Food & Livestock
အိန္ဒိယတွင် ကျင်းပမည့် ကမ္ဘာ့အစားအစာပြပွဲသို့ မြန်မာလုပ်ငန်းရှင်များ ပါဝင် တက်ရောက်နိုင်
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ကမ္ဘာ့အစားအစာပြပွဲ ၂၀၂၃ သို့ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များမှ ပါဝင် တက်ရောက်နိုင်ရန် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) က ဖိတ်ခေါ်ထားသည်။
ပြပွဲတွင် အစားအစာထုတ်လုပ်သူများ၊ စက်ပစ္စည်းကိရိယာ ထုတ်လုပ်သူများ၊ ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီများ၊ အအေးခန်း သိုလှောင်ရုံလုပ်ငန်း ဆောင်ရွက်သူများ၊ စီးပွားရေးလုပ်ငန်း အစပျိုး ဆောင်ရွက်သူများနှင့် လက်လီရောင်းချသူများ စသည့် နိုင်ငံအသီးသီးမှ စားသောက်ကုန်လုပ်ငန်းရှင်များ ပါဝင် ပြသကြမည် ဖြစ်သည်။
နှစ်ဦးနှစ်ဖက်အကျိုး ဖြစ်ထွန်းစေမည့် အခွင့်အလမ်းများ ရှာဖွေနိုင်မည် ဖြစ်ပြီး နိုင်ငံအလိုက် ခေါင်းစဉ်အလိုက် ဆွေးနွေးပွဲများ ပါဝင်မည် ဖြစ်ကာ စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်ရာ အစိုးရဌာနများအကြား တွေ့ဆုံပွဲများကိုလည်း စီစဉ် ဆောင်ရွက် ထားရှိသည်ဟု ဆိုသည်။
ကမ္ဘာ့အစားအစာပြပွဲသို့ မြန်မာနိုင်ငံမှ ပါဝင် တက်ရောက်ခြင်းဖြင့် အစားအစာ ထုတ်လုပ် ရောင်းချသူများအနေဖြင့် အိန္ဒိယနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးနှင့် အစားအစာထုတ်လုပ်မှု ကဏ္ဍဆိုင်ရာ အခွင့်အလမ်းများကို ရှာဖွေနိုင်မည် ဖြစ်ကြောင်း သိရသည်။
မိတ်ဖက်နိုင်ငံ ( Partner Country ) အဖြစ် ပါဝင်မည်ဆိုပါက အနည်းဆုံး (၄၀၀) စတုရန်းမီတာ ကျယ်ဝန်းသည့် ပြခန်းဆောင် ပါဝင် ပြသရမည် ဖြစ်ပြီး Focus Country အဖြစ် ပါဝင်ဆောင်ရွက်မည်ဆိုပါက အနည်းဆုံး (၂၀၀) စတုရန်းမီတာကျယ်ဝန်းသည့် ပြခန်းဆောင် ပါဝင် ပြသရမည် ဖြစ်သည်။
Partner/Focus Country အဖြစ် ပါဝင်မှုနှုန်းထားများမှာ နေရာသီးသန့်အလွတ် (Bare Space) (၁) စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ (၁၅၀) နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ အခွန် (GST) ၁၈% ကျသင့်မည် ဖြစ်ပြီး ပြခန်းဆောင်အကြမ်းထည် ပါဝင်သည့် (Shell Space) အတွက် (၁) စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ (၁၈၀) နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ အခွန် (GST) ၁၈ % ကျသင့်မည် ဖြစ်သည်။
Advertisement
Click Here > Tin Aye (U)
