Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Covid-19 ကြောင့် စားစရာ ပေးပို့လုပ်ငန်းကဏ္ဍ တစ်ရှိန်ထိုး မြင့်တက်ဟု Foodpanda ၏ အာရှဒေသ CEO ကပြောကြား

Covid-19 ကူးစက်ရောဂါသည် အာရှနှင့်ကမ္ဘာတစ်ဝှမ်းရှိ လူအများအပြား

အိမ်မှအလုပ်များလုပ်သောကြောင့် စားစရာများကို အွန်လိုင်းမှ မှာကြားပြီး အိမ်အရောက်ပို့ခိုင်းခြင်း များပြားစေသည်။ စားစရာ အိမ်အရောက်ပို့လုပ်ငန်းကဏ္ဍ အရေးပေါ်စိန်ခေါ်မှုများဖြစ်ပေါ်စေသည်ဟု Foodpanda ၏ အာရှဒေသ CEO ကပြောကြားခဲ့သည်။

Foodpanda အာရှပစိဖိတ်ဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ် Jakob Angele က ဤကိစ္စနှင့်ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ“ ဒီဟာကငါတို့အတွက် roller-coaster စီးနင်းမှု တစ်ခုပဲ” ဟုပြောကြားခဲ့သည်။ လက်ရှိကျန်းမာရေးအကျပ်အတည်းသည် ကိုင်တွယ်ဖြေရှင်းရာတွင်“ စိန်ခေါ်မှု” ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဝယ်လိုအား များပြားလာခြင်း၊ စားသုံးသူ အပြုအမူများပြောင်းလဲခြင်းနှင့် ပေးပို့သူများနှင့်ဖောက်သည်များကို ဘေးကင်းလုံခြုံစွာထားရန် လိုအပ်ခြင်းတို့ကို ကိုင်တွယ်ဖြေရှင်းကြရမည် ဖြစ်သည်။

"ဂေဟစနစ်တစ်ခုလုံးကို အကြီးအကျယ် အားသက်ရောက်ခဲ့တယ်။ စားသောက်ဆိုင်တွေ ဆိုင်မှာ ထိုင်စားကြတာ ခွင့်မပြုတဲ့ ကန်ံ့သတ်ချက်ကို ရင်ဆိုင်ရတယ်။ ပေးပို့တဲ့ စက်ဘီးနင်းသမားတွေ စားစရာပေးပို့တာနဲ့ ပတ်သက်လို့လည်း ဘေးကင်းရေး စည်းမျဉ်းစည်းကမ်းတွေက တစ်နေရာနဲ့ တစ်နေရာ မတူကြဘူး" ဟု Angele က ပြောသည်။


မည်သို့ပင်ဆိုစေကာမူ ကျန်းမာရေးအကျပ်အတည်းသည် တက်ကြွသောတိုးတက်မှုကို မောင်းနှင်နေပြီး Foodpanda သည် အာရှ - ပစိဖိတ်စျေးကွက်အများစုတွင် "ကောင်းမွန်သောဖွံ့ဖြိုးတိုးတက်မှု" ကို တွေ့မြင်ခဲ့ရသည်ဟု သူကပြောကြားသည်။
ဂျာမနီ Frankfurt မြို့တွင် အခြေစိုက်သော Delivery Hero SE သည် Foodpanda ၏မိခင်ကုမ္ပဏီဖြစ်ပြီး ၎င်းမှ ာထုတ်ပြန်ချက်စည်းမျဉ်းများကြောင့် သူ့အနေ့ဖြင့် တိုးတက်မှုအတွက်
တိကျသော စာရင်းအင်း ကိန်းဂဏန်းများကို ထုတ်ဖော်ပြောပြခွင့် မရှိကြောင်း သူက ပြောကြားသည်။

ကျန်းမာရေးအကျပ်အတည်းသည် Foodpanda မကြာသေးမီက စတင်ခဲ့သေ ကုန်စိမ်း ပေးပို့ခြင်းနှင့် တစ်ဝက်တစ်ပျက်ချက်ပြုတ်ထားသည့် စားစရာများ ပေးပို့သည့် လုပ်ငန်းအပိုင်းတွင် မှာကြားသူ များပြားစေခဲ့သည်ဟု သူက ပြောသည်။

