Fruits & Vegetables



မန္တလေးဈေးကွက် ဆန်နင့်ပဲ အမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှု အခြေအနေများ

မန္တလေးဈေးကွက် ဆန်နင့်ပဲ အမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

၂၁ စက်တင်ဘာ ၂၀၂၃

မန္တလေးဈေးကွက် ရောင်းဝယ်ဖောက်မှု အခြေအနေများ

 

မန္တလေး ဆန်ဈေးကွက်အခြေအနေ

        

မန္တလေးကိုင်းတန်းဈေး ဆန်ပွဲရုံများတွင် ဆန်ဈေးနုန်းအနေဖြင့် အသစ်မဝင်သေးသော်လည်း အဝင်ပုံမှန်ရှိခြင်းကြောင့် ရန်ကုန်ပေါ်ဆန်းတစ်အိတ် ၁၁၀၀၀၀ ကျပ်၊ ရွေဘိုပေါ်ဆန်းတစ်အိတ် ၁၂၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

        

မနောသုခ ဆန်မှာ အဝင်ပုံမှန် မြို့တွင်းအများသုံးဆန်ဖြစ်ခြင်းကြောင့် ဝယ်ယူမှုပုံမှန်ရှိခြင်း တို့ကြောင့် တစ်အိတ် ၉၀၀၀၀ ကျပ် ဖြင့်ဈေးတည်ငြိမ်နေသည်။

        

ဇီယာဆန်နှင့် ငစိန်ဆန်မှာ ရန်ကုန်ဈေးကွက်မှတဆင့် ဝင်ရောက်ရသောဆန် ဖြစ်ခြင်း၊ လက်ကျန်နည်းခြင်းကြောင့် အဝင်ပုံမှန် စားသုံးမှု ပုံမှန်ရှိသော်လည်း ဇီယာဆန် တစ်အိတ် ၈၀၀၀၀ ကျပ်မှ ၈၁၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားပြီး၊ ငစိန်ဆန်မှာ လုပ်ငန်းသမား အဝယ်ပုံမှန် ရှိခြင်းကြောင့် ၆၀၀၀၀ ကျပ်မှ ၆၇၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

 

ဧရာမင်းဆန်မှာ အသစ်မဝင်သေးခြင်းကြောင့် မြို့တွင်းစားသုံးမှုအတွက် အဝယ်နည်းခြင်း ကြောင့် တစ်အိတ် ၁၄၀၀၀၀ ကျပ်မှ ၁၃၀၀၀၀ ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။

       

မန္တလေး ဆီထွက်သီးနှံနှင့် ဆီဈေးကွက်အခြေအနေ

      

မန္တလေးပွဲစားကုန်သည် စက်ပိုင် ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ (လုံးဆံ) ဆီဆံဈေးနှုန်းမှာ မိုးမြေပဲ အဝင်နည်းသေးခြင်း၊ လုပ်ငန်းသမား ဆီစက်သမားအဝယ် နည်းသော်လည်း ဆောင်းလက်ကျန်နည်းသွားခြင်းကြောင့် မြေပဲ (လုံးဆံ) ၁၀၀ ပိဿာ အရည်အသွေး အကောင်းဆုံး ၆၉၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ဆီဆံမှာ ဆီစက်သမား အဝယ်အနည်းငယ်ရှိခြင်းကြောင့် ၁၀၀ ပိဿာ ၆၆၀၀၀၀ ကျပ်မှ ၆၇၀၀၀၀ ကျပ်သို့ ဈေးမသိမသာ မြင့်သွားသည်။

      

နှမ်းမျိုးစုံဈေးနုန်း အနေဖြင့် မိုးနှမ်းဝင်ရောက်မှုရှိခြင်းကြောင့် နှမ်းဖြူမှာ အဝင်နည်းသဖြင့် ၄၅ ပိဿာ ၃၆၀၀၀၀ ကျပ်မှ ၃၆၅၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားပြီး နှမ်းညိုမှာ အသစ်ဝင်ရောက်မှုရှိသော်လည်း အဝင်နည်းခြင်း၊ ဆီစက်သမားအဝယ်ရှိခြင်းကြောင့် ၄၅ ပိဿာ ၃၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နှမ်းနက် (စမုံ) မှာ အသစ်ဝင်ရောက်ခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၄၅ ပိဿာ ၃၅၀၀၀၀ ကျပ်မှ ၃၄၀၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည် နှမ်းနီမှာ အဝင်နည်းခြင်းကြောင့် အရောင်းအဝယ် အေးသော်လည်း ၄၅ ပိဿာ ၃၂၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

