Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


မေလအကုန်ခန့်တွင် ချေးငွေအတော်များများထုတ်ပေးနိုင်မည်ဟု ကုန်သည်/စက်မှုအသင်းချုပ် မျှော်မှန်း

▪️ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ


အသင်းချုပ်အနေဖြင့် ချေးငွေ လျှောက်လွှာများ စိစစ်မှုအပိုင်းကို အဓိကထားလုပ်ဆောင်နေပြီး မေလအကုန်ခန့်တွင် ချေးငွေအတော်များများ ထုတ်ပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း ကုန်သည်/စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း က ပြောသည်။
▪️“လက်ရှိက ချေးငွေလျှောက်လွှာ ပေါင်း ၄၂၀၀ ကျော်ရှိတဲ့အတွက် စိစစ်တဲ့အပိုင်းကလည်း တော်တော် လေးကို စိစစ်ရတဲ့အပိုင်းရှိပါတယ်။ မတူညီတဲ့ လုပ်ငန်းအမျိုးအစားတွေ၊ လုပ်ငန်း အရွယ်အစားကလည်း အကြီး၊ အသေး၊ အလတ်ဆိုပြီး အတော်လေးစုံပါတယ်။ ဒီထဲကနေ ပြီးတော့ ကျွန်တော်တို့ အဆင့်ဆင့် စိစစ်ရတဲ့အခါကျတော့ အချိန်တော့ တော်တော်ယူရပါတယ်။ ဒီလကုန် လောက်ကိုတော့ နောက်ဆုံးထားပြီး အတော်များများကို ချေးငွေထုတ်ပေး သွားနိုင်လိမ့်မယ်လို့ မှန်းထားပါ တယ်” ဟု ၎င်းက ပြောသည်။
▪️လတ်တလော ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ အကျိုးဆက်ကြောင့် ထိခိုက်မှုရှိသော ပြည်တွင်းစီးပွားရေး လုပ်ငန်းများအတွက် နိုင်ငံတော် အစိုးရက ထောက်ပံ့သည့် ချေးငွေရရှိ နိုင်ရေးအတွက် ကုန်သည် / စက်မှု အသင်းချုပ်တွင် မတ် ၃၀ ရက်မှ ဧပြီ ၉ ရက်အထိ ချေးငွေလျှောက်လွှာ များ လက်ခံပေးခဲ့ကြောင်း သိရသည်။ ကုန်သည် / စက်မှုအသင်းချုပ်၌ ဧပြီ ၉ ရက် စာရင်းပိတ်ချိန်တွင် အသင်း ချုပ်၌ လျှောက်ထားသော လျှောက် လွှာများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အသင်းရုံးများတွင် လျှောက်ထားသော လျှောက်လွှာများ၊ Online မှ လက်ခံရရှိသော လျှောက် ထားမှုများဟူ၍ ချေးငွေလျှောက်လွှာ ပေါင်း ၄၂၅၈ စောင် လက်ခံရရှိခဲ့ သည်။
▪️ထိုသို့ လျှောက်ထားမှုများအနက် ချေးငွေရရှိပြီးသူများအနေဖြင့် ပထမ အသုတ်တွင် ၈၅ ဦး၊ ဒုတိယအသုတ် တွင် ၁၁၃ ဦးနှင့် တတိယအသုတ်တွင် ၁၁၁ ဦးအပါအဝင် စုစုပေါင်း ၃၀၀ ကျော်ကို တန်ဖိုးအားဖြင့် စုစုပေါင်း မြန်မာငွေ ကျပ် ၁၃ ဘီလီယံခန့် ချေးငွေထုတ်ပေးပြီးဖြစ်ကြောင်း သိရ သည်။ ယင်းချေးငွေများကို ချေးငွေ လျှောက်ထားသူ၏ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြန်မာ့စီးပွားရေးဘဏ်များနှင့် စာချုပ် ချုပ်ဆို၍ ထုတ်ယူခွင့်ပြုပေးလျက်ရှိ သည်။