Foodpanda သည် အာရှ - ပစိဖိတ်ဒေသရှိ နိုင်ငံ ၁၂ ခုတွင်လုပ်ကိုင်သည်။ ဟောင်ကောင်၊ စင်ကာပူနှင့်မလေးရှားနိုင်ငံများတွင် Deliveroo, Grab နှင့် Go-jek တို့နှင့် ယှဉ်ပြိုင်နေရသည်။
Foodpanda သည် တရုတ်နှစ်သစ်ကူး အားလပ်ရက်ကာလတုန်းကထက် ၀ယ်လိုအား ၈၀ ရာခိုင်နှုန်းတိုးလာကြောင်းဖော်ပြခဲ့သည်။ ထိုင်ဝမ်၊ ထိုင်းနှင့် ဖိလစ်ပိုင်တို့သည် Foodpanda ပရိသတ် အခိုင်အမာ ရရှိထားသည့်နိုင်ငံများ ဖြစ်သည်။

အရှေ့တောင်အာရှ၏ စားစရာပေးပို့လုပ်ငန်းဈေးကွက်သည် အရှိန်အဟုန်မြင့်တက်လာခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်အမေရိကန်ဒေါ်လာ ၅.၂ ဘီလီယံတန်ဖိုးရှိခဲ့ပြီး ၎င်းသည်ယခင်နှစ်ထက် နှစ်ဆမြင့်တက်ခဲ့ကြောင်း Google၊ စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူ Temasek Holdings နှင့်အမေရိကန်အတိုင်ပင်ခံကုမ္ပဏီ Bain Company တို့၏ အစီရင်ခံစာအရ သိရသည်။ စားစရာပေးပို့လုပ်ငန်းဈေးကွက်သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံကျော်မည်ဟု ခန့်မှန်းထားပြီး ဆယ်စုနှစ်တစ်ခုအတွင်း အဆပေါင်း ၅၀ တိုးတက်မှုနှုန်း ရှိမည်။

 zawgyi

Covid-19 သည္ အာရွ၏ စားစရာ အိမ္အေရာက္ပို႔လုပ္ငန္းက႑အတြက္ 'roller-coaster စီးနင္းျခင္း ျဖစ္သည္ဟု Foodpanda ၏ အာရွေဒသ CEO ကေျပာၾကား

Covid-19 ကူးစက္ေရာဂါသည္ အာရွႏွင့္ကမာၻတစ္ဝွမ္းရွိ လူအမ်ားအျပား အိမ္မွအလုပ္မ်ားလုပ္ေသာေၾကာင့္ စားစရာမ်ားကို အြန္လိုင္းမွ မွာၾကားၿပီး အိမ္အေရာက္ပို႔ခိုင္းျခင္း မ်ားျပားေစသည္။ စားစရာ အိမ္အေရာက္ပို႔လုပ္ငန္းက႑ အေရးေပၚစိန္ေခၚမႈမ်ားျဖစ္ေပၚေစသည္ဟု Foodpanda ၏ အာရွေဒသ CEO ကေျပာၾကားခဲ့သည္။

Foodpanda အာရွပစိဖိတ္ေဒသဆိုင္ရာ အမႈေဆာင္အရာရွိခ်ဳပ္ Jakob Angele က ဤကိစၥႏွင့္ပတ္သက္ၿပီး အင္တာဗ်ဴးတစ္ခုမွာ“ ဒီဟာကငါတို႔အတြက္ roller-coaster စီးနင္းမႈ တစ္ခုပဲ” ဟုေျပာၾကားခဲ့သည္။ လက္ရွိက်န္းမာေရးအက်ပ္အတည္းသည္ ကိုင္တြယ္ေျဖရွင္းရာတြင္“ စိန္ေခၚမႈ” ျဖစ္သည္ဟု ေျပာၾကားခဲ့သည္။ ဝယ္လိုအား မ်ားျပားလာျခင္း၊ စားသုံးသူ အျပဳအမူမ်ားေျပာင္းလဲျခင္းႏွင့္ ေပးပို႔သူမ်ားႏွင့္ေဖာက္သည္မ်ားကို ေဘးကင္းလုံၿခဳံစြာထားရန္ လိုအပ္ျခင္းတို႔ကို ကိုင္တြယ္ေျဖရွင္းၾကရမည္ ျဖစ္သည္။

"ေဂဟစနစ္တစ္ခုလုံးကို အႀကီးအက်ယ္ အားသက္ေရာက္ခဲ့တယ္။ စားေသာက္ဆိုင္ေတြ ဆိုင္မွာ ထိုင္စားၾကတာ ခြင့္မျပဳတဲ့ ကန္ံ့သတ္ခ်က္ကို ရင္ဆိုင္ရတယ္။ ေပးပို႔တဲ့ စက္ဘီးနင္းသမားေတြ စားစရာေပးပို႔တာနဲ႔ ပတ္သက္လို႔လည္း ေဘးကင္းေရး စည္းမ်ဥ္းစည္းကမ္းေတြက တစ္ေနရာနဲ႔ တစ္ေနရာ မတူၾကဘူး" ဟု Angele က ေျပာသည္။


