Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


နန်းတွင်းလက်ရာ အစားအစာ သုံးဆောင်ချင်သူများအတွက်

 

Paradise Dynasty ဆိုင်ကို ရန်ကုန်မြို့ ၊ ကမာရွတ်မြို့ နယ်၊ Junction Square တွင် ဖွင့်လှစ်ထားပါတယ်။

 

 

တရုတ်အစားအစာများကို သုံးဆောင်လိုသူများအတွက် တစ်နေရာတည်းတွင် စုံလင်စွာ ရောင်းချတဲ့ Paradise Dynasty စားသောက်ဆိုင်ကို Myanmar Food Industry Directory မှ လမ်းညွှန်ပေးလိုက်ပါတယ်။

 

 

တရုတ်အစားအစာကြိုက်နှစ်သက်သော ပြည်တွင်းစားသုံးသူများအနေဖြင့် တရုတ်နိုင်ငံ ယူနန်၊ ကူမင်းစသော ဒေသတို့ရှိ အစားအစာများကိုသာ အဓိကစားသုံးမှုများကြပါတယ်။

 

 

ယင်းစားသောက်ဆိုင်ကို မြန်မာနိုင်ငံအပြင် မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ ဟောင်ကောင်၊ တရုတ်၊ တိုင်ပေနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ဖွင့်လှစ်ထားပါတယ်။

 

 

ဆိုင်၏ အပြင်အဆင်ကလည်း သန့်ရှင်းသပ်ရပ်ပြီး နေရာကျယ်ဝန်းသောကြောင့် မိတ်ဆုံစားပွဲ၊ ကုမ္ပဏီနှစ်ပတ်လည်ပွဲများနှင့် အခြားအခမ်းအနားများလည်း ကျင်းပနိုင်ပါတယ်။

 

 

ယင်းဆိုင်၏ နာမည်ကြီး အစားအစာကတော့ တရုတ်နန်းတွင်းအစားအစာတစ်မျိုးဖြစ်တဲ့ ရှောက်လုံးပေါင်း ဖြစ်ပြီး ၎င်းအစားအစာမှာ တရုတ်နိုင်ငံတွင် ထိပ်တန်းအဆင့် ရှောက်လုံးပေါင်းလက်ရာကို မီခြင်းကြောင့် လူကြိုက်များခြင်းဖြစ်ပါတယ်။

 

 

ရှောက်လုံးပေါင်းမှာ ဖက်ထုပ်အရွက်၊ အသားဖြစ်တဲ့ ကြက်သား၊ ၀က်သား နှင့် ဟင်းရည်တို့ကိုပေါင်းပြီး ပြုလုပ်ထားခြင်းဖြစ်ပါတယ်။

 

 

အခြားအစားအစာများအနေဖြင့် စီချွမ်စတိုင် ဟင်းလျာများဖြစ်တဲ့ ပုစွန်မွှေစပ်ကြော်၊ ကြက်သားမွှေစပ်ကြော်၊ ကြက်သားကြော်၊ ခေါက်ဆွဲပြုတ်၊ ရသာမွှေးကြက်ထမင်းကြော်၊ ဝက်ဖက်ထုပ်၊ ကုန်းဘောင်ကြီးကြော် အပါအဝင် အခြား တရုတ်အစားအစာများ ရောင်းချပေးလျက်ရှိပါတယ်။

 

 

ဈေးနှုန်းများအနေဖြင့်လည်း တစ်ပွဲလျှင် အနည်းဆုံး ၂၅၀၀ ကျပ်မှ အများဆုံး ၂၀၀၀၀ ကျပ်အထိ ရှိပါတယ်။

 

 

ဆိုင်ကို နေ့စဉ် နံနက် () နာရီမှ ည (၁၀း၃၀) အထိ ဖွင့်လှစ်ထားပါတယ်။

 

Read More >>>>> ဟော့ပေါ့ဆိုင်အသစ် DAO Hotpot

 

 

Read times Last modified on Tuesday, 18 September 2018 10:15
Rate this item
(1 Vote)