Restaurants



Starbucks ၂၀၃၀ တွင် ထိုင်းမှာ ဆိုင်ခွဲ ၈၀၀ ဖွင့်လှစ်ထားပြီးဖြစ်ရန် ရည်မှန်းထား

Starbucks ၂၀၃၀ တွင် ထိုင်းမှာ ဆိုင်ခွဲ ၈၀၀ ဖွင့်လှစ်ထားပြီးဖြစ်ရန် ရည်မှန်းထား

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

 

Starbucks Thailand သည် ၂၀၂၃ မှ ၂၀၃၀ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ ဆိုင်အသစ် ၃၃၅ ဆိုင်ဖွင့်လှစ်ရန် ကြီးမားသည့် ရည်မှန်းချက် ချမှတ်ထားသည်။

.

ကုမ္ပဏီ၏မန်နေးဂျင်းဒါရိုက်တာ Nednapa Srisamai က အဆိုပါမဟာဗျူဟာသည် ၂၀၃၀ ခုနှစ်တွင် ထိုင်းနိုင်ငံမှာ Starbucks ဆိုင်ခွဲပေါင်း ၈၀၀ ကို ဖွင့်လှစ်ထားရန် လိုအပ်သည်ဟု ပြောကြားပါသည်။ လက်ရှိတွင် ၄၆၅ ဆိုင်ရှိနေပြီး ယခုနှစ်ကုန်တွင် ဆိုင် ၄၈၀ အထိ ရှိလာမည် ဖြစ်သည်။

.

 

ဆိုင်ခွဲများ တိုးချဲ့ဖွင့်လှစ်ခြင်းသည် အရှေ့တောင်အာရှ၏ အတက်ကြွဆုံး စျေးကွက်များထဲမှ တစ်ခုဖြစ်သော ထိုင်းတွင် Starbucks ကြီးထွားမှုကို အရှိန်မြှင့်ရန် သံန္နိဋ္ဌာန်ကို အလေးပေးခြင်းဖြစ်ကြောင်း Mrs Nednapa မှ ပြောကြားသည်။

.

Starbucks ဆိုင်များတွင် သမားရိုးကျ ဆိုင်များအပြင် drive-thru ဆိုင်များလည်း ပါဝင်သည်။

.

ထိုင်းနိုင်ငံတွင်  drive-thru ဆိုင်ပေါင်း ၅၆ ဆိုင်ရှိသည်။ drive-thru ဆိုင် ၁၀၀ ဝန်းကျင်အထိ ဖွင့်လှစ်မည်။

Drive-thru သည် ပြောင်းလဲလာသော စားသုံးသူအမူအကျင့်များနှင့် လိုက်လျောညီထွေဖြစ်ပြီး ပိုမိုလွယ်ကူစွာ ဝယ်ယူနိုင်စေကြောင်း Mrs Nednapa မှ ပြောကြားသည်။

 

Source bangkokpost  

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

Read times Last modified on Tuesday, 11 July 2023 23:58
Rate this item
(0 votes)