       

ပန်းနှမ်းဈေးနုန်း အနေဖြင့် စတင်စိုက်ပျိုးစကာလ ဖြစ်ခြင်း၊ ယခင်နှစ် လက်ကျန်နည်းခြင်း၊ ဆီစက်သမားအဝယ်ရှိခြင်းကြောင့် ၄၅ ပိဿာ ယခင်အပတ် ၁၉၀၀၀၀ ကျပ်မှ ၂၀၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ 

 

နေကြာဈေးနုန်းမှာ မိုးနေကြာ အဝင်နည်းခြင်း၊ ဆီစက်သမား အဝယ်ပုံမှန် ရှိခြင်းကြောင့် ၂၇ ပိဿာ ၁၄၀၀၀၀ ကျပ်မှ ၁၄၅၀၀၀ သို့ ဈေးမြင့်သွားသည်။ 

ဆီဈေးနှုန်းများ

 

ပဲဆီ တစ်ပိဿာ ၁၅၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့် သွားသည်။ 

နှမ်းဆီ တစ်ပိဿာ ၁၃၅၀၀ ကျပ်၊ မုန်ညင်းဆီ တစ်ပိဿာ ၁၀၀၀၀ ကျပ်ဖြင့် ဈေးတည် ငြိမ်နေသည်။ 

ပဲပုတ်ဆီမှာ ယခင်အပတ် ၇၀၀၀ ကျပ်မှ ယခုအပတ် ၇၅၀၀ ကျပ်သို့ ဈေးမသိမသာ မြင့်သွားပြီး နေကြာဈေးမြင့်သဖြင့် နေကြာဆီမှာ နေကြာဈေးမြင့်သဖြင့် ဆီဈေးပါမြင့်သွားပြီး တစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၄၅၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ 

      

စားဖိုဆောင်သီးနှံ ဈေးကွက်အခြေအနေ

      

မန္တလေး ကိုင်းတန်းဈေးတွင် ငရုတ်ခြောက် (ရှည်) မှာ အသစ်မဝင်သေးခြင်း၊ လက်ကျန်နည်း ခြင်းကြောင့် တစ်ပိဿာ ၁၅၀၀၀ ကျပ် ငရုတ်ခြောက် (လတ်) တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ငရုတ် ခြောက် (ပွ) ဧရာဝတီတိုင်း Aircorn ပွများမှာ တစ်ပိဿာ ၂၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

      

ကြက်သွန်နီ ဈေးနုန်းမှာ အသစ်မဝင်သေးခြင်း၊ နယ်စုံမှ ဝင်ရောက်မှု ရှိခြင်း၊ လက်ကျန် အရည်အသွေးနိမ့်သွားခြင်းတို့ကြောင့် ကြီးတစ်ပိဿာ ၃၂၀၀ ကျပ လတ် တစ်ပိဿာ ၃၀၀၀ ကျပ်  သေးတစ်ပိဿာ ၂၈၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။ 

       

ကြက်သွန်ဖြူဈေးနုန်း အနေဖြင့် ကြက်သွန်ဖြူ (တရုတ်) အဝင်ပုံမှန် စားသုံးမှုပုံမှန် ရှိခြင်းကြောင့် တစ်ပိဿာ ၇၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ကြက်သွန်ဖြူ (ရှမ်း) မှာ အရည် အသွေးပေါ်မှုတည်၍ အညံ့ဆုံး တစ်ပိဿာ ၇၀၀၀ ကျပ်မှ အကောင်းဆုံး တစ်ပိဿာ ၈၅၀၀ ကျပ်သို့ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။

      

အားလူးဈေးနှုန်းမှာ အောင်ပန်းအားလူးများ အဝင်များလာသဖြင့် တစ်ပိဿာ ၂၀၀၀ ကျပ်မှ ၁၈၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး တရုတ်အာလူးမှာ အဝင်ပုံမှန်၊ စားသုံးမှုပုံမှန် ရှိခြင်းကြောင့် တစ်ပိဿာ ၂၂၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

      

ချင်းဈေးနှုန်းမှာလည်း ချင်းသစ်များအဝင်များလာခြင်းကြောင့် တစ်ပိဿာ ၃၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ၊ ချင်းဟောင်းမှာ လက်ကျန်နည်းသွားခြင်းကြောင့် တစ်ပိဿာ ၆၀၀၀ ကျပ်မှ ၆၅၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။

