Food Industry

×

Warning

JUser: :_load: Unable to load user with ID: 540

နိုင်ငံတကာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးဆိုင်ရာ ပြပွဲ ( Agri Tech Myanmar ) ကို အင်ယားလိတ် ဟိုတယ်ဝင်း အတွင်းရှိ Yangon Convention Center - YCC တွင် လာမည့် မေလ ၂၆ ရက်မှ ၂၈ ရက်ထိ ( မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ) သုံးရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

Published in Event & Exhibition

မန္တလေးတိုင်း၊ ပြင်ဦးလွင်၏ ဒေသထွက်ကုန်တစ်ခုဖြစ်သော စတော်ဘယ်ရီသည် ယခုနှစ် ဇန်နဝါရီလလယ်မှ စတင်၍ အရောင်းအဝယ် ဖြစ်ခဲ့ပြီး လက်ရှိ လှိုင်လှိုင်ပေါ်နေသည့်အချိန်တွင် ရောင်းအားအကောင်းဆုံးဖြင့် အကျိုးအမြတ် ရရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

 

စျေးနှုန်းအနေဖြင့် စတော်ဘယ်ရီသီး စတင် ထွက်ပေါ်ချိန်တွင်...

 

  • စတော်ဘယ်ရီ ချိုမွှေးသီး (၁) ပိဿာလျှင် (၁၅,၀၀၀) ကျပ်၊ 
  • စတော်ဘယ်ရီ ရိုးရိုးအကျွတ်သီး (၁) ပိဿာလျှင် (၁၃,၀၀၀) ကျပ်၊ 
  • စတော်ဘယ်ရီ ဖျော်ရည်သီး (ဒေသမျိုး) (၁) ပိဿာလျှင် (၁၂,၀၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သည်။

 

ယခုကဲ့သို့ လှိုင်လှိုင်ပေါ်ချိန်တွင် စတော်ဘယ်ရီ ဈေးနှုန်းများ အနည်းငယ် ကျဆင်းလာပြီး...

 

  • စတော်ဘယ်ရီ ချိုမွှေးသီး (၁) ပိဿာလျှင် (၁၂,၀၀၀) ကျပ်၊ 
  • စတော်ဘယ်ရီ ရိုးရိုးအကျွတ်သီး (၁) ပိဿာလျှင် (၇,၀၀၀) ကျပ်၊ 
  • စတော်ဘယ်ရီ ဖျော်ရည်သီး (ဒေသမျိုး) (၁) ပိဿာလျှင် (၆,၅၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိသည်။ 

 

Advertisement

Click Here > King Metal

 

ပြင်ဦးလွင်မြို့နှင့် အနီးတဝိုက် ကျေးရွာများမှ ထွက်ရှိသည့် စတော်ဘယ်ရီများကို အဓိကဈေးကွက်အနေဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ ရောင်းချကာ တခြားနယ်များသို့လည်း တင်ပို့လျက် ရှိသည်။

 

စတော်ဘယ်ရီ သီးနှံသည် နှစ်စဉ် ရောင်းအားကောင်းပြီး စိုက်ပျိုးသူများအနေဖြင့် အကျိုးအမြတ်များစွာ ရရှိကြသဖြင့် ယခင် ၂၀၂၂ ခုနှစ်၌ စတော်ဘယ်ရီသီးနှံ (၂၀၀) ဧက စိုက်ပျိုးခဲ့ရာမှ ယခုနှစ် ၂၀၂၃ ခုနှစ်တွင် (၂၃၁) ဧကသို့ ပိုမို တိုးချဲ့၍ စိုက်ပျိုးခဲ့ကြသည်။

 

စတော်ဘယ်ရီ စိုက်ပျိုးရာတွင် ကုန်ကျစရိတ်အနေဖြင့် စတော်ဘယ်ရီခင်း (၁) ဧကလျှင် ၂၅-၃၀ ကျပ်သိန်းခန့် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ၁၅-၂၀ ကျပ်သိန်း ရရှိကြသည်ဟု သိရသည်။

 

ယခုနှစ်တွင် သွင်းအားစုနှင့် အလုပ်သမားစရိတ်များသည် နှစ်ဆကျော် ကုန်ကျသော်လည်း တောင်သူအများစုမှာ မိရိုးဖလာ အစဉ်အဆက် ဆက်လက် စိုက်ပျိုးကြခြင်း ဖြစ်ကာ စတော်ဘယ်ရီ စိုက်ပျိုးချိန်သည် စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၇) လကျော် ကြာမြင့်သည်။ 

