Food Industry

ဖိလစ်ပိုင်နှင့် မြန်မာအကြား စိုက်ပျိုးရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ     ဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်း ဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ ကြကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှ သိရသည်။

 

နားလည်မှုစာချွန်လွှာအား ASEAN-BAC Philippines  ဥက္ကဋ္ဌ Mr Joe  Ma A Concepcion III နှင့် ASEAN BA Myanmar ဦးအေးဝင်းတို့က စက်တင်ဘာ (၅) ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ကျင်းပသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင် အများအပြား တက်ရောက်ခဲ့ကြသော ဖိလစ်ပိုင်-အင်ဒိုနီးရှား စားပွဲဝိုင်းဆွေးနွေးပွဲတွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

 

Ad > MMM Car Sales Center

 

အဆိုပါ နားလည်မှုစာချွန်လွှာတွင် အသေးစား၊ အလတ်စားနှင့် အကြီးစား တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား အလားအလာရှိသော

  • စိုက်ပျိုးရေးကဏ္ဍ၊ 
  • စိုက်ပျိုးရေးနည်းပညာ၊ 
  • စားနပ်ရိက္ခာဖူလုံရေး၊ 
  • စားနပ်ရိက္ခာ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် 
  • စိုက်ပျိုးရေးအခြေခံ  စားနပ်ရိက္ခာ ထုတ်လုပ်ရေး၊ 
  • စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပုံစံများနှင့်  
  • တန်ဖိုးမြှင့် ထောက်ပံ့မှု ကွင်းဆက်များ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် လေ့လာမှုများနှင့် လမ်းညွှန်မှုများ ပြုလုပ်ကြရန် ပါရှိသည်။

 

ထို့နောက် ကုန်သွယ်မှုနှင့်   ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ နည်းပညာဖလှယ်ခြင်း၊   ဆန်နှင့် လယ်ယာထွက်ကုန်များ၊  ဝန်ဆောင်မှုကဏ္ဍများတွင်  လိုအပ်သည့် စီးပွားရေးဆိုင်ရာ လိုအပ်ချက်များကို သတ်မှတ်ရန်လည်း ဖော်ပြထားသည်။

 

ယင်းပြင်  ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင် ဖြေရှင်းရာတွင် ထိရောက်သော မဟာဗျူဟာများကို     မြှင့်တင်ရန်နှင့် မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့အတွက် ရေရှည်တည်တံ့သော လယ်ယာစီးပွားရေး ပတ်ဝန်းကျင်ကို ရရှိရန်တို့ ပါဝင်ကြောင်း သိရသည်။

Published in Food & Livestock

မြန်မာပြည်တွင်း ထွက်ရှိသည့် လက်ဖက်များကို တန်ဖိုးမြှင့်ထုတ်ကုန် လက်ဖက်ဝိုင်အဖြစ် ထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မြန်မာနိုင်ငံ လက်ဖက်အသင်းကို တိုက်တွန်းထားကြောင်း သိရသည်။

 

Published in Fruits & Vegetables

၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လထိ (၅) လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ပေါင်း (၄) သိန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး ထိုသို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁၆၆) သန်း နိုင်ငံခြားဝင်ငွေ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ သတင်းများအရ သိရသည်။

Published in Food & Livestock

မြန်မာနိုင်ငံမှ ကြက်သွန်နီတန်ချိန် (၂၀၀) ကို ဝယ်ယူ တင်သွင်းရန်အတွက် ခွင့်ပြုပေးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနမှ သိရသည်။ အစိုးရက တင်သွင်းခွင့်ပြုသည့် ကြက်သွန်နီ တန်ချိန် (၂၁,၅၈၀) အနက် မြန်မာနိုင်ငံက ခွဲတမ်းအဖြစ် တန်ချိန် (၂၀၀) တင်ပို့ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံဘက်မှ ကြက်သွန်နီ တင်ပို့မှုအပေါ် အခွန် (၄၀) ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမှုကြောင့် ပြည်တွင်းဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လာခဲ့ပြီးနောက် ယခုကဲ့သို့ မြန်မာအပါအဝင် နိုင်ငံ (၉) နိုင်ငံမှ တင်သွင်းမည့် ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့သည်ဟု ဆိုသည်။ 

