Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အရည်အသွေးပြည့်မီသော နို့ထွက်ပစ္စည်းများ ပိုမိုတိုးမြှင့် ထုတ်လုပ်နိုင်ဖို့ဆောင်ရွက်

ဘေးကင်းလုံခြုံပြီး အရည်အသွေး ပြည့်မီသော နို့ထွက်ပစ္စည်းများ ပိုမိုတိုးမြှင့် ထုတ်လုပ်နိုင်မှသာ ပြည်ပမှ တင်သွင်းမှုများကို

အစားထိုးနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ နို့လုပ်ငန်းအသင်း ဥက္ကဋ္ဌ  ဒေါက်တာခင်လှိုင်ထံမှ သိရပါတယ်။

 

ထို့ပြင် ပြည်တွင်း၌ အစားအစာ ဘေးကင်းလုံခြုံမှုအတွက် အစားအသောက်နှင့်  ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)၊ ကုန်သွယ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနတို့မှ ဝိုင်းဝန်း လုပ်ဆောင်လျက်ရှိရာ ထုတ်လုပ်သူများ အနေဖြင့်  မိမိတို့ ထုတ်လုပ်သည့် ထုတ်ကုန်များကို   ဘေးအန္တရာယ် ကင်းရှင်းစွာ ထုတ်လုပ်ရန် လိုအပ်ပါတယ်။

 

''ထုတ်လုပ်သူတွေက  ကိုယ်ထုတ်လုပ်တဲ့   ပစ္စည်းက ဘေးအန္တရာယ်ကင်းရှင်းပြီး ဘေးကင်းလုံခြုံတဲ့ အစားအစာတွေဖြစ်ဖို့ လိုအပ်ပါတယ်။   ဒါတွေနဲ့ပတ်သက်ပြီး အမြဲတမ်းလုပ်နိုင်မှသာ ပြည်ပက တင်သွင်းနေတဲ့ သွင်းကုန်တွေကို အစားထိုးနိုင်မှာပါ''  ဟု ဒေါက်တာခင်လှိုင် ကပြောကြားခဲ့ပါတယ်။

 

လတ်တလောတွင်  နို့နှင့်နို့ထွက်ပစ္စည်းများကို နယူးဇီလန်နှင့် သြစတြေးလျနိုင်ငံတို့ မှ အဓိကတင်သွင်းပြီး  နိုင်ငံတကာကလည်း နို့မှုန့်၊ နို့ဆီနှင့် နို့စိမ်းဘူးများ တင်သွင်းလျက် ရှိကြောင်း သိရသည်။

''ပြည်တွင်းထွက်ရှိမှုက စားသုံးမှုအတွက် မလုံလောက်ဘူး။ ဒါကြောင့် နှစ်စဉ် ပြည်ပကနေ သွင်းနေရတာပါ''ဟု ဒေါက်တာခင်လှိုင် ကပြောကြားခဲ့ပါတယ်။

 

လတ်တလောတွင် ပြည်တွင်း၌ နို့စားနွားကောင်ရေ  သုံးသိန်းခန့်ရှိပြီး  တစ်ဝက်ခန့်သာ နို့ထွက်ရှိသည့်အတွက် ပြည်တွင်းစားသုံးမှု မလုံလောက်သဖြင့် နို့နှင့်နို့ထွက်ပစ္စည်းများကို နှစ်စဉ်အမေရိကန် ဒေါ်လာသန်း ၁၁ဝ   ဝန်းကျင်ခန့်  ပြည်ပမှ တင်သွင်းနေရကြောင်း သိရပါတယ်။

 

Source: Myawady

Read times Last modified on Tuesday, 18 September 2018 13:12
Rate this item
(4 votes)