Food & Livestock
Myanmar Restaurants Association
မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းကို ၂၀၁၁ ခုနှစ်၊ သြဂုတ်လမှာ
ပထမဦးဆုံး မန္တလေးတိုင်းဒေသကြီးတွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ နောက်ပိုင်းမှ တောင်ကြီး၊ အင်းလေး၊ ပုဂံ၊ နေပြည်တော် အစရှိသည့် မြို့ကြီးများတွင်လည်း ဖွင့်လှစ်ခဲ့ပါတယ်။
အသင်းဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော စားသောက်ဆိုင်များ၏ အားနည်းချက်များကို ညှိနှိုင်းဆောင်ရွက်ပေးရန်နှင့် စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များဇုန်ကို ၂၀၁၀ ခုနှစ်၊ မေလတွင် စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီး အလိုက် အသင်းခွဲများ ဖွင့်လှစ်ကာ စားသောက်ဆိုင်လုပ်ငန်း တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်နေသည့်အပြင် တစ်ဖက်မှလည်း လူမှုရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။