ကမ္ဘာ့အစားအစာပြပွဲ (၂၀၂၃) သို့ ပါဝင် တက်ရောက်ရန် စိတ်ပါဝင်စားသည့် ကုန်သည်/စက်မှု အသင်းချုပ်ရှိ ညီနောင်အသင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြပွဲကျင်းပရေးဆိုင်ရာ ကော်မတီဖြစ်သည့်…
Ministry of Food Processing Industries Government of India
Mr. Jitendra Kumar. Director
Ph: 011-26496647
Email: world-foodindia@gov.in
Invest India National Investment Promotion & Facilitation Agency
Ph: 011-23048155
Email: foodprocessing@investindia.org.in သို့ ဆက်သွယ် စုံစမ်းနိုင်ပြီး
Sponsorship နှင့် Participating အတွက်…
Mr. Abhinav Singh, Head Food Processing & CIFTI
Ph: +91-9810160351
Exhibition Participation အတွက်…
Mr. Kunal Chaudhary, Deputy Director
Ph: +91-9650282444
Email: kunal.chaudhary@ficci.com
Mr. Apoorv Bhatnagar, Deputy Director
Ph: +91-9891444339
Email: apoorv.nhatnagar@ficci.com သို့ တိုက်ရိုက် စာရင်းပေးပို့နိုင်ကြောင်း သိရသည်။
ပါဝင် တက်ရောက်သူများအနေဖြင့် မိမိတို့၏ Company Letterhead ဖြင့် တက်ရောက်မည့်သူ၏ အမည်၊ ရာထူး၊ ကုမ္ပဏီ/ လုပ်ငန်း/ အသင်းအဖွဲ့အမည်၊ Email Address နှင့် ဖုန်းနံပါတ်တို့ကို ကုန်သည်/ စက်မှုအသင်းချုပ်၊ အသင်းသားရေးရာဌာန၊ ပြပွဲဌာနစိတ်၊ Email: itpc.umfcci@gmail.com၊ ဖုန်း၀၁-၂၃၁ ၄၃၄ (Ext: ၃၀၁) သို့ မိတ္တူပေးပို့နိုင်သည်ဟု ဆိုသည်။
မြန်မာမှ တရုတ်သို့ တင်ပို့မည့် စားသောက်ကုန် (၂,၀၀၀) နီးပါး GACC မှတ်ပုံတင်ရမည်
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေး စားသောက်ကုန်များ တင်ပို့နေသည့် ကုမ္ပဏီများထဲမှ ကုန်စည်အစောင်ရေ (၁,၈၅၄) စောင်ကို GACC မှတ်ပုံတင်ခွင့်ပြုမည် ဖြစ်ကြောင်း
စတော်ဘယ်ရီ တစ်ပိဿာ (၆,၅၀၀) ထိ ဈေးကျလာသော်လည်း အမြတ်ရရှိနေဆဲ
မန္တလေးတိုင်း၊ ပြင်ဦးလွင်၏ ဒေသထွက်ကုန်တစ်ခုဖြစ်သော စတော်ဘယ်ရီသည် ယခုနှစ် ဇန်နဝါရီလလယ်မှ စတင်၍ အရောင်းအဝယ် ဖြစ်ခဲ့ပြီး လက်ရှိ လှိုင်လှိုင်ပေါ်နေသည့်အချိန်တွင် ရောင်းအားအကောင်းဆုံးဖြင့် အကျိုးအမြတ် ရရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
စျေးနှုန်းအနေဖြင့် စတော်ဘယ်ရီသီး စတင် ထွက်ပေါ်ချိန်တွင်...
- စတော်ဘယ်ရီ ချိုမွှေးသီး (၁) ပိဿာလျှင် (၁၅,၀၀၀) ကျပ်၊
- စတော်ဘယ်ရီ ရိုးရိုးအကျွတ်သီး (၁) ပိဿာလျှင် (၁၃,၀၀၀) ကျပ်၊
- စတော်ဘယ်ရီ ဖျော်ရည်သီး (ဒေသမျိုး) (၁) ပိဿာလျှင် (၁၂,၀၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သည်။
ယခုကဲ့သို့ လှိုင်လှိုင်ပေါ်ချိန်တွင် စတော်ဘယ်ရီ ဈေးနှုန်းများ အနည်းငယ် ကျဆင်းလာပြီး...