 

ပဲမျိုးစုံဈေးကွက်အခြေအနေ

 

မန္တလေး ပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံတို့အနက် မက်ပဲ ဈေးနုန်းမှာ လက်ကျန်နည်းခြင်း ၊ ပဲခွဲစက်များ ဝယ်ယူမှုရှိခြင်းကြောင့် ရန်ကုန်ဝယ်လက် နည်းသော် လည်း ၆၀ ပိဿာလျှင် ၂၃၅၀၀၀ ကျပ်မှ ၂၄၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး၊ ရေသွင်းပဲ မှာလည်း ၂၀၅၀၀၀ ကျပ်မှ ၂၂၅၀၀၀ ကျပ်သို့ ဈေးမြင့် သွားသည်။ 

      

ပဲတီစိမ်း (အညာ) မှာ မိုးပဲစတင်ဝင်ရောက်မှုခြင်း၊ ဒေသအလိုက် အရည်အသွေးကွာခြားမှု ရှိခြင်း၊ ငွေဈေးအတက်အကျကြောင့် အရောင်းအဝယ်အေးခြင်းတို့ကြောင့် အရည်အသွေးအညံ့ဆုံး ယခင်အပတ် ၃တင်းတစ်အိတ်လျှင် ၁၆၈၀၀၀ ကျပ်မှ ၁၅၅၀၀၀ ကျပ်၊ အရည်အသွေးအကောင်းဆုံး ၁၇၅၀၀၀ ကျပ်မှ ၁၇၃၀၀၀ ကျပ်သို့ နိမ့်သွားသည်။

ပဲစဉ်းငုံ (ဖြူ/နီ) တို့မှာ အရောင်းအဝယ်အေးသော်လည်း လက်ကျန်နည်း ပစ္စည်းကောင်းရှား ခြင်းကြောင့် ယခင်အပတ်အတိုင်း ပဲစဉ်းငုံ (ဖြူ) ၆၀ ပိဿာ ၃၁၀၀၀၀ ကျပ် ပဲစဉ်းငုံ (နီ) ၃၈၅၀၀၀ ကျပ် အမြင့်ဈေးဖြင့် ဈေးတည်ငြိမ်နေသည်။

      

ပဲပုတ် (ရှမ်း/မြန်မာ) တို့မှာ မိုးပဲပုတ်ဝင်ချိန်ဖြစ်သော်လည်း အဝင်နည်းသေးခြင်း၊ လှောင်သမားထုတ်ရောင်းမှု ရှိခြင်းတို့ကြောင့် ပဲပုတ် (မြန်မာ) ၃တင်း တစ်အိတ်လျှင် ၂၄၀၀၀၀ ကျပ်မှ ၂၃၅၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားပြီး ပဲပုတ် (ရှမ်း) မှာ မိုးပဲအဝင်နည်းသေးခြင်း ဆီစက်သမား ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် မိုးမိတ်ပဲ ၃တင်းတစ်အိတ် ၁၇၆၀၀၀ကျပ်၊ မိုးညှင်းပဲ ၃တင်းတစ်အိတ် ၁၈၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ 

    

ပဲယင်းနှင့်မြေတောက်ပဲမှာ လက်ကျန်နည်းခြင်း၊  လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် အရောင်းအဝယ်အေးသော်လည်း ပဲယင်းကြီး ယခင်အပတ်အရည်အသွေးအကောင်းဆုံး ၁၇၅၀၀၀ ကျပ်မှ ယခုအပတ် အရောင်းအဝယ်ဖြစ်မှုရှိသောရက်တွင် ၁၇၆၀၀၀ကျပ်ထိ ဈေးမြင့်သွားပြီး  မြေတောက်ပဲမှာ ၃၆၀၀၀၀ကျပ် မှ ၃၆၅၀၀၀ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ စားတော်ပဲ (ကျွန်း)မှာလည်း လက်လီသမားအဝယ်နည်းခြင်းကြောင့် ၃တင်းတစ်အိတ် ၃၈၀၀၀၀ကျပ် အမြင့် ဈေးဖြင့်တည်ငြိမ်နေသည်။ 

      

