Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် အစားအစာများနှင့် အထောင်းမျိုးစုံရတဲ့ ငွေကျိုင်းတုံ

ထိုင်းစတိုင်လ် အစားအစာများနှင့် အထောင်းတွေကိုမှ တမ်းတမ်းစွဲကြိုက်နှစ်သက်တဲ့ အစားတစ်လိုင်းတွေအတွက် ကျောက်မြောင်းထဲက ငွေကျိုင်းတုံ ဆိုင်လေးကို လမ်းညွှန်ပေးလိုက်ပါတယ်။

 

ဘန်ကောက်မှာ သွားစားနေရသလို ယိုးဒယားအထောင်းလက်ရာအတိုင်း မြည်းစမ်းခံစားခွင့် ရမှာဖြစ်ပါတယ်။

 

အထောင်းတွေထဲမှာထည့်သုံးတဲ့ ကုန်ကြမ်းတွေကအစ ထိုင်းနိုင်ငံကတင်သွင်းလာတာမို့ ဘယ်ဆိုင်နဲ့မှမတူဘဲ အထောင်းလက်ရာမျိုးစုံကို စားရမယ့်ဆိုင်လေးဖြစ်ပါတယ်။

 

ရှယ်အထောင်းတွေတင်မကပါဘူး။ ပင်လယ်စာ၊ ထိုင်းရိုးရာအစားအစာတွေနဲ့ အချိုပွဲတွေတော်တော့ကိုစုံလင်ပါတယ်။

 

ငွေကျိုင်းတုံမှာ လူကြိုက်အများဆုံး အစားအစာကတော့ ကုန်ထန်တုန်ယမ်း ပင်လယ်စာ ဖြစ်ပါတယ်။

 

အသားတွေအပြည့်နဲ့ လတ်လတ်ဆတ်ဆတ်ပင်လယ်စာတွေကို တုန်ယမ်းအနှစ်အရသာတွေအပြည့်အဝ စိမ့်ဝင်နေအောင် ချက်ပြုတ်ပြင်ဆင်ပေးထားပြီး အရသာရဲ့အနှစ်သာရတွေကိုအပြည့်အဝခံစားရမှာဖြစ်ပါတယ်။

 

ပင်လယ်စာတွေလည်း အများကြီးထည့်ပေးထားတဲ့အတွက် စားရတာပိုပြီး ကောင်းပါတယ်။

 

ဆိုင်တွင် ယိုးဒယားအထောင်း အမျိုးပေါင်း ၃၀ ကျော်လောက်ရှိပါတယ်။ အထောင်းတိုင်းမှာအစာပလာများများနဲ့ ချိုချဉ်ငံစပ် မြည်းစရာမလိုအောင် အရသာဝင်လွန်းတဲ့အတွက် ဆိုင်ကအထောင်းတွေဆို တော်တော်လေးကို လက်ရာမြောက်ပါတယ်။

 

အချိုပွဲတွေကတော့ ကိုရီးယားစတိုင် ရေခဲတောင်လေးတွေစား၊ နာနာတ်သီး၊ ဖရဲသီး၊ နဂါးမောက်သီး၊ အိုဗာတင်း၊ သခွားမွှေးသီး၊ ငှက်ပျောသီးစတဲ့ အသီးတွေကိုရေခဲတောင်ပုံစံပုံဖော်ပြီး ချိုချဉ်အရသာလေးတွေ ဖန်တီးပေးထားတော့ ရှူးရှူးရှဲရှဲလေးတွေစားပြီးချိန်အတွက် အစပ်ပြေ အချိုတည်းဖို့အတွက် အလွန်ကောင်းပါတယ်။

 

ဆိုင်ရဲ့ ဈေးနှုန်းလေးတွေလည်း မဆိုးပါဘူး။ မြန်မာကျပ် ၂၀ဝ၀၊ ၄၀ဝ၀၊ ၅၀ဝ၀ အစား စား ရှိပါတယ်။

 

ယခုအချိန်သွားစားရင်တော့ မိုးရာသီပရိုမိုးရှင်းအနေနဲ့ ၁၀% Discount ရှိတယ်ဆိုတော့ မိုးအေးအေးလေးထဲမှာ ရှူးရှူးရှဲရှဲလေးစားဖို့ အချိန်ကောင်းလေးပဲဖြစ်ပါတယ်။

 

ဆိုင်ရဲ့ ဝန်ဆောင်မှုကတော့ ကျောက်မြောင်း၊ တာမွေတစ်ဝိုက်ဆိုရင် အိမ်တိုင်ရာရောက် Delivery ပို့ပေးပါသေးတယ်။

 

လိပ်စာကတော့ အမှတ်(၅၁)၊ သတိပဌာန်လမ်းနဲ့ ကျားကွက်သစ်လမ်းထောင့်၊ တာမွေမြို့ နယ်ဖြစ်ပါတယ်။ ၀၉-၄၅၈၀၃၀၁၄၃

 

Read times Last modified on Tuesday, 18 September 2018 10:14
Rate this item
(3 votes)