Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


lockdown ကာလ လမ်းဘေးစား‌သောက်ဆိုင်ငယ်တို့ရဲ့ ဘဝတိုက်ပွဲ

lockdown ကာလမှာ အာရှရဲ့ လမ်းဘေးစားသောက်ဆိုင်တွေ ရောင်းရေးဝယ်တာအတွက်

ဒုက္ခရောက်ကြတယ်။ လမ်းဘေးမှာ ထိုင်ခုံတွေ ခင်းပြီးရောင်းချကြတဲ့ဆိုင်လေးတွေ ပိတ်ထားကြရတယ်။ လမ်းဘေးမှ စားသောက်ဆိုင်ငယ်တွေ ပျောက်ကုန်သလို ထိုင်စားကြတဲ့သူတွေကလည်း အိမ်ထဲမှာ နေနေကြရတယ်။ သူတို့ဟာ ဆိုင်ပိုင်ရှင်တွေ ဖြစ်ပြီး ဆိုင်ရဲ့ စာဖိုမှူးတွေလည်း ဖြစ်ကြပါတယ်။
ကြာကြာတော့ မနေနိုင်ကြဘူး။ စားရေးနေရေး အရေးနစ်ပါးအတွက် လမ်းပေါ်ကို ပြန်ထွက်လာကြတယ်။ လူတွေကို social-distancing ကျင့်စဉ်ဖြင့် lockdown တင်းကျပ်ထားတာကို အာဏာပိုင်တွေက ဖြေလျော့ပေးတယ်။ လူတွေကို lockdown ချထားတာဟာ တိုင်းပြည်စီးပွားရေး တစ်ရပ်လုံးကို lockdown ချထားတာဖြစ်လို့ စီးပွားပျက်ကပ် နောက်ဆက်တွဲ ပါမလာအောင် စီးပွားရှာဖို့ ခွင့်ပြုပေးကြတယ်။
လမ်းဘေးဆိုင်ငယ်လေးတွေ ပြန်လည် ရှင်သန်ဖို့ နည်းလမ်းသစ်တွေ ကြံဆသုံးစွဲကြတယ်။
Facebook groups တွေ ဖွဲဲကြတယ်။ group ထဲမှာ စားသောက်ဆိုင်ငယ်တွေနဲ့အတူ ပေးပို့ ဝန်ဆောင်မှု delivery services တွေလည်း ပါဝင်တယ်။ သူတို့က ဝန်ဆောင်ခ ရယူပြီးမှာစားတဲ့သူတွေထံ စားစရာ အရောက်ပို့ပေးကြတယ်။ အဲဒီ ဝန်ဆောင်ခကို မှာစားတဲ့သူက ပေးရတာ ရှိသလို စားသောက်ဆိုင်ဘက်မှ ပေးတာမျိုးလည်း ရှိတယ်။

