Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540

စူရှီစားသောက်ဆိုင်လုပ်ငန်း အကြီးအကျယ် လိမ်လည်မှု ဘန်ကောက်တွင် ဖြစ်ပွား

ဆိုင်ခွဲဖွင့်ခွင့်ပေးပြီး ဆိုင်ခွဲများဖြင့် လုပ်ကိုင်တဲ့ Daruma Sushi Co ရဲ့ လုပ်ငန်းရှင်က ထိုင်းနိုင်ငံမှ ပြည်ပသို့ တိမ်းရှောင်သွားတဲ့အတွက် လူပေါင်း ၄၀၀ ကျော်တို့က ရဲကို လိမ်လည်မှုဖြင့် တိုင်ကြားပြီး အမှုဖွင့်ထားကြပါတယ်။ 

Daruma Sushi Co  က လူကြိုက်များတဲ့ နာမည်ကြီး ဂျပန်ဘူဖေး စားသောက်ဆိုင်ခွဲများ လိုင်စင်ချပေးပြီး လုပ်ကိုင်တဲ့လုပ်ငန်း တစ်ခု ဖြစ်ပါတယ်။ 

Central Investigation Bureau (CIB)  က ကုမ္ပဏီပိုင်ရှင်အချက်အလက်များကို လူဝင်မှု ကြီးကြပ်ရေးမှာ စုံစမ်းတဲ့အခါ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ည ၁၁ နာရီမှာ ဒူဘိုင်းသို့ သွားမယ့် လေယာဉ်ဖြင့် လိုက်ပါသွားကြောင်း သိရပါတယ်။ သူက အဖော်မပါ တစ်ယောက်တည်း ထွက်ခွာသွားခဲ့တာ ဖြစ်ပြီး ဒူဘိုင်းမှတစ်ဆင့် ဆက်လက်ခရီးဆက်ပြီး သွားရောက်မယ့် ခရီးဆုံးလေဆိပ်ကို မသိရပါ။

လိမ်လည်ခံရသူများမှာ Daruma Sushi Co  က ရောင်းချထားတဲ့ e-voucher  ဝယ်ယူထားသူများ၊ ဆိုင်ခွဲဖွင့်ဖို့ လိုင်စင်ကြေး ပေးသွင်းထားသူများနှင့် ကုမ္ပဏီသို့ ပစ္စည်းပေးသွင်းထားပြီး ငွေမရှင်းပေးရသေးသူများ ပါဝင်ပါတယ်။ လူပေါင်း ၄၀၀ ကျော် ငွေကြေးဆုံးရှုံးမှု ဖြစ်ပွားခဲ့ရာ စုစုပေါင်း ဘတ် သန်း ၁၀၀ ခန့် ရှိမယ်လို့ ခန့်မှန်းပါတယ်။ 

စားသုံးသူ ကာကွယ်ရေး ဘုတ်အဖွဲ့  ရုံးဌာန Office of the Consumer Protection Board (ONCB) မှာလည်း လာရောက်တိုင်တန်းထားသူ များပြားပါတယ်။ 

Daruma Sushi ရဲ့ ဆိုင်ခွဲ ၂၇ ခုတို့ ဆိုင်မဖွင့်ဘဲ တံခါးများ ပိတ်ထားခဲ့ပြီး နောက်တစ်နေ့မှာ ကုမ္ပဏီ ပိုင်ရှင် ပျောက်ကွယ်သွားခဲ့တာ ဖြစ်ပါတယ်။ ဆိုင်ပိတ်ထားစဉ်က ကုမ္ပဏီမှ အွန်လိုင်းအက်ပ်အတွက် ထားရှိတဲ့ ဆာဗာ မွမ်းမံနေဆဲ ဖြစ်လို့ လုပ်ငန်း ခေတ္တရပ်ထားရတယ်လို့ အကြောင်းပြခဲ့ပါတယ်။ 