 

Source : MOC

Published in Food & Livestock

မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့သည် နိုင်ငံ၏ စားသုံးသူ ဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းတို့ကို အခြေခံထားသည့် စားသုံးသူဈေးဆနှုန်း (Consumer Price Index: CPI) ကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အထိ လစဉ် ထုတ်ပြန်ခဲ့သည်။ 

 

စားသုံးသူဈေးဆနှုန်းကို အချိန်ကာလအလျောက် ဈေးနှုန်းပြောင်းလဲမှုနှင့် စားသုံးမှုပုံစံ ပြောင်းလဲမှုကို တိုင်းတာနိုင်ရန်အတွက် မိမိနိုင်ငံအတွက် တွက်ချက် ထုတ်ပြန်ခြင်း ဖြစ်ပြီး နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း တိုင်းတာရာတွင် အဓိက အသုံးပြုသည်။ 

 

အချိန်ကာလအလျောက် လူနေမှုအဆင့်အတန်း မြင့်မားလာခြင်းကြောင့် လူတို့၏ စားသုံးမှုပုံစံ ပြောင်းလဲမှုများကို ပိုမိုထင်ဟပ်စေရန်အတွက် ကုန်စည်နှင့် ဝန်ဆောင်မှု အမျိုးအစားများ ပြောင်းလဲ သုံးစွဲလာမှုကို အခါအားလျော်စွာ ဆန်းစစ်၍ စားသုံးသူဈေးဆနှုန်း တွက်ချက်ရာတွင် အသုံးပြုသည့် အခြေခံနှစ်ကို ပြောင်းလဲကာ တွက်ချက်ကြသည်။

 

ကမ္ဘာ့နိုင်ငံများအနေဖြင့် စားသုံးသူဈေးဆနှုန်း တွက်ချက်ရာတွင် အချိန်ကာလ ပြောင်းလဲလာသည်နှင့်အမျှ လူတို့၏ စားသုံးမှုပုံစံ ပြောင်းလဲလာခြင်း၊ စီးပွားရေးစနစ်များ ပြောင်းလဲလာသဖြင့် စီးပွားရေးပုံသဏ္ဍာန်နှင့်အတူ စားသုံးမှုပုံသဏ္ဍာန်ပါ ပြောင်းလဲလာခြင်း၊ ဝင်ငွေ တိုးတက် ပြောင်းလဲလာသဖြင့် လူနေမှု အဆင့်အတန်း မြင့်မားလာခြင်း စသည့်အချက်များကြောင့် စားသုံးသူဈေးခြင်းတောင်း (CPI Basket) ကို လက်ရှိအခြေအနေနှင့် ထင်ဟပ် လွှမ်းခြုံမှု ရှိစေရန်အတွက် အခြေခံနှစ်ကို (၅) နှစ်မှ (၁၀) နှစ်အတွင်း ပြောင်းလဲ တွက်ချက်လေ့ ရှိသည်။

 

မြန်မာနိုင်ငံ၏ စားသုံးသူဈေးဆနှုန်းကို တွက်ချက်ရာတွင်လည်း လူတို့၏ စားသုံးမှုနှင့် ဝန်ဆောင်မှုပုံစံများ ပြောင်းလဲလာမှုအရ ခေတ်ကာလနှင့် လိုက်လျောညီထွေရှိစေမည့် အခြေခံနှစ်များကို ပြောင်းလဲ တွက်ချက်ခဲ့ခြင်း ဖြစ်သည်။ 

 

Advertisement

Click Here > Great Star Enterprise

 

ရန်ကုန်မြို့၏ စားသုံးသူဈေးဆနှုန်းကို ၁၉၂၈ ခုနှစ်တွင် စတင်တွက်ချက်ခဲ့ပြီး ၁၉၂၇၊ ၁၉၄၁၊ ၁၉၅၈၊ ၁၉၆၅၊ ၁၉၇၂၊ ၁၉၇၈ နှင့် ၁၉၈၆ အခြေခံနှစ်များဖြင့် တွက်ချက်ခဲ့သည်။ တစ်နိုင်ငံလုံး၏ စားသုံးသူ ဈေးဆနှုန်းကို ၁၉၉၇ ခုနှစ် အခြေခံနှစ်ဖြင့် စတင် တွက်ချက်ခဲ့ပြီး ၂၀၀၆ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့ဖြင့် အသီးသီးပြောင်းလဲ တွက်ချက်ခဲ့သည်။ 