မြန်မာနိုင်ငံအနေဖြင့်လည်း ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများထံသို့ ကြက်သွန်နီတန်ချိန် (၁) သိန်းကျော်အထိ တိုးမြှင့် တင်ပို့နိုင်ရန် ရည်မှန်းထားသည်ဟု သိရှိရသည်။

 

Advertisement

Click Here > Winpex Blind

ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်း ကြက်သွန်နီဈေး တစ်ပိဿာလျှင် အမြင့်ဆုံး ကျပ် (၃,၅၀၀) အထိ ဈေးရနေပြီး ဇူလိုင်လဆန်း ဈေးနှုန်းထက် တစ်ပိဿာ ကျပ် (၁,၃၀၀) ကျော်အထိ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

စီးပွားရေး‌နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ပြည်ပဈေးကွက်သို့ ကြက်သွန်နီ တန်ချိန် (၉၄,၀၀၀) ခန့် တင်ပို့နိုင်ခဲ့ပြီး ၎င်းမှ အမေရိကန်ဒေါ်လာ (၄၁) သန်းကျော်ထိ ရရှိထားကြောင်း သိရသည်။

မြန်မာ့ကြက်သွန်နီကို အဓိက ဝယ်ယူနေသည့် ဖောက်သည်နိုင်ငံများထဲတွင် ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ စင်ကာပူနှင့် အမေရိကန်နိုင်ငံများ ပါဝင်နေပြီး မြန်မာနိုင်ငံတစ်ဝှမ်း ကြက်သွန်စိုက်ဧက (၁၇၀,၀၀၀) ကျော်ရှိကာ ထုတ်လုပ်မှုတန်ချိန် (၁) သန်းခန့် ရှိသည်။

 

Source : Hwet Toe

 

Published in Fruits & Vegetables

မြန်မာ့ကော်ဖီ စိုက်ပျိုးရေးကဏ္ဍ ပိုမို ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ကော်ဖီဇုန် သုံးဇုန်ခွဲ၍ ကော်ဖီစိုက်ဧက သုံးသိန်းထိ စိုက်ပျိုးသွားရန် စီစဉ်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သတင်းများအရ သိရသည်။

 

မြန်မာနိုင်ငံသည် ကမ္ဘာ့ကော်ဖီ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချနေသည့် နိုင်ငံပေါင်း (၇၅) နိုင်ငံတွင် ပါဝင်ပြီး နိုင်ငံတကာ ကော်ဖီဈေးကွက်တွင် အနံ့အရသာနှင့် အရည်အသွေးပိုင်း၌ မြန်မာနိုင်ငံမှ စိုက်ပျိုး ထွက်ရှိနေသည့် ကော်ဖီများသည် ကမ္ဘာ့ထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ 

 

သို့သော် လက်ရှိတွင် မြန်မာနိုင်ငံ၌ ကော်ဖီစိုက်ပျိုးဧက (၄၉,၀၀၀) ကျော်သာ ရှိပြီး အဆိုပါ ကော်ဖီ စိုက်ပျိုးဧကမှာ မြန်မာနိုင်ငံမှ ကော်ဖီစိုက်ပျိုးနိုင်သည့် မြေဧရိယာ၏ (၆၀) ရာခိုင်နှုန်းခန့်သာ ရှိနေကြောင်း သိရှိရသည်။

 

ထို့ကြောင့် မြန်မာ့ကော်ဖီ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် ပိုမို တိုးချဲ့ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ကော်ဖီလုပ်ငန်း လုပ်ကိုင်လိုသူများကို ဖိတ်ခေါ်ကာ အစီအစဉ်များ ရေးဆွဲ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

 

Advertisement

Click Here > Mega Global Green

 