▪️လျှောက်ထားသည့်ချေးငွေ မရ ရှိသေးသူများအတွက် အသင်းချုပ် တွင် သတင်းအချက်အလက် ကောင်တာတစ်ခု ဖွင့်လှစ်ပေးထား ပြီး ယင်းကောင်တာတွင် လာရောက် စုံစမ်းနိုင်ကာ ရက်ပိုင်းအတွင်း အကြောင်း ပြန်ကြားပေးမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ အကြောင်း ပြန်ကြားရာတွင် ကုန်သည် / စက်မှု အသင်းချုပ်နှင့် သက်ဆိုင်သော အကြောင်းအရာများကိုသာ ပြန်ကြား ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ချေးငွေလျှောက်ထားမှု နယ်လျှောက် လွှာအချို့မှာ သင်္ကြန်ရုံးပိတ်ရက် ကာလအလွန်ဖြစ်သော ၂၀ ရက် နောက်ပိုင်းမှသာ ရောက်ရှိလာခဲ့သည့် အတွက် အနည်းငယ်နောက်ကျကျန် ရှိမှုများ ရှိကြောင်း သိရသည်။
ချေးငွေများ ထုတ်ချေးရာတွင် အထည်ချုပ်နှင့် CMP လုပ်ငန်းများကို ပထမဦးစားပေးအဖြစ်လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို ဒုတိယဦးစားပေးအဖြစ် လည်း ကောင်း၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို တတိယ ဦးစားပေးအဖြစ် လည်းကောင်း ထုတ်ချေးပေးလျက်ရှိကြောင်း သိရ သည်။ ချေးငွေထုတ်ပေးခြင်းမှာ စီးပွား ရေးလုပ်ငန်းများ ဆက်လက်လည်ပတ် နိုင်ရေး၊ လုပ်ငန်းများ ဆက်လက် ရှင်သန်ရေးနှင့် ဝန်ထမ်းများ လစာပေး နိုင်ရေးအတွက် ထုတ်ပေးခြင်းဖြစ် သည်။
▪️ချေးငွေများကို သက်ဆိုင်ရာ လုပ်ငန်းများအတွက် ဝန်ထမ်းလစာ သုံးလစာခန့် ပေးနိုင်မည့် ပမာဏခန့် ကို အနည်းဆုံးထုတ်ချေးလျက်ပြီး ယခုတစ်ခေါက် ချေးငွေလျှောက်ထား မှုကို မမီလိုက်သူများအတွက် ထပ်မံ ၍ အခွင့်အလမ်းများ ပေါ်ပေါက်လာ နိုင်သည်ဟု ခန့်မှန်းထားသည်။
ကိုဗစ်-၁၉ အကျိုးဆက်ကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်း များ ကုစားရေးအတွက် ချေးငွေရရှိရေး ဆိုင်ရာ ကိစ္စရပ်များကို မတ် ၂၈ ရက် က ဗီဒီယိုဆွေးနွေးပွဲကျင်းပခဲ့ရာ ကုန်သည်/စက်မှုအသင်းချုပ်အနေ ဖြင့် ပုဂ္ဂလိကကဏ္ဍအား ဦးဆောင်၍ နိုင်ငံတော်အစိုးရနှင့်အတူ ရန်ပုံငွေ ကျပ် ၁၀၀ ဘီလီယံအား လုပ်ငန်းကဏ္ဍ အလိုက် အမှန်တကယ်လိုအပ်ပြီး ရသင့်ရထိုက်သော လုပ်ငန်းများမှ ချေးငွေများရရှိနိုင်ရေး၊ သတ်မှတ်ချက် နှင့် ကိုက်ညီသော လုပ်ငန်းများကို ချေးငွေထုတ်ပေးနိုင်ရေး၊ သတ်မှတ် ကာလအတွင်း ချေးငွေပြန်လည်ပေး ဆပ်နိုင်ရေးတို့တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရန်အတွက် လိုအပ်သည် များကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးအောင်နိုင်ဦး၊ ကုန်သည် / စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပြည်နယ်/ တိုင်းဒေသကြီးဥက္ကဋ္ဌများနှင့် ကိုယ်စား လှယ်များ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းနှင့် မြန်မာ့အလင်း သတင်းစာတို့ တွေ့ဆုံမေးမြန်းချက်

 

