Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ဆီထွက်သီးနှံများနှင့် ဆီဈေးကွက်များ အခြေအနေ

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ဆီထွက်သီးနှံများနှင့် ဆီဈေးကွက်များ အခြေအနေ

 

TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

 

ပဲပုပ်နှင့် နေကြာဆီဈေးနှုန်းများ စက်တင်ဘာလအတွင်း တရုတ်ဘက်မှ  ဝယ်လိုအားနည်းပါးသဖြင့် ကျဆင်းခဲ့ပါသည်။

မလေးရှားစားအုန်းဆီ ကြိုရောင်းဈေး- ကုန်လက်ကျန်များပြားနေခြင်းနှင့် နောက်ပိုင်း၌ ဝယ်လိုအားကျဆင်းနေမည့်အ ရိပ်အယောင်များကြောင့် ဩဂုတ်လကထက် ကျဆင်းနေပါသည်။

ပဲပုပ်

.       

အမေရိကန်စိုက်ပျိုးရေးဌာနမှ စက်တင်ဘာလ (၂၂) ရက်နေ့တွင် ခန့်မှန်းချက်အရ အမေရိကန်၏ ပဲပုပ်ထုတ်လုပ်မှုမှာ ယခင်နှစ်ကထက် (၁.၃) ရာခိုင်နှုန်းကျဆင်း၍ ဘူရှယ် (၄.၃၇၈) ဘီ လီယံရှိမည်ဟု သိရပါသည်။  ပဲပုပ်ပေါ်ချိန် ပျမ်းမျှဈေးနှုန်းမှာ တစ်ဘူရှယ်လျှင် (၁၄.၃၅) ဒေါ်လာ ဖြစ်ပြီး၊ ဩဂုတ်လနှင့် ဈေးနှုန်းအတူတူ ဖြစ်ပါသည်။ ဥရောပသမဂ္ဂဘက်တွင် အခြားဆီထွက်သီး နှံများကို ပိုမိုများပြားစွာရောင်းချနေမှုကြောင့် ၂၀၂၂-၂၃ အတွက် ပဲပုပ်တင်သွင်းမှုမှာ ကျဆင်း ကြောင်း သိရပါသည်။ စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် ပဲပုပ်အသစ်ပေါ်တော့မည် ဖြစ်ရာ ဈေးနှုန်းကျဆင်းရန်အတွက် ဖိအားများ ဖြစ်နေပါသည်။ နိုဝင်ဘာလအတွက် ကြိုရောင်း ကြိုဝယ်ဈေးနှုန်းတွင် (၆.၂၅) ရာခိုင်နှုန်းကျဆင်းကာ အမေရိကန်ဒေါ်လာ (၁၄.၅၅) သို့လည်း ကောင်း၊ ဇန်နဝါရီလအတွက် ကြိုရောင်း ကြိုဝယ်ဈေးနှုန်းတွင် (၆) ရာခိုင်နှုန်းကျဆင်းကာ အမေ ရိကန်ဒေါ်လာ (၁၄.၆၁) သို့လည်းကောင်း ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့ပါသည်။

.

ကမ္ဘာပေါ်တွင် ပဲပုပ်အများအပြားတင်သွင်းသည့် တရုတ်နိုင်ငံဘက်တွင်လည်း ဈေးနှုန်း များ ပိုမိုမြင့်မားနေသဖြင့် ဘရာဇီးလ်နိုင်ငံမှ တင်သွင်းမှုမှာ မက်ထရစ်တန်ချိန် (၉.၀၄) သန်းမှ (၆.၂၅) သန်းသို့ (၃၀.၈၆) ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ အမေရိကန်မှ  တင်သွင်းခဲ့မှုမှာ  တန်ချိန် (၂၈၆,၇၆၂) တန် ရှိခဲ့ပါသည်။ ဩဂုတ်လအတွင်း ကုန်သွယ်မှုမိတ်ဖက်နိုင်ငံသစ်များဖြစ်သည့် ဥရုဂွေးနိုင်ငံမှ (၃၅၀,၃၄၂) တန်နှင့် အာဂျင်တီးနားမှ (၁၉၇,၇၇၀) တန် တင်သွင်းခဲ့ပါသည်။

.

