Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Melia Hotel ၏ Friday Night Seafood Buffet

Melia Hotel သည် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းတွင် ရှိပါတယ်။ ယင်းဟိုတယ်၏ ဒုတိယထပ်တွင်

The Market Restaurant ရှိပါတယ်။ ယင်းနေရာတွင် Seafood Night Buffet ကို သောကြာနေ့ညတိုင်း ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်ထားပါတယ်။

 

ဟိုတယ်တွင် သောကြာနေ့ညတိုင်း ပင်လယ်စာကြိုက်နှစ်သက်သူများအတွက် Seafood Night Buffet ရဲ့ အရသာကို မြည်းစမ်းနိုင်မှာဖြစ်ပါတယ်။ အထဲသို့ဝင်လိုက်တာနဲ့ ပင်လယ်စာနဲ့ပတ်သက်တဲ့ ပစ္စည်းလေးများနဲ့ အလှဆင်ထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

 20170616 183849

Buffet ဆိုပေမယ့်လည်း အမယ်တော်တော်လေး စုံလင်တာကို တွေ့ရမှာဖြစ်ပါတယ်။ Seafood Night ဟု ဆိုတဲ့အတိုင်း ပင်လယ်စာမျိုးစုံ၊ Asian Food မျိုးစုံနှင့် အချိုပွဲမျိုးစုံတို့ ပါဝင်ပါတယ်။

 20170616 183556

Asian Food ဘက်မှာလည်း ထိုင်းအစားအစာ၊ ဖိလစ်ပိုင်အစားအစာ၊ အိန္ဒိယအစားအစာ၊ မြန်မာအစားအစာတွေပါ အတော်စုံလင်တဲ့အတွက်ကြောင့် အနောက်တိုင်းအစားအစာ မကြိုက်နှစ်သက်တဲ့ လူများအတွက်လည်း အဆင်ပြေအောင် စီမံချက်ပြုတ်ထားပါတယ်။

 20170616 183808

အချိုပွဲအနေနဲ့ သစ်သီးမျိုးစုံ၊ ရေခဲမုန့်မျိုးစုံ၊ ကိတ်မျိုးစုံနှင့် ပေါင်မုန့်တွေပါဝင်ပါတယ်။ ကျောက်ငါး၊ ပုစွန်ထုပ်ကြီး၊ ရေဘ၀ဲ၊ ဂဏန်း၊ ကင်းမွန်၊ ဂုံး၊ ခရုအစရှိတဲ့ လတ်ဆတ်တဲ့ ပင်လယ်စာတွေကိုလည်း သုံးဆောင်နိုင်ပါတယ်။

 20170616 185434

20170616 185615

၎င်းအပြင် Sushi, Salmon, Turna အစရှိတဲ့ ငါးတွေကို ကြိုက်တတ်တဲ့သူတွေကလည်း ငါးတွေကို ကြိုက်သလောက်ယူ၍ သုံးဆောင်နိုင်ပါတယ်။

 20170616 184009

The Market ၏ ပင်တိုင် စားဖိုမှူးကြီးကလည်း စားသုံးသူများကို အဆင်ပြေမပြေ မေးမြန်းတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

 20170616 183824

Seafood Night Buffet တွင် အချိုရည် အနေနဲ့ Soft Drink, Sparkling Wine, Red Wine, White Wine, Beer နှင့် Cocktail တို့ကိုလည်း ကြိုက်နှစ်သက်သလောက် ကြိုက်နှစ်သက်သလို သုံးဆောင်နိုင်ပါတယ်။

 20170616 183639

သောကြာနေ့ Seafood Night Buffet အတွက် တစ်ယောက်ကုန်ကျစရိတ်မှာ 48$ ကျသင့်မှာဖြစ်ပါတယ်။

 20170616 185200

စနေနေ့တွင်လည်း Family Night Buffet အတွက် တစ်ယောက်ကုန်ကျစရိတ်မှာ 28 $ သတ်မှတ်ထားပြီး ကလေးအသက် ၅ နှစ်မှ ၁၂ အတွင်းဆိုလျှင် ၅၀% လျှော့ပေးပြီး ကလေးအသက် ၅ နှစ်အောက်ဆိုရင် ပေးစရာမလိုကြောင်း သိရပါတယ်။

 20170616 185520

အမှတ် ၁၉၂၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်မြို့။

 

၀၁-၉၃၄ ၅၀၀၀

Read times Last modified on Monday, 17 September 2018 14:31
Rate this item
(1 Vote)