- စတော်ဘယ်ရီ ချိုမွှေးသီး (၁) ပိဿာလျှင် (၁၂,၀၀၀) ကျပ်၊
- စတော်ဘယ်ရီ ရိုးရိုးအကျွတ်သီး (၁) ပိဿာလျှင် (၇,၀၀၀) ကျပ်၊
- စတော်ဘယ်ရီ ဖျော်ရည်သီး (ဒေသမျိုး) (၁) ပိဿာလျှင် (၆,၅၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိသည်။
Advertisement
Click Here > King Metal
ပြင်ဦးလွင်မြို့နှင့် အနီးတဝိုက် ကျေးရွာများမှ ထွက်ရှိသည့် စတော်ဘယ်ရီများကို အဓိကဈေးကွက်အနေဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ ရောင်းချကာ တခြားနယ်များသို့လည်း တင်ပို့လျက် ရှိသည်။
စတော်ဘယ်ရီ သီးနှံသည် နှစ်စဉ် ရောင်းအားကောင်းပြီး စိုက်ပျိုးသူများအနေဖြင့် အကျိုးအမြတ်များစွာ ရရှိကြသဖြင့် ယခင် ၂၀၂၂ ခုနှစ်၌ စတော်ဘယ်ရီသီးနှံ (၂၀၀) ဧက စိုက်ပျိုးခဲ့ရာမှ ယခုနှစ် ၂၀၂၃ ခုနှစ်တွင် (၂၃၁) ဧကသို့ ပိုမို တိုးချဲ့၍ စိုက်ပျိုးခဲ့ကြသည်။
စတော်ဘယ်ရီ စိုက်ပျိုးရာတွင် ကုန်ကျစရိတ်အနေဖြင့် စတော်ဘယ်ရီခင်း (၁) ဧကလျှင် ၂၅-၃၀ ကျပ်သိန်းခန့် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ၁၅-၂၀ ကျပ်သိန်း ရရှိကြသည်ဟု သိရသည်။
ယခုနှစ်တွင် သွင်းအားစုနှင့် အလုပ်သမားစရိတ်များသည် နှစ်ဆကျော် ကုန်ကျသော်လည်း တောင်သူအများစုမှာ မိရိုးဖလာ အစဉ်အဆက် ဆက်လက် စိုက်ပျိုးကြခြင်း ဖြစ်ကာ စတော်ဘယ်ရီ စိုက်ပျိုးချိန်သည် စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၇) လကျော် ကြာမြင့်သည်။
Source : MOC
နိုင်ငံရဲ့ စားသုံးသူဈေးဆနှုန်း တွက်ချက်ခြင်း ဆိုသည်မှာ…
မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့သည် နိုင်ငံ၏ စားသုံးသူ ဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းတို့ကို အခြေခံထားသည့် စားသုံးသူဈေးဆနှုန်း (Consumer Price Index: CPI) ကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အထိ လစဉ် ထုတ်ပြန်ခဲ့သည်။
စားသုံးသူဈေးဆနှုန်းကို အချိန်ကာလအလျောက် ဈေးနှုန်းပြောင်းလဲမှုနှင့် စားသုံးမှုပုံစံ ပြောင်းလဲမှုကို တိုင်းတာနိုင်ရန်အတွက် မိမိနိုင်ငံအတွက် တွက်ချက် ထုတ်ပြန်ခြင်း ဖြစ်ပြီး နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း တိုင်းတာရာတွင် အဓိက အသုံးပြုသည်။
အချိန်ကာလအလျောက် လူနေမှုအဆင့်အတန်း မြင့်မားလာခြင်းကြောင့် လူတို့၏ စားသုံးမှုပုံစံ ပြောင်းလဲမှုများကို ပိုမိုထင်ဟပ်စေရန်အတွက် ကုန်စည်နှင့် ဝန်ဆောင်မှု အမျိုးအစားများ ပြောင်းလဲ သုံးစွဲလာမှုကို အခါအားလျော်စွာ ဆန်းစစ်၍ စားသုံးသူဈေးဆနှုန်း တွက်ချက်ရာတွင် အသုံးပြုသည့် အခြေခံနှစ်ကို ပြောင်းလဲကာ တွက်ချက်ကြသည်။