မည္သို႔ပင္ဆိုေစကာမူ က်န္းမာေရးအက်ပ္အတည္းသည္ တက္ႂကြေသာတိုးတက္မႈကို ေမာင္းႏွင္ေနၿပီး Foodpanda သည္ အာရွ - ပစိဖိတ္ေစ်းကြက္အမ်ားစုတြင္ "ေကာင္းမြန္ေသာဖြံ႕ၿဖိဳးတိုးတက္မႈ" ကို ေတြ႕ျမင္ခဲ့ရသည္ဟု သူကေျပာၾကားသည္။
ဂ်ာမနီ Frankfurt ၿမိဳ႕တြင္ အေျခစိုက္ေသာ Delivery Hero SE သည္ Foodpanda ၏မိခင္ကုမၸဏီျဖစ္ၿပီး ၎မွ ာထုတ္ျပန္ခ်က္စည္းမ်ဥ္းမ်ားေၾကာင့္ သူ႔အေန႔ျဖင့္ တိုးတက္မႈအတြက္
တိက်ေသာ စာရင္းအင္း ကိန္းဂဏန္းမ်ားကို ထုတ္ေဖာ္ေျပာျပခြင့္ မရွိေၾကာင္း သူက ေျပာၾကားသည္။

က်န္းမာေရးအက်ပ္အတည္းသည္ Foodpanda မၾကာေသးမီက စတင္ခဲ့ေသ ကုန္စိမ္း ေပးပို႔ျခင္းႏွင့္ တစ္ဝက္တစ္ပ်က္ခ်က္ျပဳတ္ထားသည့္ စားစရာမ်ား ေပးပို႔သည့္ လုပ္ငန္းအပိုင္းတြင္ မွာၾကားသူ မ်ားျပားေစခဲ့သည္ဟု သူက ေျပာသည္။

Foodpanda သည္ အာရွ - ပစိဖိတ္ေဒသရွိ ႏိုင္ငံ ၁၂ ခုတြင္လုပ္ကိုင္သည္။ ေဟာင္ေကာင္၊ စင္ကာပူႏွင့္မေလးရွားႏိုင္ငံမ်ားတြင္ Deliveroo, Grab ႏွင့္ Go-jek တို႔ႏွင့္ ယွဥ္ၿပိဳင္ေနရသည္။
Foodpanda သည္ တ႐ုတ္ႏွစ္သစ္ကူး အားလပ္ရက္ကာလတုန္းကထက္ ၀ယ္လိုအား ၈၀ ရာခိုင္ႏႈန္းတိုးလာေၾကာင္းေဖာ္ျပခဲ့သည္။ ထိုင္ဝမ္၊ ထိုင္းႏွင့္ ဖိလစ္ပိုင္တို႔သည္ Foodpanda ပရိသတ္ အခိုင္အမာ ရရွိထားသည့္ႏိုင္ငံမ်ား ျဖစ္သည္။

အေရွ႕ေတာင္အာရွ၏ စားစရာေပးပို႔လုပ္ငန္းေဈးကြက္သည္ အရွိန္အဟုန္ျမင့္တက္လာခဲ့ၿပီး ၂၀၁၉ ခုႏွစ္တြင္အေမရိကန္ေဒၚလာ ၅.၂ ဘီလီယံတန္ဖိုးရွိခဲ့ၿပီး ၎သည္ယခင္ႏွစ္ထက္ ႏွစ္ဆျမင့္တက္ခဲ့ေၾကာင္း Google၊ စင္ကာပူႏိုင္ငံမွ ရင္းႏွီးျမႇဳပ္ႏွံသူ Temasek Holdings ႏွင့္အေမရိကန္အတိုင္ပင္ခံကုမၸဏီ Bain Company တို႔၏ အစီရင္ခံစာအရ သိရသည္။ စားစရာေပးပို႔လုပ္ငန္းေဈးကြက္သည္ ၂၀၂၅ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ ၂၀ ဘီလီယံေက်ာ္မည္ဟု ခန႔္မွန္းထားၿပီး ဆယ္စုႏွစ္တစ္ခုအတြင္း အဆေပါင္း ၅၀ တိုးတက္မႈႏႈန္း ရွိမည္။

 

Read times Last modified on Friday, 15 May 2020 15:06
Rate this item
(0 votes)