ထို့အတူ ကော်ဖီလုပ်ငန်းများအပေါ် ဝန်ဆောင်မှုပေးမည့် အခြေအနေများ၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၊ အခြောက်ခံလုပ်ဆောင်မှု၊ ကုန်ချောထုတ်လုပ်မှု၊ စက်ကိရိယာအသုံးချမှု စသည့် လုပ်ငန်းစဉ်တစ်လျှောက် ကော်ဖီလုပ်ငန်း နည်းပညာဆိုင်ရာ မွမ်းမံသင်တန်းများလည်း ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။ 

 

ဒေသတွင်း နာမည်ကျော်မည့် ကော်ဖီအမှတ်တံဆိပ်မျိုး ဖြစ်လာစေရေး ပျိုးထောင်မှုများကိုလည်း ဆောင်ရွက်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

 

လက်ရှိ မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများကို ရှမ်းပြည်နယ်တွင် ဧက ၂၇,၀၀၀ ဖြင့် ပထမအများဆုံး၊ ကရင်ပြည်နယ်တွင် ၁၀,၀၂၉ ဧကဖြင့် ဒုတိယအများဆုံးနှင့် မန္တလေးတိုင်းဒေသကြီးတွင် ဧက ၅,၀၀၀ ကျော်ဖြင့် တတိယအများဆုံး စိုက်ပျိုးလျက် ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

Source: ရတနာပုံသတင်းစာ

Published in Fruits & Vegetables

ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ဟိုပုံးမြို့နယ်တွင် ထောပတ်သီးသန့်စင် ထုပ်ပိုးသည့် စက်ရုံတစ်ခုကို တည်ဆောက်နေပြီး လက်ရှိတွင် (၆၀) ရာခိုင်နှုန်း တည်ဆောက် ပြီးစီးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ထောပတ်သီး သန့်စင် ထုပ်ပိုးသည့် စက်ရုံကို မြန်မာနိုင်ငံ၏ ထောပတ်သီးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပြည်တွင်းတွင် ပထမဆုံးအနေဖြင့် တည်ဆောက်နေခြင်း ဖြစ်ကာ ကျပ်သိန်းပေါင်း (၃ဝ,၀၀၀) ကျော် ကုန်ကျကြောင်း သိရသည်။

 

ကိုဗစ်ရောဂါကာလ မတိုင်မီက စတင် တည်ဆောက်ခဲ့သည့် အဆိုပါစက်ရုံကို လာမည့် ထောပတ်သီးရာသီအမီ အပြီး ဆောက်လုပ်သွားမည် ဖြစ်ပြီး လက်ရှိတွင် တည်ဆောက်မှုသည် အဆောက်အဦပိုင်းနှင့် မီးသွယ်တန်းခြင်း လုပ်ငန်းများ ပြီးစီးနေပြီ ဖြစ်သည်ဟု ဆိုသည်။

 

“ ထောပတ်သီးသန့်စင် ထုပ်ပိုးစက်ရုံ တည်ဆောက်နေပါတယ်။ ထောပတ်တောင်သူတွေနဲ့ ပူးပေါင်းပြီးတော့ ကိုဗစ်ရောဂါကာလ မတိုင်မီကနေ တည်ဆောက်ခဲ့တာပါ။ ယခုဆိုရင် ရာခိုင်နှုန်းအနေနဲ့ (၆၀) ရာခိုင်နှုန်း ပြီးနေပါပြီ။ စက်တွေ ဝယ်ယူဖြည့်သွင်းဖို့ပဲ ကျန်တော့တယ်။ ထောပတ်သီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်နေတာပါ။ ခုလို တည်ဆောက်တာကလည်း ပြည်ပကို တင်ပို့နိုင်ဖို့ပါ။

 

     Advertisement

Click Here > Great Modern

 

ဒီလိုစက်ရုံမျိုးတွေ ထောပတ်သီးစိုက်ပျိုးတဲ့ နေရာတွေမှာရှိဖို့ လိုအပ်ပါတယ်။ ခုလို စက်ရုံမျိုးတွေရှိပြီဆိုရင် (၂၄) နာရီအတွင်း သန့်စင် ထုပ်ပိုးနိုင်ပြီးတော့ ပြည်ပသို့ပို့မယ့် လမ်းကြောင်းကို ရောက်အောင်တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ထောပတ်သီးရာသီအမီ ကြိုးစား ဆောင်ရွက်နေတယ်” ဟု တာဝန်ရှိသူက ပြောသည်။  

