Restaurants



KFC ဇာတိမြေတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ

KFC ဇာတိမြေတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

KFC သည် ထိုင်းနိုင်ငံ၏ နံပါတ်တစ် ကြက်ကြော်ဆိုင်အဖြစ် အသိအမှတ်ပြုခံရသော်လည်း ၎င်း၏ဇာတိနိုင်ငံဖြစ်သည့် အမေရိကန်တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

 

အဓိကပြဿနာများတွင် ဝန်ဆောင်မှု အတော်လေး နှေးကွေးခြင်းနှင့် မီနူး ဆန်းသစ်တီထွင်မှု မရှိခြင်းတို့ ပါဝင်သည်။

 

အမေရိကန်တွင် မြန်ဆန်ခြင်းနှင့် ဝန်ဆောင်မှုအရည်အသွေးသည် အလွန်အရေးပါနေပြီး ၎င်း ၂ ချက် မဖြည့်ဆည်းပေးနိုင်သည့် KFC အတွက် စိန်ခေါ်မှုများ ဖြစ်နေသည်။

 

KFC သည် ၎င်းထံ ပစ္စည်း ပေးသွင်းသူများနှင့် ပြီးခဲ့သည့် နှစ်ကာလများတစ်လျှောက် ပြဿနာများ ဆက်တိုက် ကြုံတွေ့ခဲ့ရသည်။ ကြက်သားပေးသွင်းသူက အလျဉ်မီအောင် ပေးသွင်းဖို့ ပျက်ကွက်သဖြင့် ဆိုင်ခွဲများ ယာယီပိတ်ထားရသည်ကို ကြုံခဲ့ရသည်အထိ ဆိုးဝါးခဲ့သည်။ 

KFC သည် အမေရိကန်တွင် အရိုးမဲ့ ကြက်သားကြော် ကဲ့သို့သော မီနူး ဆန်းသစ်တီထွင်မှုများကို အလေးပေးလေ့ရှိသည်။

သို့သော်လည်း အချို့သော စားသုံးသူများက အမှတ်တံဆိပ်၏ ထူးခြားလက္ခဏာ အမှတ်အသားမှာ အထူးသဖြင့် အမေရိကနါ တွင် အရိုးပါသည့် 

ကြက်ပေါင်ကြော် အတုံးများဟု ပုံသေကားကျ မှတ်ယူထားကြသည်။ သို့ဖြစ်ရာ အရိုးမပါသည့် ကြက်သားကြော်သည် KFC ၏ ပင်ကိုလက္ခဏာ ဆုံးရှုံးခြင်းဟု ယူဆပါသည်။

 

လူသိနည်းခဲ့သည့် Chick-fil-A, Popeyes,  Church’s Chicken တို့သည် အမေရိကန်တွင် KFC ၏ ပြိုင်ဘက်များ ဖြစ်လာကြပြီး လူကြိုက်များလာသည်။ Chick-fil-A, ကြက်ကြော်သည် အစဉ်အလာ ကြီးမားသည့် KFC နှင့် Burger King တို့ထက် ရောင်းအား ပိုများနေပြီ ဖြစ်သည်။

ဇာတိမြေတွင် ကျရှုံးနေသော်လည်း အိမ်နီးနားချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင် KFC သည် ကြက်ကြော်ကဏ္ဍတွင် ဈေးကွက်ဝေစု ၆၅% ရရှိထားသည်အထိ အောင်မြင်နေသည်။

 

အာရှတွင် KFC ၏ မိခင်ကုမ္ပဏီ Yum! Brands သည် နိုင်ငံတကာ ဆိုင်ခွဲများကို အဓိကအားပြုပြီး အောင်ပွဲခံနေသည်။ ဝင်ငွေ စုစုပေါင်း၏ ထက်ဝက်ကျော်ကို အာရှမှ ရရှိသည်။ အထူးသဖြင့် တရုတ်နှင့် ထိုင်းတို့တွင် ရောင်းအား ကောင်းနေသည်။ ၎င်း ၂ နိုင်ငံတို့တွင် KFC ကြက်ကြော်ကိုသာ စွဲစွဲမြဲမြဲ စားကြသည့် အမာခံ ပရိတ်သတ် ရရှိထားသည်။

 

KFC ၏ ဇာတိနိုင်ငံမှ စိန်ခေါ်မှုများကြောင့် အမေရိကန်ရှိ KFC ဆိုင်ခွဲအရေအတွက် လျော့ကျသည်။

 

Chick-fil-A သည် ယခုအခါ KFC ၏ အကြီးမားဆုံး ပြိုင်ဘက်ဖြစ်သည်။

ကြက်ကြော် စားသုံးကြသူတို့က Chick-fil-A ကြက်ကြော်သည် KFC ထက် အရသာ ပိုကောင်းသည်၊ ဝန်ဆောင်မှု အရည်အသွေးလည်း ပိုကောင်းသည်ဟု မှတ်ချက်ပြုကြသည်။

သို့ဖြစ်ရာ အမေရိကန်တွင် KFC ၏ ဈေးကွက်ဝေစုနှင့် အမြတ်အစွန်း ရရှိနိုင်မှုတို့ကို Chick-fil-A က ဖဲ့ယူထားပြီ ဖြစ်သည်။ KFC ၏ ဈေးကွက်ဝေစု ကျုံ့ဝင်သွားသည်။ 

 

 QSR Magazine ၏ အဆိုအရ အမေရိကန်တွင် ရောင်းအားအရ အဆင့်သတ်မှတ်ပေးရာ၌ ထိပ်တန်း အမြန်ရ စားသောက်ဆိုင် quick-service restaurant (QSR) (၅၀) စာရင်းတွင် Chick-fil-A က တတိယမှာ ရပ်တည်နေသည်။ KFC က အဆင့် ၁၅ မှာ ရောက်ရှိနေသည်။

ပထမနေရာတွင် McDonald's ရှိနေပြီး ဒုတိယနေရာတွင် Starbucks ရှိနေသည်။ KFC ဆိုင်ခွဲ အရေအတွက်သည် ၂၀၂၁ ခုနှစ်က ၃၅ ဆိုင် လျော့ကျခဲ့သည်။

အမေရိကန်မှ KFC ဆိုင်ခွဲများတွင် စားစရာ ၄ မျိုး ရပ်ဆိုင်းလိုက်သည်။ ၎င်းတို့မှာ 

• Kentucky Baked Chicken Wings

• Chicken Popcorn

• Nashville Hot Sauce

• Strawberry Lemonade

တို့ ဖြစ်ပါသည်။ 

 

ဝန်ဆောင်မှု ပေးရာတွင် မှာကြားသည်တို့ကို ပိုမြန်မြန်ရဖို့ ကြိုးပမ်းသော်လည်း Chick-fil-A က ပိုမိုမြန်ဆန်နေဆဲ ဖြစ်သည်။ 

 

Source nationthailand 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Sunday, 19 November 2023 08:14
Rate this item
(0 votes)