စင်ကာပူမှာ လေဟာပြင် စားသောက်ဆိုင် ပိုင်ရှင် စားဖိုမှူး အသက် ၄၂ နှစ်ရှိသူ Melvin Chew က ကြာဆံ ဘဲသားနှပ်ကို အဓိက ရောင်းချသူ ဖြစ်ပါတယ်။
သူ့ဆိုင်မှာ လူခြောက်ကပ်နေတာကို ကြုံရတယ်။ takeaway ပါဆယ် ဆွဲမယ့်သူတွေ အလာကြဲတယ်။ အိမ်မှာနေဖို့ အစိုးရက တိုက်တွန်းတဲ့အပြင် အိမ်မှာ နေကြအောင်လည်း ကြပ်မတ်ပေးနေတော့ သူ့ဆိုင်ကို လူတွေ မလာကြတော့ဘူး။ ဒီတော့ စားသောက်ဆိုင်ရှင်တွေ ဖွဲ့ထားတဲ့ Facebook group တစ်ခုထဲ ဝင်ပြီး takeaway ဝယ်စားဖို့ ကြော်ငြာပြီး ရောင်းအားတက်ဖို့ ကြိုးပမ်းရတယ်။ “hawkers and customers"လို့ အမည်ပေးထားတဲ့ အဲဒီ Facebook group မှာ member ၂ သိန်းခွဲကျော် ရှိနေတယ်။ အစားအသောက် ရောင်းတဲ့သူတွေနဲ့ စားသုံးသူတွေ ပါဝင်ထားကြတယ်။
"အဲဒီမှာ အားပေးကူညီတဲ့သူတွေ အများကြီးပဲ။ သူတို့က ဝယ်ယူအားပေးတဲ့အပြင် ဝိုင်းရှယ်ပေးကြတယ်" လို့ သူက ပြောပြတယ်။
ဘန်ကောက်မှာတော့ တည်းခိုဆောင်တစ်ခုက လမ်းဘေး စားသောက်ဆိုင်တွေကို ကူညီဖို့ လုပ်ငန်းကို အသွင်ပြောင်းလဲပေးလိုက်တယ်။ အနီးအနား ပတ်ဝန်းကျင်မှာ ဖွင့်လှစ်ခဲ့တဲ့ စားသောက်ဆိုင်ငယ်တွေမှ စားစရာတွေကို မှာကြားသူတွေထံ လိုက်လံပို့ဆောင်ပေးတယ်။ အချိတ်အဆက်တွေ အဆက်အသွယ်တွေ ပြုဖို့ messaging app ဖြစ်တဲ့ LINE ကို အသုံးပြုတယ်။ အခမဲ့ ကူညီပေးတာတော့ မဟုတ်ဘူး။ ၁၅ ရာခိုင်နှုန်း ကော်မရှင်ယူတယ်။
နာမည်ရ အစားအသောက်ပို့ အွန်လိုင်းအက်ပ်တွေက ကော်မရှင် ၃၀ ရာခိုင်နှုန်း ယူတာဆိုတော့ သူက ထက်ဝက်သက်သာတယ်။
ဝင်လာတဲ့ အမှာစာအရ စားသောက်ဆိုင် စားဖိုမှူးဆီ အော်ဒါတင်တယ်။ ဆိုင်က ချက်ပြုတ်ပြီးရင် တည်းခိုဆောင်ကို လာပို့ပေးရတယ်။ တည်းခိုဆောင် အနီးအနာမှာ ရှိတဲ့ဆိုင်တွေ ဖြစ်လို့ လာပို့ဖို့ အပန်းမကြီးဘူး။ မှာကြားသူတွေထံ ပို့ပေးဖို့အတွက် မော်တော်ဆိုင်ကယ် အပို့သမားတွေကို သုံးတယ်။ ပို့ရမယ့် လိပ်စာတွေအရ လမ်းကြောင်းချပေးဖို့ စားစရာတွေ ပေးပို့တယ်။ အဝယ်အလိုက်ဆုံးက ကက်ကြေးကိုက် ညှပ်ခေါက်ဆွဲကြော် ဖြစ်ပါတယ်။



ရန်ကုန်မြို့မှာတော့ Grab Myanmar က စားသောက်ဆိုင်ငယ်တွေကို ကူညီပေးမယ့် အသီအစဉ်ကို ကြေညာခဲ့တယ်။ လစဉ်ပျမ်းမျှ ရောင်းအား (၅၀၀,၀၀၀) ကျပ်အောက် ရရှိသည့် လုပ်ငန်းခွဲ၊ ဆိုင်ခွဲမရှိသည့် တစ်နိုင်တစ်ပိုင် ရပ်တည်နေသည့် စားသောက်ဆိုင်လုပ်ငန်းများဖြစ်ရမည်လို့ သတ်မှတ်ချက် ပြုပေးထားပါတယ်။

ဖတ်ရှုရန် ခေါင်းစဉ်ကို ထိပါ

Grab က ရန်ကုန်မြို့ရှိ စားသောက်ဆိုင်ငယ်များ၏ လုပ်ငန်းလည်ပတ်မှုကို မြှင့်တင်ပေးနိုင်မည့် အစီအစဉ်များကို ထုတ်ပြန်ကြေညာ