Daruma Sushi  ဆိုင်မှာ အမြဲစားသောက်နေတဲ့ အမျိုးသမီးတစ်ဦးက စူရှီဆိုင်ခွဲ လိုင်စင်ယူပြီး ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

ဆိုင်ခွဲဖွင့်လိုလျှင် franchise fee  ပေးသွင်းဖို့ လိုကြောင်း၊ ထိုသို့  ပေးသွင်းထားပြီးပါက အချိန်တန်လျှင် အမြတ်ငွေ ခွဲဝေပေးသည်ကို ရရှိမှာ ဖြစ်ကြောင်း Daruma Sushi မှ ဝန်ထမ်းက ပြောကြားခဲ့ပါတယ်။ အမြတ်ကို လစဉ် ခွဲဝေပေးကြောင်းလည်း ပြောကြားပါတယ်။

 franchise fee   ဘတ် ၂ သန်း ပေးသွင်းပြီး ဆိုင်ခွဲဖွင့်လှစ် ရောင်းချခဲ့ပါတယ်။ ဆိုင်ခွဲမှ နေ့စဉ်ဝင်ငွေကို ကုမ္ပဏီ ငွေစာရင်းထဲသို့ နေ့စဉ် မပျက်မကွက် ပေးသွင်းရပါတယ်။ တစ်လပြည့်လျှင် အမြတ် ၁၀ % ကို သူမရဲ့ ငွေစာရင်းထဲ ပြန်ပြောင်းထည့်ပေးမယ်လို့ ဆိုပါတယ်။ 

သူမ ရောင်းချတဲ့ ဆိုင်ခွဲက အမြတ် မရပါဘူး၊ ဒါပေမဲ့ ပထမ ၂ လမှာ တစ်လတစ်ကြိမ် ၁၀ % အမြတ်ဝေစုအဖြစ် ဘတ် တစ်သိန်းကို ၂လတိုင်တိုင် လစဉ် ရရှိခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ လမှာတော့ သူတို့ သုံးစွဲတဲ့ LINE group chat မှာ ပိုင်ရှင်က ဆော်လမွန်များ ရဖို့ အခက်အခဲများ ရှိနေကြောင်း အသိပေးခဲ့ပြီး သူနှင့် ဆက်သွယ်လို့ မရတော့ပါဘူးလို့ ပြောပြပါတယ်။ 

750x750bb.jpeg

c1_2330163_700.jpg

Daruma Sushi က အွန်လိုင်းမှာ ဆော်လမွန် ဘူဖေး စားဖို့  e-voucher များ ရောင်းချခဲ့ပါတယ်။ ဈေးနှုန်းကို မတရားသဖြင့် လျှော့ပေးထားပြီး တစ်စောင်ကို ၁၉၉ ဘတ်ဖြင့် ရောင်းချပါတယ်။ ဆော်လမွန် နှစ်ခြိုက်သူတို့က ဝယ်ယူခဲ့ကြပါတယ်။ e-voucher ခုရေ ၂,၀၀၀ ကျော်အထိ ဝယ်ယူထားသူများလည်း ရှိပါတယ်။ ကုမ္ပဏီက လျှော့ဈေးဖြင့် ရောင်းချပေးတဲ့ ကာလ နောက်ပိုင်းမှ  e-voucher များကို အမြတ်တင်ပြီး ရောင်းချဖို့ ဝယ်ယူထားလိုက်ကြတာ ဖြစ်ပါတယ်။ 

e-voucher  တစ်စောင် ၄၉၉ ဘတ်ဖြင့် အွန်လိုင်းမှာ ရောင်းချခဲ့ရာမှ အရောင်းမြှင့်တင်ရေးအစီအစဉ်ဖြင့် တစ်စောင်လျှင် ၁၉၉ ဘတ်ဖြင့် အွန်လိုင်းမှာ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ 

#MyanmarFoodGuide

Source: bangkokpost

MFG

Read times
Rate this item
(0 votes)