▪️ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား
အသင္းခ်ဳပ္အေနျဖင့္ ေခ်းေငြ ေလွ်ာက္လႊာမ်ား စိစစ္မႈအပိုင္းကို အဓိကထားလုပ္ေဆာင္ေနၿပီး ေမလအကုန္ခန႔္တြင္ ေခ်းေငြအေတာ္မ်ားမ်ား ထုတ္ေပးႏိုင္မည္ဟု ေမွ်ာ္မွန္းထားေၾကာင္း ကုန္သည္/စက္မႈအသင္းခ်ဳပ္ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ဦးေအးဝင္း က ေျပာသည္။
▪️“လက္ရွိက ေခ်းေငြေလွ်ာက္လႊာ ေပါင္း ၄၂၀၀ ေက်ာ္ရွိတဲ့အတြက္ စိစစ္တဲ့အပိုင္းကလည္း ေတာ္ေတာ္ ေလးကို စိစစ္ရတဲ့အပိုင္းရွိပါတယ္။ မတူညီတဲ့ လုပ္ငန္းအမ်ိဳးအစားေတြ၊ လုပ္ငန္း အ႐ြယ္အစားကလည္း အႀကီး၊ အေသး၊ အလတ္ဆိုၿပီး အေတာ္ေလးစုံပါတယ္။ ဒီထဲကေန ၿပီးေတာ့ ကြၽန္ေတာ္တို႔ အဆင့္ဆင့္ စိစစ္ရတဲ့အခါက်ေတာ့ အခ်ိန္ေတာ့ ေတာ္ေတာ္ယူရပါတယ္။ ဒီလကုန္ ေလာက္ကိုေတာ့ ေနာက္ဆုံးထားၿပီး အေတာ္မ်ားမ်ားကို ေခ်းေငြထုတ္ေပး သြားႏိုင္လိမ့္မယ္လို႔ မွန္းထားပါ တယ္” ဟု ၎က ေျပာသည္။
▪️လတ္တေလာ ျဖစ္ေပၚေနေသာ ကိုဗစ္-၁၉ အက်ိဳးဆက္ေၾကာင့္ ထိခိုက္မႈရွိေသာ ျပည္တြင္းစီးပြားေရး လုပ္ငန္းမ်ားအတြက္ ႏိုင္ငံေတာ္ အစိုးရက ေထာက္ပံ့သည့္ ေခ်းေငြရရွိ ႏိုင္ေရးအတြက္ ကုန္သည္ / စက္မႈ အသင္းခ်ဳပ္တြင္ မတ္ ၃၀ ရက္မွ ဧၿပီ ၉ ရက္အထိ ေခ်းေငြေလွ်ာက္လႊာ မ်ား လက္ခံေပးခဲ့ေၾကာင္း သိရသည္။ ကုန္သည္ / စက္မႈအသင္းခ်ဳပ္၌ ဧၿပီ ၉ ရက္ စာရင္းပိတ္ခ်ိန္တြင္ အသင္း ခ်ဳပ္၌ ေလွ်ာက္ထားေသာ ေလွ်ာက္ လႊာမ်ား၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အသီးသီးရွိ အသင္း႐ုံးမ်ားတြင္ ေလွ်ာက္ထားေသာ ေလွ်ာက္လႊာမ်ား၊ Online မွ လက္ခံရရွိေသာ ေလွ်ာက္ ထားမႈမ်ားဟူ၍ ေခ်းေငြေလွ်ာက္လႊာ ေပါင္း ၄၂၅၈ ေစာင္ လက္ခံရရွိခဲ့ သည္။
▪️ထိုသို႔ ေလွ်ာက္ထားမႈမ်ားအနက္ ေခ်းေငြရရွိၿပီးသူမ်ားအေနျဖင့္ ပထမ အသုတ္တြင္ ၈၅ ဦး၊ ဒုတိယအသုတ္ တြင္ ၁၁၃ ဦးႏွင့္ တတိယအသုတ္တြင္ ၁၁၁ ဦးအပါအဝင္ စုစုေပါင္း ၃၀၀ ေက်ာ္ကို တန္ဖိုးအားျဖင့္ စုစုေပါင္း ျမန္မာေငြ က်ပ္ ၁၃ ဘီလီယံခန႔္ ေခ်းေငြထုတ္ေပးၿပီးျဖစ္ေၾကာင္း သိရ သည္။ ယင္းေခ်းေငြမ်ားကို ေခ်းေငြ ေလွ်ာက္ထားသူ၏ သက္ဆိုင္ရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ ျမန္မာ့စီးပြားေရးဘဏ္မ်ားႏွင့္ စာခ်ဳပ္ ခ်ဳပ္ဆို၍ ထုတ္ယူခြင့္ျပဳေပးလ်က္ရွိ သည္။
▪️ေလွ်ာက္ထားသည့္ေခ်းေငြ မရ ရွိေသးသူမ်ားအတြက္ အသင္းခ်ဳပ္ တြင္ သတင္းအခ်က္အလက္ ေကာင္တာတစ္ခု ဖြင့္လွစ္ေပးထား ၿပီး ယင္းေကာင္တာတြင္ လာေရာက္ စုံစမ္းႏိုင္ကာ ရက္ပိုင္းအတြင္း အေၾကာင္း ျပန္ၾကားေပးမည္ျဖစ္ ေၾကာင္း သိရသည္။ ထိုသို႔ အေၾကာင္း ျပန္ၾကားရာတြင္ ကုန္သည္ / စက္မႈ အသင္းခ်ဳပ္ႏွင့္ သက္ဆိုင္ေသာ အေၾကာင္းအရာမ်ားကိုသာ ျပန္ၾကား ေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။ ေခ်းေငြေလွ်ာက္ထားမႈ နယ္ေလွ်ာက္ လႊာအခ်ိဳ႕မွာ သၾကၤန္႐ုံးပိတ္ရက္ ကာလအလြန္ျဖစ္ေသာ ၂၀ ရက္ ေနာက္ပိုင္းမွသာ ေရာက္ရွိလာခဲ့သည့္ အတြက္ အနည္းငယ္ေနာက္က်က်န္ ရွိမႈမ်ား ရွိေၾကာင္း သိရသည္။