ကမ္ဘာ့နိုင်ငံများအနေဖြင့် စားသုံးသူဈေးဆနှုန်း တွက်ချက်ရာတွင် အချိန်ကာလ ပြောင်းလဲလာသည်နှင့်အမျှ လူတို့၏ စားသုံးမှုပုံစံ ပြောင်းလဲလာခြင်း၊ စီးပွားရေးစနစ်များ ပြောင်းလဲလာသဖြင့် စီးပွားရေးပုံသဏ္ဍာန်နှင့်အတူ စားသုံးမှုပုံသဏ္ဍာန်ပါ ပြောင်းလဲလာခြင်း၊ ဝင်ငွေ တိုးတက် ပြောင်းလဲလာသဖြင့် လူနေမှု အဆင့်အတန်း မြင့်မားလာခြင်း စသည့်အချက်များကြောင့် စားသုံးသူဈေးခြင်းတောင်း (CPI Basket) ကို လက်ရှိအခြေအနေနှင့် ထင်ဟပ် လွှမ်းခြုံမှု ရှိစေရန်အတွက် အခြေခံနှစ်ကို (၅) နှစ်မှ (၁၀) နှစ်အတွင်း ပြောင်းလဲ တွက်ချက်လေ့ ရှိသည်။
မြန်မာနိုင်ငံ၏ စားသုံးသူဈေးဆနှုန်းကို တွက်ချက်ရာတွင်လည်း လူတို့၏ စားသုံးမှုနှင့် ဝန်ဆောင်မှုပုံစံများ ပြောင်းလဲလာမှုအရ ခေတ်ကာလနှင့် လိုက်လျောညီထွေရှိစေမည့် အခြေခံနှစ်များကို ပြောင်းလဲ တွက်ချက်ခဲ့ခြင်း ဖြစ်သည်။
Advertisement
Click Here > Great Star Enterprise
ရန်ကုန်မြို့၏ စားသုံးသူဈေးဆနှုန်းကို ၁၉၂၈ ခုနှစ်တွင် စတင်တွက်ချက်ခဲ့ပြီး ၁၉၂၇၊ ၁၉၄၁၊ ၁၉၅၈၊ ၁၉၆၅၊ ၁၉၇၂၊ ၁၉၇၈ နှင့် ၁၉၈၆ အခြေခံနှစ်များဖြင့် တွက်ချက်ခဲ့သည်။ တစ်နိုင်ငံလုံး၏ စားသုံးသူ ဈေးဆနှုန်းကို ၁၉၉၇ ခုနှစ် အခြေခံနှစ်ဖြင့် စတင် တွက်ချက်ခဲ့ပြီး ၂၀၀၆ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့ဖြင့် အသီးသီးပြောင်းလဲ တွက်ချက်ခဲ့သည်။
ယခုအချိန်တွင် မြန်မာနိုင်ငံ၌ လက်ရှိအသုံးပြု တွက်ချက်ထုတ်ပြန်နေသည့် ၂၀၁၂ ခုနှစ် အခြေခံနှစ်၏ စားသုံးသူဈေးခြင်းတောင်း (CPI Basket) ရှိ ကုန်စည်နှင့် ဝန်ဆောင်မှုများသည် ခေတ်စနစ်နှင့် လိုက်လျောညီထွေမှု မရှိတော့သဖြင့် အခြေခံနှစ် ပြောင်းလဲတွက်ချက်ရန် လိုအပ်လျက် ရှိသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့သည် ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်တို့နှင့် ပူးပေါင်း၍ “ မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း (၂၀၁၇) ကို ၂၀၁၇ ခုနှစ်တွင် ကောက်ယူခဲ့သည်။
