Fruits & Vegetables



ဗီယက်နမ် လတ်ဆတ်အသီး အမျိုးမျိုး တင်ပို့မှု ဒူးရင်းသီး သရဖူဆောင်း

ဗီယက်နမ် လတ်ဆတ်အသီး အမျိုးမျိုး တင်ပို့မှု ဒူးရင်းသီး သရဖူဆောင်း

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

ဗီယက်နမ်နိုင်ငံ သစ်သီးတင်ပို့မှုတွင် ဗီယက်နမ် အကောက်ခွန်၏ အဆိုအရ နဂါးမောက်သီး တင်ပို့မှုသည် ၁၁ ရာခိုင်နှုန်း ကျဆင်းသွားသည်။

.

ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် လတ်ဆတ်ဒူးရင်းသီးတင်ပို့ခြင်း လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီချက်ကို ယမန်နှစ်က လက်မှတ်ရေးထိုးခဲ့သည့်အတွက် လတ်ဆတ်ဒူးရင်းသီးတင်ပို့မှု ပမာဏ ခုန်တက်သွားသည်။

.

ဗီယက်နမ်မှ တင်ပို့သော လတ်ဆတ်ဒူးရင်းသီး စုစုပေါင်း၏ ၉၆ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံက ဝယ်ယူခဲ့သည်။

.

ဗီယက်နမ်မှ ယမန်နှစ်တွင် လတ်ဆတ်ဒူရင်းသီး စုစုပေါင်း ကန်ဒေါ်လာ သန်း ၄၂၀ ဖိုး တင်ပို့ခဲ့သည်။

.

ဗီယက်နမ်နိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ အသင်း ဥက္ကဋ္ဌ ဒန်းဖုငုယင်က  လတ်ဆတ်သောဒူးရင်းတင်ပို့မှုကို ယခုနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံနှင့် လာမည့်နှစ်နှစ်အတွင်း ကန်ဒေါ်လာ ၂ ဘီလီယံအထိ မျှော်မှန်းထားသည်။

 

 

photo_2023-07-10_18-06-04.jpg

 

photo_2023-07-10_18-06-08.jpg

 

 

 

.

သို့သော် ဗီယက်နမ်သည် တရုတ်နိုင်ငံသို့ ဒူးရင်းအများဆုံး တင်သွင်းသူအဖြစ် ဆက်လက်တည်ရှိနေသည့် ထိုင်းနိုင်ငံမှ ပြင်းထန်သော ပြိုင်ဆိုင်မှုကို ရင်ဆိုင်နေရသည်။

.

ယခုနှစ် ပထမငါးလအတွင်း တရုတ်နိုင်ငံ ဒူရင်းသီးတင်သွင်းမှု စုစုပေါင်း ကန်ဒေါ်လာ ၂.၆၆ ဘီလီယံဖိုး၏ ၈၅% ဝန်းကျင်သည် ထိုင်းဒူရင်းသီးများ ဖြစ်သည်။

.

ဗီယက်နမ်တွင် ဒူးရင်းလတ်လတ်ဆတ်ဆတ် တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် ဒူရင်းခြံ ၂၉၃ ခုနှင့် ထုပ်ပိုးမှုလုပ်ငန်း ၁၁၅ ခု တင်ပို့ခွင့် ရရှိထားသည်။

.

ဗီယက်နမ်နိုင်ငံ လတ်ဆတ်အသီး တင်ပို့မှုတွင် အများဆုံး ထိပ်တန်း ၅ မျိုးမှာ ဒူးရင်းသီး၊ နဂါးမောက်သီး၊ ငှက်ပျောသီး၊ သရက်သီး၊ ပိန္နဲသီး တို့ ဖြစ်ပါသည်။

Source vnexpress 

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

Read times Last modified on Monday, 10 July 2023 18:08
Rate this item
(0 votes)