 

ထောပတ်သီး သန့်စင် ထုပ်ပိုးသည့်စက်ရုံ တည်ဆောက်ရခြင်းသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ လက်လှမ်းမီသည့် နေရာများမှ ထောပတ်သီးများကို ယင်းစက်ရုံတွင် သန့်စင် ထုပ်ပိုး၍ ပြည်ပနိုင်ငံများသို့ တင်ပို့သွားနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

 

စက်ရုံတည်ဆောက်ပြီးပါက ခူးစွတ်သီးများကို သန့်စင်ခြင်း၊ အရွယ်အစား ဆိုဒ်ခွဲခြင်း၊ ပါကင်လုပ်ခြင်း စသည့် စနစ်ပိုင်းများပြီးလျှင် ပြည်ပနိုင်ငံများက တောင်းဆိုသည့် ကေဂျီပုံးများအတိုင်း ထုပ်ပိုးကာ ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Published in Fruits & Vegetables

ပြီးခဲ့သည့်   ကော်ဖီရာသီချိန်အတွင်း  ထိုင်းနိုင်ငံသို့  မြန်မာ့ကော်ဖီစိမ်း အထွက်နှုန်း၏ (၇၅) ရာခိုင်နှုန်းကို တင်ပို့ ရောင်းချထားကြောင်း   မြန်မာနိုင်ငံ ကော်ဖီအသင်းမှ သိရသည်။  

Published in Fruits & Vegetables

ပြီးခဲ့သည့် မေလ (၁) ရက်မှ (၃၁) ရက်ထိ တစ်လတာ ကာလအတွင်း ပြည်ပနိုင်ငံများသို့ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံ တန်ချိန် စုစုပေါင်း ၁၄၈,၂၂၀ ကျော် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း (၁၁၀) ကျော် ရရှိခဲ့ကြောင်း သိရသည်။

 

မေလအတွင်း ပဲတီစိမ်းတင်ပို့မှုမှ တန်ချိန်စုစုပေါင်း ၇၇,၀ဝ၀ ကျော်နှင့် အမေရိကန်ဒေါ်လာ ၃.၈၈၅ သန်း၊ မတ်ပဲတင်ပို့မှုမှ တန်ချိန် ၅၂,၀ဝ၀ နီးပါးနှင့် အမေရိကန်ဒေါ်လာ ၄၄.ဝ၂၉ သန်း၊ ပဲစင်းငုံ တင်ပို့မှုမှ တန်ချိန် ၁၈,၅၀ဝ ခန့်နှင့် အမေရိကန်ဒေါ်လာ ၁၅.၆၆၀ သန်း ရရှိခဲ့ခြင်း ဖြစ်သည်။

 

ပင်လယ်ရေကြောင်း  ကုန်သွယ်မှုမှ ပဲတီစိမ်းတင်ပို့မှုမှာ မေလအတွင်း တန်ချိန် ၇၀,၇၀ဝ ကျော်နှင့် တန်ဖိုး အမေရိကန် ဒေါ်လာ ၄၆.၃၀ဝ သန်း ရရှိခဲ့သည်။ ပဲတီစိမ်းကို ရေကြောင်းမှ…

  • တရုတ်နိုင်ငံသို့  တန်ချိန် ၄၅,၄၈၀ ကျော် 
  • စင်ကာပူနိုင်ငံသို့ တန်ချိန် ၁၅,၅၂၀ ကျော်
  • ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၂,၂၅၀
  • ဂျပန်နိုင်ငံသို့ တန်ချိန် ၁,၆၇၀ ကျော်
  • ဉရောပနိုင်ငံများသို့ တန်ချိန် ၁,၄၇၀ ကျော်
  • ထိုင်းနိုင်ငံသို့ ၁,၃၆၀ တန်
  • ဖိလစ်ပိုင်နိုင်ငံသို့ ၁,၀၅၀ တန် 
  • မလေးရှားနိုင်ငံသို့ တန်ချိန် ၇၉၀ ကျော် တင်ပို့ခဲ့ပြီး ထိုင်ဝမ်သို့လည်း အနည်းငယ် တင်ပို့နိုင်ခဲ့သည်။

