Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သကြားသီးများ ဈေးကွက်အတွင်း စတင် အရောင်းအဝယ် ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့၌ ဇူလိုင်လအတွင်း ထွက်ရှိသည့် ဒေသထွက် သကြားသီးများ ဈေးကွက်အတွင်း စတင်အရောင်းအဝယ်

ပြုလုပ်နေပြီဖြစ်ကြောင်း ကသာမြို့ရှိ သီးနှံရောင်းချသူများထံမှ သိရသည်။

 

ဒေသအလိုက်အခေါ်များဖြစ်သည့် သကြားသီး၊ နှင်းသီး၊ သမင်မျက်လုံးသီး များသည် အရိပ်ရအပင်ကြီး အမျိုးအစားဖြစ်ကာ ဧပြီလတွင် စတင်ဖူးပွင့်ပြီး ဇူလိုင်လတွင် အသီးခူးဆွတ် စားသုံးရကြောင်း သိရသည်။

 

''သကြားသီးက အိမ်ဝင်းထဲမှာ စိုက်ထားသူတွေ များတယ်။ အနည်းဆုံး ဝင်းကျယ်ရင် ကျယ်သလို တစ်ပင်ကနေ သုံးပင်လောက်ထိ ရှိကြတယ်။သုံးနှစ်ကျော်ဆိုရင် အသီးက သီးလာတာမျိုး ဒီနှစ်အိမ်တိုင်း သီးကြတော့ ဈေးတော့သိပ်မရဘူး'' ဟု သကြားသီးပင်ရှိသူ ဦးမင်းဦးကပြောသည်။

 

ကသာမြို့ဈေးကွက်အတွင်း သကြားသီးများကို အလုံးသေးတစ်စည်း ငွေကျပ် ၃ဝဝ၊ အလတ်တစ်စည်း ငွေကျပ် ၅ဝဝ၊ ရှယ်တစ်စည်းငွေကျပ် ၇ဝဝ၊ အကြွေတစ်ထုပ်ငွေကျပ် ၂ဝဝ ဖြင့် ရောင်းချနေကြောင်း  သိရသည်။

 

သကြားသီးများမှာ တစ်ပိဿာလျှင် ငွေကျပ် ၇ဝဝ မှ ၈ဝဝ  ထိဈေးရှိ၍  ကသာမြို့၌ အစည်းရေနှုန်းဖြင့် ရောင်းချကာ မန္တလေးမြို့သို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။      

 

Read More >>>>> ဒေါ်လာဈေးတက်သော်လည်း ပြည်ပတင်ပို့သော မွေးမြူရေးငါးများ ဈေးကောင်းမရ

Read times Last modified on Tuesday, 18 September 2018 11:49
Rate this item
(1 Vote)