အဆိုပါ စစ်တမ်းမှ ရရှိခဲ့သော လူအများစားသုံးသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို အသုံးပြု၍ အိမ်ထောင်စုများ သုံးစွဲသည့် စားသုံးမှုစရိတ်တွင် အလေးပေး ရာခိုင်နှုန်းများကို တွက်ချက်ပြီး ၂၀၁၇ ခုနှစ် အခြေခံနှစ်အဖြစ် ပြောင်းလဲ တွက်ချက်နိုင်ရန် ၂၀၂၀ ပြည့်နှစ်ကတည်းက ဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ စားသုံးသူဈေးဆနှုန်းကို ၂၀၁၇ ခုနှစ် အခြေခံနှစ် ပြောင်းလဲတွက်ချက်ရန် ဆောင်ရွက်လျက်ရှိရာ နည်းပညာပိုင်းအရ မှန်ကန်ခိုင်မာမှုရှိရေးနှင့် သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း .. ပြောင်းလဲတွက်ချက် ထုတ်ပြန်နိုင်ရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့မှ ဦးဆောင်ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအားလုံးမှ ကိုယ်စားလှယ် များပါဝင်သော လုပ်ငန်းအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်လျက် ရှိသည်။
စားသုံးသူဈေးဆနှုန်း တွက်ချက်သည့် အခြေခံနှစ်ကို လက်ရှိ ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်သို့ ပြောင်းလဲတွက်ချက် ထုတ်ပြန်ရာတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် အိမ်ထောင်စုများ အားလုံးက အဖက်ဖက်မှ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် လူတို့၏ ပြောင်းလဲနေသည့် စားသုံးမှု ပုံစံနှင့် ကိုက်ညီမှုရှိပြီး၊ လက်ရှိအခြေအနေကို ပိုမို ထင်ဟပ်လွှမ်းခြုံ၍ ခိုင်မာအားကောင်းသည့် အညွှန်းကိန်းများကို ရရှိစေမည် ဖြစ်သည်။
Ref : MOFP
Food tourismနဲ့ပတ်သက်ပြီး သင်သိကိုသိရမယ့်အချက်များ
“Food is a part of life , it is a part of culture as well!” အစားအသောက်ဆိုတာ လူသားတွေ အသက်ရှင်နေထိုင်ဖို့ အခြေခံကျတဲ့လိုအပ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။
ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ က စားနပ်ရိက္ခာ ဆုံးရှုံးမှု နှင့် ဖြုန်းတီးမှုကို လျှော့ချရန် တိုက်တွန်း
စားနပ်ရိက္ခာ ဆုံးရှုံးမှု နှင့် ဖြုန်းတီးမှု ပြဿနာသည် လက်ရှိတွင် ရင်ဆိုင်နေရသော ကြီးမားသည့် စိန်ခေါ်မှု တစ်ရပ်
ဝယ်ယူမစားသင့်သော အစားအသောက်နဲ့ ပတ်သက်ပြီး FDAမှ အသိပေး ကြေညာ
လေရှုံ့ထုပ်ပိုးခြင်းတွေဟာအန္တရာယ်ရှိနိုင်သလား????
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းများအတွက် မြေနေရာလိုအပ်ချက်ရှိပါက လျှောက်ထားနိုင်
ကိုဗစ်ကာလအတွင်း တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိနိုင်မည့် ငွေနှင်းမှို (Home Gardener) စိုက်ပျိုးခြင်း
မှိုသည် မြန်မာတစ်နိုင်ငံလုံး စားသုံးသည့် အစားအစာတစ်မျိုးဖြစ်ရာ မှိုစိုက်ပျိုးခြင်းသည် ဝင်ငွေရရှိစေနိုင်သော