 

Advertisement

Click Here > Shwe Byain Phyu

 

ထို့ပြင် မြန်မာ-တရုတ်   နယ်စပ်ကုန်သွယ်မှုမှလည်း အမေရိကန်ဒေါ်လာ ၃.၈၈၅ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၆,၄၃၅ တန်ကို တင်ပို့ခဲ့ရာ မေလအတွင်း  ပဲတီစိမ်း ကုန်သွယ်မှု တန်ချိန်စုစုပေါင်း ၇၇,၀ဝ၀ ကျော် ရှိခဲ့သည်။

 

မတ်ပဲတင်ပို့မှုမှာ မေလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှု တန်ချိန် ၅၂,၀ဝ၀ နီးပါးရှိခဲ့ပြီး   နိုင်ငံအလိုက် တင်ပို့မှုများအနေဖြင့်…

  • အိန္ဒိယနိုင်ငံသို့ တန်ချိန် ၄၀,ဝ၇၀ ကျော်
  • စင်ကာပူနိုင်ငံသို့ တန်ချိန် ၃,၁၉၀ နီးပါး
  • ပါကစ္စတန်သို့ တန်ချိန် ၂,၇၀ဝ ကျော်
  • မလေးရှားသို့ ၁,၉၅၅ တန် 
  • အင်ဒိုနီးရှားသို့ တန်ချိန် ၂၅၀၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဂျပန်နှင့် ဉရောပနိုင်ငံများသို့လည်း အနည်းငယ် တင်ပို့ခဲ့ပြီး မေလအတွင်း မတ်ပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၄.ဝ၂၉ သန်း ဝင်ငွေ ရရှိခဲ့သည်။

 

မေလအတွင်း မြန်မာ-ထိုင်းနယ်စပ်မှ မတ်ပဲ ၅၇၆ တန် နှင့် မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ၁၃ တန် တင်ပို့ခဲ့သည်။ ရေကြောင်းနှင့်  နယ်စပ်မှ မတ်ပဲတန်ချိန် စုစုပေါင်း ၅၂,၅၈၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၄.၆၄၅ သန်း ရရှိခဲ့သည်။

 

ပဲစင်းငုံ တင်ပို့မှုမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ…

  • အိန္ဒိယနိုင်ငံသို့ တန်ချိန် ၁၇,၀၇၀ ကျော်
  • မလေးရှားနိုင်ငံသို့ ၁,၃၇၅ တန် တင်ပို့ခဲ့ပြီး  စင်ကာပူနှင့်    ဉရောပနိုင်ငံများသို့လည်း အနည်းငယ်စီ တင်ပို့ခဲ့သဖြင့်  စုစုပေါင်း ပဲစင်းငုံ တင်ပို့မှု တန်ချိန် ၁၈,၅၀ဝ ခန့်နှင့် အမေရိကန်ဒေါ်လာ ၁၅.၆၆၀ သန်း ရရှိခဲ့သည်။    

 

ထို့ကြောင့် မေလအတွင်း ပဲမျိုးစုံ တန်ချိန် စုစုပေါင်း ၁၄၈,၂၂၀ ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။

 

Source : MOC

Published in Food & Livestock

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေး စားသောက်ကုန်များ တင်ပို့နေသည့် ကုမ္ပဏီများထဲမှ ကုန်စည်အစောင်ရေ (၁,၈၅၄) စောင်ကို GACC မှတ်ပုံတင်ခွင့်ပြုမည် ဖြစ်ကြောင်း

Published in Fruits & Vegetables

လက်ရှိအခြေအနေတွင် မြန်မာ့ကော်ဖီကို အမေရိက၊ ဥရောပနှင့် အာရှဒေသတို့မှ နိုင်ငံပေါင်း (၁၄) နိုင်ငံသို့ တင်ပို့လျက် ရှိပြီး

Published in Fruits & Vegetables
Page 2 of 14