Food Industry

×

Warning

JUser: :_load: Unable to load user with ID: 540

ပြည်သူများ ငါးစားသုံးမှု ဖူလုံစေရေးနှင့် ငါးသယံဇာတများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စပါးခင်းများအတွင်း ငါးမျိုးများ စိုက်ထည့်ခြင်းကို ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၇ရက်နေ့ နံနက် ၈ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာမှာ ပြုလုပ်ခဲ့ပါသည်။

Published in Myanmar

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် စတော်ဘယ်ရီ စိုက်ပျိုး တောင်သူများ ဈေးကောင်းရရှိရန်အတွက် ပုံမှန်စိုက်ပျိုးချိန်ထက်စော၍ စိုက်ပျိုးလျက်ရှိကြောင်း စတော်ဘယ်ရီ စိုက်ပျိုးတောင်သူ ဦးထွန်းစိန်က ပြောကြားခဲ့ပါသည်။

Published in Myanmar

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက်ပျိုးသော ရာသီအတွက် မျိုးစေ့ထုတ်တောင်သူများအား ကိုဗစ်-၁၉ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၆ရက်နေ့ နေ့လယ်၁နာရီက အ.လ.က ကျောက်ထောင့်၊ ကျောင်းခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။

Published in Myanmar

ဧရာဝတီတိုင်းဒေသကြီ၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)အရ မိုးစပါး RS to CS မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၆ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါသည်။

Published in Myanmar

COVID-19 စီးပွားရေးကုစားမှုအစီအစဉ် CERP ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း Rs-Cs မျိုးသန့် မျိုးစေ့ထုတ် စိုက်ပျိုးမည့် တောင်သူများအား ဒုတိယအရစ် ထောက်ပံငွေပေးအပ်ခြင်းကို ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၆ရက်နေ့ နံနက်(၉) နာရီခွဲ က လားရှိုးမြို့ ဟူးမွန်ကျေးရွာ ရှင်းလင်းဆောင်ခန်းမမှာ ကျင်းပခဲ့ပါသည်။

Published in Myanmar

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှဦးစီး၍ ဌာနဆိုင်ရာများနှင့်အတူ ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၅ရက်နေ့ နံနက်(၉)နာရီတွင် ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာ၊ စံပြစပါး စိုက်ခင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပခဲ့ပါသည်။

Published in Myanmar

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ စီးပွားရေးထိခိုက်မှု ကုစားမှုအစီအစဉ် (CERP) အရ မျိုးစေ့ထုတ်တောင်သူစုစုပေါင်း (၂၁)ဦးအား စိုက်ဧက(၅၀)စာအတွက် မျိုးစေ့ဖိုးနှင့် စိုက်စရိတ် ထောက်ပံ့ငွေစုစုပေါင်း (၄၁)သိန်းကျော်အား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၅ရက်နေ့ နံနက် (၁၀) နာရီအချိန် က မူဆယ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးဟောင်း)၊ အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါသည်။

Published in Myanmar

တောင်ငူမြို့နယ်၌ COVID-19 စီးပွားရေး ကုစားမှု COVID-19 Economic Relif Plan (CERP)အစီအစဉ်အရ မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း အတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၅ရက်နေ့ နံနက် ၁၀ နာရီ အချိန် က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Published in Myanmar

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ် CERP အရ မိုးစပါးမျိုး ပြတ်လပ်မှုမရှိစေရန်နှင့် တောင်သူများအနေဖြင့် မျိုးကောင်း၊ မျိုးသန့်စပါးမျိုးများ ပြောင်းလဲသုံးစွဲရာတွင် အဆင်ပြေစေရေးအတွက် မျိုးကောင်းမျိုးသန့် မိုးစ ပါး RS to CS အစေ့ထုတ်ကွက် ဧက(၃၀၀)ကို စိုက်ပျိုးသွား​မည်ဖြစ်ရာ ယခုအခါ ၂၀၄ ဧက စိုက်ပျိုးပြီးစီးနေပြီး ချင်းတွင်းမြစ် ရေကျဆင်းချိန်တွင် ၉၆ ဧက ကိုဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရပါသည်။

Published in Myanmar

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် ဩဂုတ်လ(၁၉)ရက်နေ့တွင် နမ့်တိန်ချောင်း နှင့်ထိစပ်လျက်ရှိသည့် မန်မိုင် ရပ်ကွက်၊ မန်ကောင်း ရပ်ကွက်၊ နမ့်လျှံရပ်ကွက်၊ မော်ဟွေ့ကျေးရွာ၊ ဟင်းနားကျေးရွာ၊ နောင်ဟေ့ကျေးရွာ၊ စံပြ ကျေးရွာများရှိ စိုက်ပျိုးသီးနှံများ ရေကြီးနစ်မြုပ်မှု များဖြစ်ပွားခဲ့ပါတယ်။

Published in Myanmar
Page 10 of 14