Restaurants



အိန္ဒိယတွင် PepsiCo အာလူးမျိုးစေ့ မူပိုင်ခွင့် မရ

အိန္ဒိယတွင် PepsiCo အာလူးမျိုးစေ့ မူပိုင်ခွင့် မရ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

New York အခြေစိုက် ကုမ္ပဏီ PepsiCo ၏ နာမည်ကြီး Lay's အာလူးကြော်အတွက် သီးသန့်စိုက်ပျိုးသော FC5 အာလူး မျိုး‌စေ့များအတွက် မူပိုင်ခွင့်ကို ရုပ်သိမ်းသည့် အမိန့်ကို ပယ်ဖျက်ပေးပါရန် PepsiCo Inc ၏ အယူခံကို အိန္ဒိယတရားရုံးက ပယ်ချခဲ့သည်။

.

 

အိန္ဒိယတွင် ဖျော်ရည်နှင့် သွားရည်စာ ရောင်းချသည့် PepsiCo သည် အာလူးမုန့်ထုပ် စက်ရုံကို ၁၉၈၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည်။ Lay’s အမည်အမှတ်တံဆိပ်ဖြင့် အာလူးကြော် မုန့်ထုပ်များ ထုတ်လုပ်သည်။ 

လယ်သမားများကို FC5 အာလူးမျိုးစေ့များ ပေးပြီး စိုက်ပျိုးစေသည်။ ထွက်ရှိသည့် အာလူးကို PepsiCo မှ သတ်မှတ်သည့်ဈေးဖြင့် PepsiCo ထံ ရောင်းချရသည်။

.

PepsiCo သည်  အစိုဓာတ်ပါဝင်မှု နည်းပါးဖို့ လိုအပ်သော အာလူးကြော်ကဲ့သို့သော  အာလူးမုန့်ထုပ် သရေစာများ ပြုလုပ်ရန်အတွက် အစိုဓာတ်ပါဝင်မှု နည်းပါးသည့် အာလူး အမျိုးအစား FC5 မျိုးစေ့ကို တသီးတသန့် တီထွင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် မူပိုင်ခွင့်  မှတ်ပုံတင်ထားသည်။

 .

၂၀၁၉ ခုနှစ်တွင် PepsiCo သည် FC5 အာလူးမျိုးစိတ်များကို PepsiCo နှင့် ကန်ထရိုက် မရယူဘဲ စိုက်ပျိုးသည့် အိန္ဒိယလယ်သမားအချို့အား ၎င်း၏မူပိုင်ခွင့်ကို ချိုးဖောက်သည့်  စွပ်စွဲချက်ဖြင့် တရားစွဲဆိုခဲ့သည်။ တစ်ဦးလျှင် ရူပီ ၁၀ သန်း ($121,050) နစ်နာကြေး ပေးရန် PepsiCo က တောင်းဆိုခဲ့သည်။

လအတန်ကြာပြီးချိန်တွင် PepsiCo က အမှုကို ပြန်ရုပ်သိမ်းခဲ့သည်။

.

လယ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူ Kavitha Kuruganti က ကုမ္ပဏီသည် မျိုးစေ့အမျိုးမျိုးအတွက် မူပိုင်ခွင့်ကို အိန္ဒိယတွင် ပြဋ္ဌာန်းထားသည့် စည်းမျဉ်းများအရ တောင်းဆိုခွင့် မရှိဟု အခိုင်အမာ ပြောဆိုပြီးနောက် အာဏာပိုင်များသည် PepsiCo ၏ အာလူးစေ့ မူပိုင်ခွင့်ကို ဖယ်ရှားခဲ့သည်။

.

 ၂၀၂၁ ခုနှစ်တွင် အပင်မျိုးကွဲများနှင့် တောင်သူအခွင့်အရေးများ ကာကွယ်ရေး Protection of Plant Varieties and Farmers' Rights (PPVFR) အာဏာပိုင်မှ PepsiCo ၏ FC5 အာလူးမျိုးစိတ်အား ပေးထားသည့် ဉာဏဆိုင်ရာ ကာကွယ်တားဆီးထားခြင်းကို ရုပ်သိမ်းကြောင်း အမိန့်စာ ထုတ်ပြန်ခဲ့သည်။

.

အိန္ဒိယ၏ စည်းမျဉ်းများအရ မျိုးစေ့မျိုးကွဲများအတွက် မူပိုင်ခွင့်ကို အိန္ဒိယနိုင်ငံတွင် ခွင့်မပြုဟု အမိန့်စာတွင် ဖော်ပြထားသည်။

.

 

.

PepsiCo သည် မူပိုင်ခွင့် ရုပ်သိမ်းခြင်းကို ပယ်ဖျက်ပေးဖို့ ဒေလီတရားရုံးချုပ်သို့ အယူခံ ဝင်ခဲ့သည်။

.

ဇူလိုင် ၅ ရက်စွဲဖြင့် စီရင်ချက်အမိန့်အရ ဒေလီတရားရုံးချုပ် တရားသူကြီး Navin Chawla သည် အာဏာပိုင်များ၏ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးစေလိုသည့် PepsiCo ၏ အယူခံကို ပယ်ချခဲ့ပါသည်။

.

 

Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Sunday, 09 July 2023 13:42
Rate this item
(0 votes)