တစ်ဖက်မှာ ဗိုင်းရပ်စ် ကူးစက်မှုကို တိုက်ပွဲဝင်နေစဉ် လမ်းဘေးစားသောက်ဆိုင်ကလေးတွေကလည်း အစားအသောက်တွေ ဆက်လက်ရောင်းချနေနိုင်ဖို့ ကြိုးစားရုန်းကန်ကြတယ်။ အိမ်တွင်း မီးဖိုချောင်မှ စားစရာ ချက်ပြုတ်ပြီး Facebook ပေါ် ပုံတွေ တင်ပြီး ဈေးဗန်းခင်းကြတဲ့ တစ်နိုင်တစ်ပိုင် စားစရာရောင်းချသူတွေဟာလည်း သူတို့အဖို့တော့ အပြိဒင်အဆိုင် ပြုနေရာ ရောက်ပါတယ်။ ရပ်ကွက်အာဏာပိုင်တို့ရဲဥ အရေးယူမယ့်အရေးကိုလည်း စိုးရိမ်မကင်း ဖြစ်ကြရတဲ့ကြားမှာ လုပ်ငန်းဆက်လက်ရှင်သန်ဖို့ လုပ်ကိုင်နေကြတယ်။

"ကျွန်တော်တို့ လမ်းဘေးဈေးသည်တွေမှာ အိမ်မှာနေမယ်ဆိုတဲ့ ရွေးချယ်မှု ရရှိနိုင်တာ သေချာအောင် လုပ်ပေးချင်ပါတယ်" လို့ 'ဒို့အိမ်' မှ Emilie Roell က ပြောကြားခဲ့ပါတယ်။

borneobulletin.com.bn

lockdown ကာလမွာ အာရွရဲ႕ လမ္းေဘးစားေသာက္ဆိုင္ေတြ ေရာင္းေရးဝယ္တာအတြက္ ဒုကၡေရာက္ၾကတယ္။ လမ္းေဘးမွာ ထိုင္ခုံေတြ ခင္းၿပီးေရာင္းခ်ၾကတဲ့ဆိုင္ေလးေတြ ပိတ္ထားၾကရတယ္။ လမ္းေဘးမွ စားေသာက္ဆိုင္ငယ္ေတြ ေပ်ာက္ကုန္သလို ထိုင္စားၾကတဲ့သူေတြကလည္း အိမ္ထဲမွာ ေနေနၾကရတယ္။ သူတို႔ဟာ ဆိုင္ပိုင္ရွင္ေတြ ျဖစ္ၿပီး ဆိုင္ရဲ႕ စာဖိုမႉးေတြလည္း ျဖစ္ၾကပါတယ္။
ၾကာၾကာေတာ့ မေနႏိုင္ၾကဘူး။ စားေရးေနေရး အေရးနစ္ပါးအတြက္ လမ္းေပၚကို ျပန္ထြက္လာၾကတယ္။ လူေတြကို social-distancing က်င့္စဥ္ျဖင့္ lockdown တင္းက်ပ္ထားတာကို အာဏာပိုင္ေတြက ေျဖေလ်ာ့ေပးတယ္။ လူေတြကို lockdown ခ်ထားတာဟာ တိုင္းျပည္စီးပြားေရး တစ္ရပ္လုံးကို lockdown ခ်ထားတာျဖစ္လို႔ စီးပြားပ်က္ကပ္ ေနာက္ဆက္တြဲ ပါမလာေအာင္ စီးပြားရွာဖို႔ ခြင့္ျပဳေပးၾကတယ္။
လမ္းေဘးဆိုင္ငယ္ေလးေတြ ျပန္လည္ ရွင္သန္ဖို႔ နည္းလမ္းသစ္ေတြ ႀကံဆသုံးစြဲၾကတယ္။
Facebook groups ေတြ ဖြဲဲၾကတယ္။ group ထဲမွာ စားေသာက္ဆိုင္ငယ္ေတြနဲ႔အတူ ေပးပို႔ ဝန္ေဆာင္မႈ delivery services ေတြလည္း ပါဝင္တယ္။ သူတို႔က ဝန္ေဆာင္ခ ရယူၿပီးမွာစားတဲ့သူေတြထံ စားစရာ အေရာက္ပို႔ေပးၾကတယ္။ အဲဒီ ဝန္ေဆာင္ခကို မွာစားတဲ့သူက ေပးရတာ ရွိသလို စားေသာက္ဆိုင္ဘက္မွ ေပးတာမ်ိဳးလည္း ရွိတယ္။

