Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်သို့ ဆန်အ၀င်နည်း၍ ဈေးမြင့်တက်

ရန်ကုန်သို့ ဆန်အ၀င်နည်း၍ ဈေးမြင့်တက် google.com

သင်္ကြန်ပွဲတော်အပြီး ရန်ကုန်သို့ ဆန်အ၀င်နည်းခြင်း ကြောင့် ပြည်တွင်းဆန်ဈေးမြင့်

တက်နေသည်ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။

 

စပါးသိုလှောင်သူများခြင်း၊ ဆန်ကြိတ်ခွဲမှုမရှိဘဲ စပါးအတိုင်း ရောင်းချနေခြင်းတို့ကြောင့် ရန်ကုန်ဆန်ဈေးကွက်သို့ ဆန်အ၀င်နည်း သဖြင့် သင်္ကြန်ကာလအပြီး ဆန် ကြမ်းတစ်အိတ်လျှင် ကျပ် ၁,၀၀၀ မှ ၁,၅၀၀ ၀န်းကျင် ဈေးတက်လာသည်ဟု ၎င်းကပြောသည်။ ‘‘တောင်သူစက်ပိုင်တွေက ထိန်း ရောင်းနေတော့ ရန်ကုန်ဆန်အ၀င်က နည်းတယ်။ တရုတ်ပို့မယ့်သူနဲ့ ပင်လယ်ရေကြောင်းက ပို့မယ့်သူ တွေရဲ့ ၀ယ်လိုအားကရှိနေတော့ ဈေးတက်တာပေါ့’’ဟု ဦးသန်းဦး က ပြောသည်။

 

သင်္ကြန်ပွဲတော်အပြီး ဧပြီ ၁၉ ရက်ကစတင်၍ ဘုရင့်နောင်သို့ နေ့စဉ်ဆန်အိတ်ရေ ၂၀,၀၀၀ ၀န်းကျင်သာ ၀င်လာခြင်းကြောင့် ပုံမှန်ဆန်အ၀င်၏ ၄၀ ရာခိုင်နှုန်းခန့်ရှိသည်။ ဆန်စပါးစိုက်ပျိုးရောင်း ချသည့် တိုင်းနှင့်ပြည်နယ်စုံမှ ဘုရင့်နောင်သို့ ပုံမှန်ဆန်အ၀င် သည် တစ်ရက်လျှင် ပျမ်းမျှအိတ် ရေ ၅၀,၀၀၀ ၀န်းကျင်ရှိသည်ဟု ၎င်းက ဆိုသည်။

 

ပြည်ပတင်ပို့ရန် ဆန်ဝယ်ယူ စုဆောင်းခြင်း၊ တစ်ဆင့်ခံရောင်းချခြင်းနှင့် ပြည်တွင်းလက်လီဆန် ဈေးကွက်သို့ ရောင်းချခြင်းများကို ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်တွင် ကုန်သည်များ၊ ပွဲစားများက ဆောင်ရွက်သည်။

 

မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁ဒသမ၉ သန်းကျော်တင်ပို့ထား သည့် တရုတ်ဈေးကွက်ကိုလည်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ အဓိကဆန်ဝယ်ယူစုဆောင်းပြီး တင်ပို့သည်။ လက်ရှိဘုရင့်နောင်ကုန်စည်ဒိုင်မှ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ဆန်ကြမ်းဈေးနှုန်းသည် သင်္ကြန်အပြီး ရက်ပိုင်းအတွင်း တစ်အိတ်လျှင် ကျပ် ၂၁,၀၀၀ မှ ကျပ် ၂၃,၀၀၀ သို့ မြင့်တက်လာသည်။

 

ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံကလည်း တစ်ရက်လျှင် ဆန် အိတ်ရေ ၃၀,၀၀၀ ခန့်ဝယ်ယူနေပြီး ရှေ့ဆက်၍ ၀ယ်လိုအားတိုးလာမည်ဟု မူဆယ်မြို့မှ ဆန်ကုန်သည်အချို့က ခန့်မှန်းသည်။ ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်းဈေးနှုန်းမြင့်တက်သကဲ့သို့ ဆန်ချောတစ်အိတ်ဈေးနှုန်းကလည်း ကျပ် ၃၅,၀၀၀ မှ ကျပ် ၃၆,၅၀၀ သို့ မြင့်တက်လာသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 14:28
Rate this item
(1 Vote)