ကမ္ဘာ့နေကြာဆီဈေးနှုန်း (ဒေါ်လာ/မက်ထရစ်တန်)

.       

စက်တင်ဘာလအတွင်း နေကြာဆီမှာ မက်ထရစ်တစ်တန်လျှင် (၂၁၀) ဒေါ်လာကျဆင်း၍ (၁,၂၇၀) ဒေါ်လာ ဖြစ်ခဲ့ပါသည်။ နေကြာဆီများကို တရုတ်နိုင်ငံက တင်သွင်းရာတွင် ပင်လယ် နက်ဘက်၌ ပဋိပက္ခဖြစ်ပွားနေမှုကြောင့် အဆင်မပြေဘဲဖြစ်နေဆဲ ဖြစ်ပါသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် နေကြာဆီရောင်းလိုအားပမာဏမှာ အဆင်ပြေနေဆဲ ဖြစ်ပါသည်။ ယူကရိန်း တွင် Danube ရှိ ကုန်းတွင်းဆိပ်ကမ်းမှတစ်ဆင့် ကုန်သွယ်မှုများပြုလုပ်နေပြီဖြစ်ပြီး၊ ယူကရိန်း၊ ရုရှားနှင့် တူရကီတို့က Odessa ဆိပ်ကမ်းမှ အစေ့နှင့် ဆီများ သယ်ယူပို့ဆောင်နိုင်ရေးအပေါ် ကူညီရန် သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါသည်။  

စားအုန်းဆီကြမ်းဈေးနှုန်း (ဒေါ်လာ/မက်ထရစ်တန်)

         

စားအုန်းဆီဈေးနှုန်းမှာ တစ်လအတွင်း ဆက်လက်ကျဆင်းခဲ့ပြီး၊     စက်တင်ဘာလကုန်တွင် မက်ထရစ်တစ်တန်လျှင် ဒေါ်လာ (၁,၀၀၀)အောက် ကျဆင်းခဲ့ပါသည်။ မလေးရှားစားအုန်းဆီ ဘုတ်အဖွဲ့၏ အစီရင်ခံစာအရ ဩဂုတ်လတွင် ယခင်လကထက် (၁၀)ရာခိုင်နှုန်း မြင့်တက်ခဲ့၍ မက်ထရစ်တန်ချိန် (၁.၇) သန်းရရှိခဲ့ကာ၊ ကုန်လက်ကျန်ပိုင်းတွင်လည်း ယခင်လကထက် (၁၈) ရာခိုင်နှုန်း မြင့်တက်ခဲ့၍ မက်ထရစ်တန်ချိန် (၂)သန်းကျော်ရှိကြောင်း သိရပါသည်။ အင်ဒိုနီးရှား နိုင်ငံဘက်မှ  အများအပြားသိုလှောင်ထားသည့် စားအုန်းဆီ လက်ကျန်များကို ပိုမိုသက်သာသည့် ဈေးနှုန်းဖြင့် ထုတ်ရောင်းနေမှုကြောင့် ကမ္ဘာ့စားအုန်းဆီဈေးနှုန်းမှာ ဆက်လက်အားနည်းနေမည် ဖြစ်ပါသည်။  အောက်ဖော်ပြပါ ဂရပ်ဖ်ပုံတွင် ကမ္ဘာ့စားအုန်းဆီဈေးနှုန်း အတက်အကျကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ဖော်ပြထားပါသည် -

 

Source Market Information Service- DOP- MOALI

#FoodIndustryGuide

Join Telegram Channel  

https://t.me/Guid4U

 အဖွားရဲ့ ကလေးတွေပေါ့ သားရဲ့

 

FIG

 

Read times Last modified on Monday, 03 October 2022 18:28
Rate this item
(0 votes)