင့် ကလေးငယ်အတွက် ဖော်စပ် ထုတ်လုပ်ထားသည့် အစားအ သောက်များ ဈေးကွက်တင်ခြင်း ဆိုင်ရာ အမိန့်ကြော်ငြာစာအတိုင်း လိုက်နာမှုရှိ၊ မရှိစစ်ဆေးခဲ့သည်။

 

‘‘Label (အမှတ်တံဆိပ်) ကြည့်လိုက်ရင် သိသာတယ်။ မြန်မာဘာသာစကား ပါမယ်။ ဘယ်ကုမ္ပဏီက တင်သွင်းပါတယ် ဆိုတာပါမယ်။ ဒါမှသာ မိခင်က တစ်ခုခု Complaint တက်ချင် တက်လို့ရအောင်ပေါ့’’ ဟု ၎င်းက ပြောသည်။

 

အလားတူ ၂၀၁၇ ကပြုလုပ် ခဲ့ပြီး ၂၀၁၈ ဖေဖော်ဝါရီက ထွက် ရှိသော နိုင်ငံတစ်ဝန်း ပြုလုပ်ခဲ့ သည့် Save the Children ၏ အစီရင်ခံစာအရ မိခင်နို့ရည် အ စားထိုးနို့မှုန့် ထုတ်လုပ်မှု ဈေး ကွက်ရှယ်ယာ ၅၀ ရာခိုင်နှုန်း ကျော်ကို ပိုင်ဆိုင်ထားသော ကုမ္ပ ဏီခြောက်ခုသည် ကျင့်ဝတ်များ လိုက်နာရန် ပျက်ကွက်သည်ဟု ဖော်ပြထားသည်။

 

‘‘ကျွန်တော်တို့ဆီမှာ နို့မှုန့် သောက်သုံးမှု အခြေအနေစစ် တမ်းတော့ မရှိဘူး။ တချို့တက် လာတယ်။ ဘာကြောင့်တက်လာ တယ်လို့ပြောလည်း ဟိုတုန်းက ဆိုရင် လွန်ခဲ့တဲ့ ငါးနှစ်မတိုင်ခင် က နို့မှုန့်ကုမ္ပဏီ နည်းနည်းလေး ပဲရှိတယ်။ အခုဆို များလာတယ်။ Brand လည်း တော်တော်များလာ တယ်။ လုံးဝမကောင်းဘူးပြော တာမဟုတ်ဘူး။ လုံးဝ မရောင်း ရဘူးလည်း ပြောတာမဟုတ်ဘူး။ ရောင်းလို့ရတယ်။ ကြော်ငြာလို့ရ တယ်။ ဥပဒေအတိုင်း လိုက်နာပြီး ကြော်ငြာပါ။ လိုက်နာပြီးရောင်း ပါပြောတာ။ ကြော်ငြာတာလွန်ရင် မိခင်နို့တိုက်ကျွေးဖို့ကို ထိခိုက်မှာ ပေါ့’’ဟု ယူနီဆက်မှ အာဟာရ ပညာရှင် ဒေါက်တာကျော်ဝင်းစိန် က သုံးသပ်သည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 16:54
Rate this item
(0 votes)