ေခ်းေငြမ်ား ထုတ္ေခ်းရာတြင္ အထည္ခ်ဳပ္ႏွင့္ CMP လုပ္ငန္းမ်ားကို ပထမဦးစားေပးအျဖစ္လည္းေကာင္း၊ ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္းကို ဒုတိယဦးစားေပးအျဖစ္ လည္း ေကာင္း၊ အေသးစား၊ အလတ္စား စီးပြားေရးလုပ္ငန္းမ်ားကို တတိယ ဦးစားေပးအျဖစ္ လည္းေကာင္း ထုတ္ေခ်းေပးလ်က္ရွိေၾကာင္း သိရ သည္။ ေခ်းေငြထုတ္ေပးျခင္းမွာ စီးပြား ေရးလုပ္ငန္းမ်ား ဆက္လက္လည္ပတ္ ႏိုင္ေရး၊ လုပ္ငန္းမ်ား ဆက္လက္ ရွင္သန္ေရးႏွင့္ ဝန္ထမ္းမ်ား လစာေပး ႏိုင္ေရးအတြက္ ထုတ္ေပးျခင္းျဖစ္ သည္။
▪️ေခ်းေငြမ်ားကို သက္ဆိုင္ရာ လုပ္ငန္းမ်ားအတြက္ ဝန္ထမ္းလစာ သုံးလစာခန႔္ ေပးႏိုင္မည့္ ပမာဏခန႔္ ကို အနည္းဆုံးထုတ္ေခ်းလ်က္ၿပီး ယခုတစ္ေခါက္ ေခ်းေငြေလွ်ာက္ထား မႈကို မမီလိုက္သူမ်ားအတြက္ ထပ္မံ ၍ အခြင့္အလမ္းမ်ား ေပၚေပါက္လာ ႏိုင္သည္ဟု ခန႔္မွန္းထားသည္။
ကိုဗစ္-၁၉ အက်ိဳးဆက္ေၾကာင့္ ထိခိုက္မႈရွိေသာ စီးပြားေရးလုပ္ငန္း မ်ား ကုစားေရးအတြက္ ေခ်းေငြရရွိေရး ဆိုင္ရာ ကိစၥရပ္မ်ားကို မတ္ ၂၈ ရက္ က ဗီဒီယိုေဆြးေႏြးပြဲက်င္းပခဲ့ရာ ကုန္သည္/စက္မႈအသင္းခ်ဳပ္အေန ျဖင့္ ပုဂၢလိကက႑အား ဦးေဆာင္၍ ႏိုင္ငံေတာ္အစိုးရႏွင့္အတူ ရန္ပုံေငြ က်ပ္ ၁၀၀ ဘီလီယံအား လုပ္ငန္းက႑ အလိုက္ အမွန္တကယ္လိုအပ္ၿပီး ရသင့္ရထိုက္ေသာ လုပ္ငန္းမ်ားမွ ေခ်းေငြမ်ားရရွိႏိုင္ေရး၊ သတ္မွတ္ခ်က္ ႏွင့္ ကိုက္ညီေသာ လုပ္ငန္းမ်ားကို ေခ်းေငြထုတ္ေပးႏိုင္ေရး၊ သတ္မွတ္ ကာလအတြင္း ေခ်းေငြျပန္လည္ေပး ဆပ္ႏိုင္ေရးတို႔တြင္ ပူးေပါင္းပါဝင္ ေဆာင္႐ြက္ရန္အတြက္ လိုအပ္သည္ မ်ားကို ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခား စီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ႏွင့္ စီးပြားေရး သက္ေရာက္မႈမ်ားအေပၚ ကုစားေရး လုပ္ငန္းေကာ္မတီ အတြင္းေရးမႉး ဦးေအာင္ႏိုင္ဦး၊ ကုန္သည္ / စက္မႈ အသင္းခ်ဳပ္ ဥကၠ႒ ဦးေဇာ္မင္းဝင္းႏွင့္ စီမံခန႔္ခြဲေရးအဖြဲ႕ဝင္မ်ား၊ ျပည္နယ္/ တိုင္းေဒသႀကီးဥကၠ႒မ်ားႏွင့္ ကိုယ္စား လွယ္မ်ား ပါဝင္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ကုန္သည္စက္မႈအသင္းခ်ဳပ္ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ဦးေအးဝင္းႏွင့္ ျမန္မာ့အလင္း သတင္းစာတို႔ ေတြ႕ဆုံေမးျမန္းခ်က္

Read times
Rate this item
(0 votes)