စင္ကာပူမွာ ေလဟာျပင္ စားေသာက္ဆိုင္ ပိုင္ရွင္ စားဖိုမႉး အသက္ ၄၂ ႏွစ္ရွိသူ Melvin Chew က ၾကာဆံ ဘဲသားႏွပ္ကို အဓိက ေရာင္းခ်သူ ျဖစ္ပါတယ္။
သူ႔ဆိုင္မွာ လူေျခာက္ကပ္ေနတာကို ႀကဳံရတယ္။ takeaway ပါဆယ္ ဆြဲမယ့္သူေတြ အလာႀကဲတယ္။ အိမ္မွာေနဖို႔ အစိုးရက တိုက္တြန္းတဲ့အျပင္ အိမ္မွာ ေနၾကေအာင္လည္း ၾကပ္မတ္ေပးေနေတာ့ သူ႔ဆိုင္ကို လူေတြ မလာၾကေတာ့ဘူး။ ဒီေတာ့ စားေသာက္ဆိုင္ရွင္ေတြ ဖြဲ႕ထားတဲ့ Facebook group တစ္ခုထဲ ဝင္ၿပီး takeaway ဝယ္စားဖို႔ ေၾကာ္ျငာၿပီး ေရာင္းအားတက္ဖို႔ ႀကိဳးပမ္းရတယ္။ “hawkers and customers"လို႔ အမည္ေပးထားတဲ့ အဲဒီ Facebook group မွာ member ၂ သိန္းခြဲေက်ာ္ ရွိေနတယ္။ အစားအေသာက္ ေရာင္းတဲ့သူေတြနဲ႔ စားသုံးသူေတြ ပါဝင္ထားၾကတယ္။
"အဲဒီမွာ အားေပးကူညီတဲ့သူေတြ အမ်ားႀကီးပဲ။ သူတို႔က ဝယ္ယူအားေပးတဲ့အျပင္ ဝိုင္းရွယ္ေပးၾကတယ္" လို႔ သူက ေျပာျပတယ္။
ဘန္ေကာက္မွာေတာ့ တည္းခိုေဆာင္တစ္ခုက လမ္းေဘး စားေသာက္ဆိုင္ေတြကို ကူညီဖို႔ လုပ္ငန္းကို အသြင္ေျပာင္းလဲေပးလိုက္တယ္။ အနီးအနား ပတ္ဝန္းက်င္မွာ ဖြင့္လွစ္ခဲ့တဲ့ စားေသာက္ဆိုင္ငယ္ေတြမွ စားစရာေတြကို မွာၾကားသူေတြထံ လိုက္လံပို႔ေဆာင္ေပးတယ္။ အခ်ိတ္အဆက္ေတြ အဆက္အသြယ္ေတြ ျပဳဖို႔ messaging app ျဖစ္တဲ့ LINE ကို အသုံးျပဳတယ္။ အခမဲ့ ကူညီေပးတာေတာ့ မဟုတ္ဘူး။ ၁၅ ရာခိုင္ႏႈန္း ေကာ္မရွင္ယူတယ္။
နာမည္ရ အစားအေသာက္ပို႔ အြန္လိုင္းအက္ပ္ေတြက ေကာ္မရွင္ ၃၀ ရာခိုင္ႏႈန္း ယူတာဆိုေတာ့ သူက ထက္ဝက္သက္သာတယ္။
ဝင္လာတဲ့ အမွာစာအရ စားေသာက္ဆိုင္ စားဖိုမႉးဆီ ေအာ္ဒါတင္တယ္။ ဆိုင္က ခ်က္ျပဳတ္ၿပီးရင္ တည္းခိုေဆာင္ကို လာပို႔ေပးရတယ္။ တည္းခိုေဆာင္ အနီးအနာမွာ ရွိတဲ့ဆိုင္ေတြ ျဖစ္လို႔ လာပို႔ဖို႔ အပန္းမႀကီးဘူး။ မွာၾကားသူေတြထံ ပို႔ေပးဖို႔အတြက္ ေမာ္ေတာ္ဆိုင္ကယ္ အပို႔သမားေတြကို သုံးတယ္။ ပို႔ရမယ့္ လိပ္စာေတြအရ လမ္းေၾကာင္းခ်ေပးဖို႔ စားစရာေတြ ေပးပို႔တယ္။ အဝယ္အလိုက္ဆုံးက ကက္ေၾကးကိုက္ ညႇပ္ေခါက္ဆြဲေၾကာ္ ျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕မွာေတာ့ Grab Myanmar က စားေသာက္ဆိုင္ငယ္ေတြကို ကူညီေပးမယ့္ အသီအစဥ္ကို ေၾကညာခဲ့တယ္။ လစဥ္ပ်မ္းမွ် ေရာင္းအား (၅၀၀,၀၀၀) က်ပ္ေအာက္ ရရွိသည့္ လုပ္ငန္းခြဲ၊ ဆိုင္ခြဲမရွိသည့္ တစ္ႏိုင္တစ္ပိုင္ ရပ္တည္ေနသည့္ စားေသာက္ဆိုင္လုပ္ငန္းမ်ားျဖစ္ရမည္လို႔ သတ္မွတ္ခ်က္ ျပဳေပးထားပါတယ္။

