Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စားသောက်ဆိုင်တွေ အခွန်ဆောင်ဖို့အတွက် လက်ခံလာ

စားသောက်ဆိုင်တွေမှာ စားသုံးသူအများစု အခွန် ၅% ကို ပေးဆောင်လာကြပြီလို့

တချို့ဆိုင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

အစကတော့ စားသုံးသူတွေနဲ့ ပြဿနာခဏခဏဖြစ်တယ်၊ ဆိုင်ကမနည်းရှင်းပြရတယ်။ ယခုနောက်ပိုင်းတွင် အခွန်ကိစ္စ သိပ်မပြောရတော့ဘူး၊ ကျသလောက်ဆောင်သွားကြတယ်လို့ သိရပါတယ်။

အစိုးရသစ်တက်လာပြီးနောက်ပိုင်း စားသုံးသူတွေထမ်းဆောင်ရမည့် အခွန်နှုန်းထားများကို ပြည်သူတွေဘက်က တာဝန်ကျေလိုတဲ့စိတ်နဲ့ ဆောင်ကြတာလည်း ဖြစ်ကြောင်း သိရပါတယ်။

အစိုးရအနေနဲ့ကတော့ အခွန်မှရတဲ့ငွေနဲ့ ရပ်တည်ပြီး ပြည်သူတွေရဲ့ လိုအပ်ချက်ကို ကောက်ခံရရှိထားတဲ့ အခွန်ငွေအပြည့်အ၀ပြန်လည်သုံးစွဲပြီး ဖြည့်ဆည်းပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

ယခု စားသောက်ဆိုင်တွေက အခွန်ရုံးမှာ အခွန်တံဆိပ်တွေကို ကြိုတင်ဝယ်ယူထားရတာဖြစ်ပြီး အခွန်ရုံးတွင် အခွန်စာရွက်တွေဖြစ်တဲ့ ၅၀၀ တန်၊ ၂၀၀ တန်၊ ၁၀၀ တန်၊ ၅၀ တန် လေးမျိုးကို ကြိုတင်ဝယ်ယူထားကြောင်း သိရပါတယ်။

ဆိုင်နာမည်နဲ့ အခွန်တံဆိပ်ခေါင်းတွေ ကြိုဝယ်ထားရတယ်၊ ဘောင်ချာဖြတ်တာနဲ့ တံဆိပ်ခေါင်း ၅% ကို မဖြစ်မနေ ကပ်ပေးရကြောင်း သိရပါတယ်။

ရောင်းသူနဲ့ဝယ်သူ နှစ်ဦးသဘောတူ နားလည်မှုနဲ့ အခွန်မဆောင်ဘဲ အခွန်ရှောင်တာတွေလည်းရှိကြောင်း သိရပါတယ်။

Source: Kumudra

Read times Last modified on Wednesday, 19 September 2018 13:48
Rate this item
(1 Vote)