 

ယခုအချိန်တွင် မြန်မာနိုင်ငံ၌ လက်ရှိအသုံးပြု တွက်ချက်ထုတ်ပြန်နေသည့် ၂၀၁၂ ခုနှစ် အခြေခံနှစ်၏ စားသုံးသူဈေးခြင်းတောင်း (CPI Basket) ရှိ ကုန်စည်နှင့် ဝန်ဆောင်မှုများသည် ခေတ်စနစ်နှင့် လိုက်လျောညီထွေမှု မရှိတော့သဖြင့် အခြေခံနှစ် ပြောင်းလဲတွက်ချက်ရန် လိုအပ်လျက် ရှိသည်။

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့သည် ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်တို့နှင့် ပူးပေါင်း၍ “ မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း (၂၀၁၇) ကို ၂၀၁၇ ခုနှစ်တွင် ကောက်ယူခဲ့သည်။ 

 

အဆိုပါ စစ်တမ်းမှ ရရှိခဲ့သော လူအများစားသုံးသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို အသုံးပြု၍ အိမ်ထောင်စုများ သုံးစွဲသည့် စားသုံးမှုစရိတ်တွင် အလေးပေး ရာခိုင်နှုန်းများကို တွက်ချက်ပြီး ၂၀၁၇ ခုနှစ် အခြေခံနှစ်အဖြစ် ပြောင်းလဲ တွက်ချက်နိုင်ရန် ၂၀၂၀ ပြည့်နှစ်ကတည်းက ဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။

 

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ စားသုံးသူဈေးဆနှုန်းကို ၂၀၁၇ ခုနှစ် အခြေခံနှစ် ပြောင်းလဲတွက်ချက်ရန် ဆောင်ရွက်လျက်ရှိရာ နည်းပညာပိုင်းအရ မှန်ကန်ခိုင်မာမှုရှိရေးနှင့် သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း .. ပြောင်းလဲတွက်ချက် ထုတ်ပြန်နိုင်ရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့မှ ဦးဆောင်ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအားလုံးမှ ကိုယ်စားလှယ် များပါဝင်သော လုပ်ငန်းအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်လျက် ရှိသည်။

 

စားသုံးသူဈေးဆနှုန်း တွက်ချက်သည့် အခြေခံနှစ်ကို လက်ရှိ ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်သို့ ပြောင်းလဲတွက်ချက် ထုတ်ပြန်ရာတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် အိမ်ထောင်စုများ အားလုံးက အဖက်ဖက်မှ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် လူတို့၏ ပြောင်းလဲနေသည့် စားသုံးမှု ပုံစံနှင့် ကိုက်ညီမှုရှိပြီး၊ လက်ရှိအခြေအနေကို ပိုမို ထင်ဟပ်လွှမ်းခြုံ၍ ခိုင်မာအားကောင်းသည့် အညွှန်းကိန်းများကို ရရှိစေမည် ဖြစ်သည်။

 

Ref : MOFP

Published in Fruits & Vegetables

Onlineမှ ဆီလုပ်ငန်းများကို ၄၅ကြိမ်မြောက်လိုင်စင်ထောက်ခံချက်ထုတ်ပေးပြီးစာရင်း

Published in Myanmar

Onlineမှ ဆီလုပ်ငန်းများကို ၄၃ကြိမ်မြောက်လိုင်စင်ထောက်ခံချက်ထုတ်ပေးပြီးစာရင်း

Published in Myanmar

Onlineမှ ဆီလုပ်ငန်းများကို ၄၂ကြိမ်မြောက်လိုင်စင်ထောက်ခံချက်ထုတ်ပေးပြီးစာရင်း

Published in Myanmar

Onlineမှ ဆီလုပ်ငန်းများကို ၄၁ကြိမ်မြောက်လိုင်စင်ထောက်ခံချက်ထုတ်ပေးပြီးစာရင်း

Published in Myanmar

မိုးစပါးပေါ်ချိန်တွင် စပါးဈေးနှုန်းများအခြေခံသတ်မှတ်ဈေးနှုန်းအောက် လျော့ကျပါက

Published in Myanmar

Onlineမှ ဆီလုပ်ငန်းများကို ၄၀ကြိမ်မြောက်လိုင်စင်ထောက်ခံချက်ထုတ်ပေးပြီးစာရင်း

Published in Myanmar

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု CERP အစီအစဉ် အရ

Published in Myanmar
Page 3 of 14