တစ္ဖက္မွာ ဗိုင္းရပ္စ္ ကူးစက္မႈကို တိုက္ပြဲဝင္ေနစဥ္ လမ္းေဘးစားေသာက္ဆိုင္ကေလးေတြကလည္း အစားအေသာက္ေတြ ဆက္လက္ေရာင္းခ်ေနႏိုင္ဖို႔ ႀကိဳးစား႐ုန္းကန္ၾကတယ္။ အိမ္တြင္း မီးဖိုေခ်ာင္မွ စားစရာ ခ်က္ျပဳတ္ၿပီး Facebook ေပၚ ပုံေတြ တင္ၿပီး ေဈးဗန္းခင္းၾကတဲ့ တစ္ႏိုင္တစ္ပိုင္ စားစရာေရာင္းခ်သူေတြဟာလည္း သူတို႔အဖို႔ေတာ့ အၿပိဒင္အဆိုင္ ျပဳေနရာ ေရာက္ပါတယ္။ ရပ္ကြက္အာဏာပိုင္တို႔ရဲဥ အေရးယူမယ့္အေရးကိုလည္း စိုးရိမ္မကင္း ျဖစ္ၾကရတဲ့ၾကားမွာ လုပ္ငန္းဆက္လက္ရွင္သန္ဖို႔ လုပ္ကိုင္ေနၾကတယ္။

"ကြၽန္ေတာ္တို႔ လမ္းေဘးေဈးသည္ေတြမွာ အိမ္မွာေနမယ္ဆိုတဲ့ ေ႐ြးခ်ယ္မႈ ရရွိႏိုင္တာ ေသခ်ာေအာင္ လုပ္ေပးခ်င္ပါတယ္" လို႔ 'ဒို႔အိမ္' မွ Emilie Roell က ေျပာၾကားခဲ့ပါတယ္။

borneobulletin.com.bn

Read times
Rate this item
(0 votes)