ပဲကြီး(ကြီး/သေး) ၊ ထောပတ်ပဲ(ကြီး/သေး)နှင့်ပဲလွန်းဖြူ တို့မှာ လက်ကျန်နည်းခြင်း၊ လှောင် သမားထံမှဝယ်ရခြင်းတို့ကြောင့် လုပ်ငန်းသမားအဝယ်နည်းသော်လည်း ပဲကြီး(ကြီး) ၃တင်းတစ် အိတ် ၃၂၀၀၀၀ကျပ်၊ ပဲကြီး(သေး) ၂၉၀၀၀၀ကျပ်၊ ထောပတ်ပဲ(ကြီး) ၃၉၀၀၀၀ကျပ်၊ ထောပတ်ပဲ (သေး) ၃၇၀၀၀၀ကျပ်၊ ပဲလွန်းပြာ ၁၉၅၀၀၀ကျပ် တို့အမြင့်ဈေးဖြင့် ဈေးတည်ငြိမ်နေသည်။ 

     

ပဲလွန်းဖြူမှာ အထွက်နည်း အဝင်နည်း၊ လက်ကျန်နည်းခြင်း မိုးပဲလွန်းဖြူမဝင်သေးခြင်း ၊ လက်လီသမားအဝယ်ရှိခြင်းကြောင့် ယခင်အပတ် ၃တင်းတစ်အိတ် ၁၇၀၀၀၀ကျပ်မှ ယခုအပတ် ၁၉၀၀၀၀ကျပ်သို့ ဈေးသိသိသာသာမြင့်သွားသည်။ 

      

ဟင်းသီး/ရွက်နှင့် သစ်သီးဝလံဈေးကွက်အခြေအနေ

 

ဟင်းသီး/ရွက်ဈေးနှုန်းအနေဖြင့် မုံရွာ ထိုင်ဝမ်သီးများ မဝင်သေးခြင်း အင်းသီးတစ်မျိုးထဲ သာ ဝင်ရောက်ခြင်းကြောင့် ၂၀ပိသာ တစ်သေတ္တာ လျှင် ၃၆၀၀၀ကျပ် ဈေးရှိပြီး မြစ်ကြီးနား၊ လုံးခင်းနှင့် မြို့တွင်းသုံးဝယ်ယူမှုရှိသည်။ ငရုတ်စို(ရှည်)မှာ တပ်ကုန်း၊ သာစည်၊ ပုသိမ်ကြီးဝန်းကျင်တို့မှ ဝင်ရောက်မှုရှိခြင်းကြောင့် တစ်ပိသာ ၁၉၀၀ကျပ် ဈေး ရှိပြီး ငရုတ်စို(လတ်)မှာ မုံရွာ၊ ချောင်းဦးမှ စတင်ဝင်ရောက်မှုရှိခြင်းကြောင့် တစ်ပိသာလျှင် ၅၀၀၀ ကျပ်ခန့်ဖြင့် ကွပ်ခိုင် ၅ရက်တစ်ဈေးနှင့် ငပိထောင်း၊ လက်ဖက်လုပ်ငန်းသမားများ ပုံမှန်ဝယ်ယူမှု ရှိသည်။

     

သစ်သီးဝလံဈေးနှုန်းအနေဖြင့် သခွားမွှေး၊ ရွှေသခွား ၄လုံးတစ်ဖာလျှင် ၁၀၀၀၀ကျပ် မှ ၁၂၀၀၀ကျပ်၊ ဖရဲသီး ၂ပိသာအထက်တစ်လုံးလျှင် ၂၀၀၀ကျပ်ဈေးရှိပြီး လားရှိုး၊ မှုဆယ်နှင့် အမှာ  ရှိသောမြို့များသို့ တင်ပို့မှုရှိသည်။ ရမည်းသင်း၊ မိတ္ထီလာ စပျစ်သီးတစ်မျိုးသာလျှင် အရည်းအသွေး ပေါ်မှုတည်၍ ၅၀၀၀၀ကျပ်မှ ၇၅၀၀၀၀ကျပ် ဈေးရှိသည်။ ရွာငံဘက်မှ ထောပတ်သီးများလည်း စတင်ဝင်ရောက်မှုရှိပြီး အရည်အသွေးပေါ်မှုတည်၍ ၁၂၀ လုံးခန့်ပါသော ပိုက်အိတ်တစ်အိတ်လျှင် ၃၀၀၀၀ကျပ် မှ ၅၀၀၀၀ကျပ်ထိ ဈေးအမျိုးမျိုးဖြင့်ရောင်းဝယ်မှုရှိသည်။

 

Source Market Information Service- DOP- MOALI


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 29 September 2023 17:45
Rate this item
(0 votes)