Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


YKKO ကြေးအိုး စားသောက်ဆိုင်လုပ်ငန်းကို ရိုးမကုမ္ပဏီဝယ်ယူ

မြန်မာနိုင်ငံတွင် ထင်ရှားသည့် စားသောက်ဆိုင်လုပ်ငန်းတစ်ခုဖြစ်သော Yankin Kyay Oh Group of Companies Limited (“YKKO”) ၏ အစုရှယ်ယာ ၆၅ ရာခိုင်နှုန်းကို ၀ယ်ယူလိုက်ပြီဖြစ်ကြောင်း Yoma Strategic က ကြေညာလိုက်ပါတယ်။

 

ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်အရ “YKKO သည် Yoma Strategic မှ ၆၅ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် လက်အောက်ခံကုမ္ပဏီဖြစ်လာမည်ဖြစ်သည်” ဟု ဖော်ပြထားပါတယ်။

 

ဝယ်သူ ရောင်းသူ သဘောတူညီချက်အရ YKKO ၏ လက်ရှိနှင့် ခန့်မှန်းဝင်ငွေ စသည့်အချက်တို့ကိုပါ ထည့်သွင်းစည်းစားပြီး စုစုပေါင်းကျပ် ၁၉ ဒသမ ၄ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ သန်း) ပေးချေရန် သတ်မှတ်ထားသည်ဟု ထုတ်ပြန်ချက်တွင် ဖြော်ပထားပါတယ်။

 

၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့၏ မှတ်တမ်းများအရ YKKO ၏ စုစုပေါင်းတန်ဖိုးမှာ ကျပ် ၆ ဒသမ ၂၂ ဘီလျံ (ဒေါ်လာ ၄ ဒသမ ၀၉ သန်း) ရှိသည်ဟုလည်း ဆိုပါတယ်။

 

ငွေပေးချေမှုကို ကုမ္ပဏီတွင်း အရင်းအမြစ်များနှင့် မကြာမီကပြုလုပ်ထားသည့် ဘဏ္ဍာရေးလုပ်ဆောင်မှုများကို အသုံးပြု၍ ပေးချေသွားမည်ဟု Yoma Strategic က ပြောကြားခဲ့ပါတယ်။

 

“မိသားစုစားသောက်ဆိုင်လေးမှ စတင်ခဲ့ပြီး နိုင်ငံ၏နာမည်ကြီး F&B အမှတ်ဆံဆိပ်တစ်ခုဖြစ်လာခဲ့သည့် YKKO သည် မြန်မာနိုင်ငံ၏ အောင်မြင်မှု ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ၎င်းအား အနာဂတ်တွင် ပိုမိုတိုးတက် ကြီးပွားလာအောင် ကျွန်တော်တို့မှ ပံ့ပိုးကူညီခွင့်ရသည့်အတွက် အလွန်ပင်ဂုဏ်ယူမိပါသည်” ဟု Yoma Strategic ၏ အမှုဆောင်အရာရှိချုပ် Mr. Melvyn Pun က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားပါတယ်။

 

၁၉၈၈ ခုနှစ်က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် YKKO သည် ၎င်း၏ ကြေးအိုးကြောင့် နာမည်ကြီးလူသိများပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနှင့် မော်လမြိုင်တို့တွင် ဆိုင်ခွဲ ၃၇ ဖွင့်လှစ်ထားကာ မြန်မာနိုင်ငံ၏ အကြီးဆုံး ပြည်တွင်းစားသောက်ဆိုင် လုပ်ငန်းဖြစ်ပါတယ်။

 

၎င်း၏ ပထမဦးဆုံး ရန်ကင်းကြေးအိုးဆိုင်ကို ရန်ကင်းမြို့နယ်တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ထို့နောက် ဆရာစံလမ်းတွင် ဒုတိယမြောက်ဆိုင်ခွဲကို ထပ်မံဖွင့်လှစ်ခဲ့ပါတယ်။

 

“YKKO ကို လူအများသိတဲ့၊ ချစ်ခင်ဂုဏ်ယူရတဲ့ မြန်မာအမှတ်တံဆိပ်တစ်ခုအနေနဲ့ ကြာရှည်တည်တံ့ပြီး အခြေခံတန်ဖိုးများဖြစ်တဲ့ အရည်အသွေး၊ သန့်ရှင်းမှု၊ နှင့် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်အောင် ဆက်လက်ပြီး ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု YKKO ၏ ဥက္ကဋ္ဌ ဒေါ်ယုယုလွင်ကပြောခဲ့ပါတယ်။

 

“Yoma Strategic Holdings လို YKKO နှင့် ရည်တည်ချက်ခြင်းတူတဲ့ အဖွဲ့အစည်းနှင့် ပူးပေါင်းပြီး နိုင်ငံတကာကို လှမ်းနိုင်တဲ့ မြန်မာအမှတ်တံဆိပ်တစ်ခုဖြစ်ဖို့ ကြိုးစားဆောင်ရွက်သွားပါ့မယ်” ဟုလည်း ၎င်းကပြောကြားခဲ့ပါတယ်။

 

စင်ကာပူစတော့အိတ်ချိန်း Singapore Securities Exchange Trading Limited (SGX-ST) တွင် စာရင်းသွင်းမှတ်ပုံတင်ထားသည့် Yoma Strategic Holdings Ltd သည် မြန်မာနိုင်ငံတွင် အိမ်ခြံမြေ၊ စားသောက်ကုန်၊ မော်တော်ယာဉ်နှင့် အကြီးစား ပစ္စည်းကိရိယာများ၊ ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေသော ထိပ်တန်း စီးပွားရေးကော်ပိုရေးရှင်းတစ်ခုလည်းဖြစ်ပါတယ်။

 

ယခုကဲ့သို့ YKKO ၏ ရှယ်ယာဝယ်ယူလိုက်ခြင်းဖြင့် Yoma F&B ၏ ဆိုင်ခွဲအရေအတွက်ကို နှစ်ဆတိုးပွားလာစေသည်ဟု Mr. Pun က ပြောကြားခဲ့ပါတယ်။

 

Yoma F&B က KFC Myanmar အပါအဝင် နိုင်ငံတကာအမှတ်တံဆိပ် စားသောက်ဆိုင်များအပြင် စားသောက်ကုန်နှင့် အဖျော်ယမကာဖြန့်ချိရေးလုပ်ငန်းများကို လုပ်ကိုင်နေကြောင်း သိရပါတယ်။

 

Source: https://www.dealstreetasia.com/stories/yoma-strategic-ykko-120701

 

Read times Last modified on Monday, 11 February 2019 15:52
Rate this item
(1 Vote)