Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နိုင်ငံတကာ ကုမ္ပဏီများထံမှ ထုတ်ကုန် ကိုယ်စားလှယ်ယူရာတွင် ဆောင်ရန်၊ ရှောင်ရန်များ USAID လာရောက်ဆွေးနွေး

ပြည်တွင်းစီးပွားရေး လုပ်ငန်းများ နိုင်ငံတကာကုမ္ပဏီ များထံမှ ထုတ်ကုန်များကို ကိုယ် စားလှယ်ရယူကာ ပြန်လည်

ရောင်းချရာ၌ နစ်နာမှုမရှိစေရေး ဆောင်ရန်၊ ရှောင်ရန် အချက်များသိရှိစေရန် USAID မှ တာဝန်ရှိသူများက ဇွန်လ ၂၅ ရက်တွင် မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) သို့ လာရောက်ရှင်း လင်းပြောကြားခဲ့သည်။

 

‘‘ပုံမှန်အားဖြင့် ကိုယ်စား လှယ်ယူတယ်ဆိုရင် KFC တို့၊ McDonald တို့လို နာမည်ကြီး အ မှတ်တံဆိပ်တွေပဲ သွားမြင်ကြ တယ်။ ဒါပေမဲ့ ကိုယ်စားလှယ် ဆိုတဲ့ အဓိပ္ပာယ်က ပြည်တွင်းမှာ ရောင်းချပေးနေတဲ့ နိုင်ငံတကာ က ထုတ်ကုန်အားလုံးကို ပြောတာ ဖြစ်ပြီး လုပ်ငန်းသေးတွေကအစ နိုင်ငံတကာနဲ့ လုပ်ရင် ဘယ်လို စနစ်တွေထားရတယ်။ ဘယ်လို စာချုပ်တွေထားသင့်တယ်ဆိုတာ ကို လာပြီးရှင်းပြပေးတာပါ’’ ဟု MRCCI ဥက္ကဋ္ဌဦးကျော်မင်းက ပြောသည်။

 Read More >>>>>>>> https://www.foodindustrydirectory.com.mm/articles/item/894-rice.html

အသိပညာပေးဆွေးနွေးပွဲ ကို USAID က စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ၀န်ကြီးဌာန နှင့် ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး မန္တလေးတိုင်းရှိ စီးပွားရေးလုပ် ငန်းများအနေဖြင့် နိုင်ငံတကာ ကုမ္ပဏီများထံမှ ထုတ်ကုန်များကို ကိုယ်စားလှယ်ရယူခြင်းနှင့် မိမိတို့၏ ထုတ်ကုန်များအား ကိုယ်စားလှယ်ပြန်လည်ပေးအပ်ခြင်းတို့ ဆောင်ရွက်ရာတွင် နစ်နာမှုမရှိ စေရန် သိရှိထားသင့်သည့် အချက်များ ရှင်းလင်းဆွေးနွေးခဲ့သည်။

 

‘‘မြန်မာတွေက ကိုယ်စား လှယ်ရရင်ပြီးရော လက်မှတ်ထိုး လိုက်တယ်။ နောက်မှကိုယ်က နစ်တာသွားတာတွေလည်း အများ ကြီးရှိတဲ့အတွက် တကယ်လုပ် တော့မယ်ဆိုရင် ကိုယ်ကလည်း တောင်းဆိုရမယ်။ သူတို့ရဲ့ တောင်းဆိုချက်တိုင်းကိုလည်း လိုက်လျောစရာမလိုဘူး။ အပြန် အလှန် အကျိုးရှိစေမယ့်ဟာမျိုး ကိုပဲ သေချာလေ့လာပြီးလုပ်ဖို့ လိုအပ်တယ်လေ’’ဟု ဦးကျော်မင်း က ပြောသည်။

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 12:47
Rate this item
(3 votes)