Restaurants



ထိုင်းသကြား ပြည်တွင်းဈေးနှုန်း ၁၀ ရာခိုင်နှုန်း ဈေးတက်

ထိုင်းသကြား ပြည်တွင်းဈေးနှုန်း ၁၀ ရာခိုင်နှုန်း ဈေးတက် 

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ပြည်တွင်းသကြားဈေး ၁၀ ရာခိုင်နှုန်း တိုးမြှင့်ရန် ထိုင်းအစိုးရအဖွဲ့က အတည်ပြုခဲ့သည်။

ပြည်တွင်းသကြားဈေး ၂၀ ရာခိုင်နှုန်း မြင့်တက်သဖြင့် အစိုးရက သကြားကို ထိန်းချုပ်ကုန်စည်အဖြစ် သတ်မှတ်ပြီး သကြားဈေးနှုန်းကို သတ်မှတ်ပြဋ္ဌာန်းပေးခဲ့သည်။

 

သကြားသည် ထိန်းချုပ်ကုန်စည်အဖြစ် သတ်မှတ်လိုက်သဖြင့် တစ်မက်ထရစ်တန်အထက် ပြည်ပတင်ပို့မည် ဆိုပါက အစိုးရထံမှ အတည်ပြု ခွင့်ပြုချက် ရယူရန် လိုအပ်မည် ဖြစ်သည်။

သို့ဖြစ်ရာ သကြားတင်ပို့မှုတွင် နှောင့်နှေးကြန့်ကြာမှု ရှိမည်ဖြစ်ကြောင်း Food Industry Guide တွင် တင်ပြခဲ့ပြီး ဖြစ်ပါသည်။

 


ထိုင်းသကြား ပြည်ပတင်ပို့ရန် နှောင့်နှေးကြန့်ကြာနိုင်

https://www.foodindustrydirectory.com.mm/food-industry/cuisine/thinland/item/7198

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

ကြံတောင်သူများ ကုန်ကျစရိတ်အတွက် တွက်ခြေကိုက်အောင် သကြားဈေးနှုန်း တိုးမြှင့်ပေးခြင်း ဖြစ်သည်ဟု ကုန်သွယ်ရေးဝန်ကြီး Phumtham Wechayachai က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ထိုင်းနိုင်ငံသည် ဘရာဇီးပြီးလျှင် ဒုတိယ ကမ္ဘာ့အများဆုံး တင်ပို့သည့်နိုင်ငံ ဖြစ်သည်။

 

ထိုင်းသကြားထွက်ရှိမှုမှာ မိုးခေါင်ရေရှားမှုဒဏ်ကို ခံခဲ့ရသည်။

ယခုနှစ်တွင် သကြား တန်ချိန် ၈ သန်း ထွက်မည်ဟု ခန့်မှန်းထားသည်။

တန်ချိန် ၂ သန်းခွဲကို ပြည်တွင်းမှာ စားသုံးမည် ဖြစ်သည်။

ကျန်သည့် ၅.၅ သန်းကို ပြည်ပသို့ တင်ပို့မည် ဖြစ်သည်။

 

ယမန်နှစ်က ထိုင်းနိုင်ငံသည် သကြားတန်ချိန် ၇ ဒသမ ၆၉ သန်း တင်ပို့ခဲ့သည်။


ထိုင်းသကြား အထွက်နည်းမည်

https://www.foodindustrydirectory.com.mm/food-industry/cuisine/thinland/item/6838

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Wednesday, 15 November 2023 00:46
Rate this item
(0 votes)