Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


အစိုးရချေးငွေ ဘီလီယံ(၁၀၀)ကို ဘယ်လိုစိစစ်ပြီးပေးနေလဲ

အစိုးရချေးငွေ ဘီလီယံ(၁၀၀) အား စိစစ်ဆောင်ရွက်ပေးနေမှုကို ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းမှ
O Media နှင့် တွေ့ဆုံဖြေကြားချက်
?????
အစိုးရချေးငွေ ဘီလီယံ(၁၀၀)ကို ဘယ်လိုစိစစ်ပြီးပေးနေလဲ | Omedia
◾️ကိုဗစ်ဂယက်ကြောင့် အစိုးရကချေးပေးတဲ့ ကျပ်ဘီလီယံ(၁၀၀)နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တဲ့အတွက် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ဦးဇော်ဌေးက ဘယ်လိုစိစစ်ခဲ့သလဲဆိုတာကို မေလဆန်းပိုင်းတုန်းက သတင်းသမားတွေကို ရှင်းလင်းခဲ့ပါတယ်။
ဒါကြောင့် O Media က ချေးငွေဘီလီယံ(၁၀၀)နဲ့ပတ်သက်ပြီး နောက်ဆုံးဘယ်လိုအခြေအနေရှိနေသလဲ၊
ဘယ်လောက်ထိထုတ်ချေးခွင့်ပြုထားသလဲဆိုတာတွေကို စိစစ်တဲ့အဖွဲ့မှာပါတဲ့ ကုန်သည်စင်မှုအသင်းချုပ်( UMFCCI)ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းကို သွားရောက်တွေ့ဆုံမေးမြန်းထားပါတယ်။
◾️မေး။ ။ အခုချေးငွေထုတ်ချေးတဲ့ အသုတ်(၃)ခုထဲမှာ ချေးငွေပမာဏကြောင့် ဝေဖန်မှုတွေရှိခဲ့ပါတယ်။ချေးငွေမယူဘဲ ပြန်ပေးတာတွေလည်းရှိခဲ့တာကြောင့် တစ်ချက်လောက်ရှင်းပြပေးပါဦး။
◾️ဦးအေးဝင်း။ ။ မယူတော့ဘူး ကွန်ပလိန်းတက်တာ အများဆုံး(၃)ဦးပဲရှိတာပါ၊ အဲလူတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဌာနကိုလည်း တင်ပြထားတယ်၊ ဘယ်လိုစိစစ်ထားလဲ တင်ပြပေးထားတာရှိတယ်။ ချေးငွေ ပမာဏကလည်း UMFCCI ကလုပ်တာမဟုတ်ပါဘူး ကျွန်တော်တို့ အဓိကပါဝင်တာက လျှောက်လွှာစိစစ်တဲ့ အပိုင်းပါ။ စိစစ်တဲ့အပိုင်းမှာလည်း အစိုးရဘက်ကပါပါတယ်၊ DICA(ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန) ပါတယ်၊ SME လုပ်ငန်းဆိုလည်း SME လည်းပါပါတယ်။ အသေးစိတ်စစ်ဆေးတာတွေလုပ်ပြီးမှ တင်ရတာ။ အတည်ပြုတာ အပေါ်ပိုင်းတွေက၊ ကျွန်တော်တို့ဘက်ကဏ္ဍကနည်းသွားပြီးဖြစ်ပါတယ်။
◾️မေး။ ။ ချေးငွေလျှောက်ထားတာတွေကို စိစစ်ဖို့ ဘယ်လောက်ကျန်သေးလဲ ခင်ဗျာ။
◾️ ဦးအေးဝင်း။ ။ အခု ချေးငွေလျှောက်လွှာ (၄၂၅၈)စောင်လက်ခံရရှိတယ် နေရာ(၃)နေရာကရတာပါ။ အသင်းချုပ်မှာလျှောက်တာ၊ တိုင်းနဲ့ပြည်နယ်ကလျှောက်တာ၊ အွန်လိုင်းကလျှောက်တာပါ။ အခုလျှောက်လွှာတင်တဲ့အထဲက ချေးငွေ တတိယအသုတ်ထိ လုပ်ငန်း(၃၀၀)ကျော်ကို ချေးငွေထုတ်ပြီးပြီ။ ဘီလီယံ ၁၃ ဘီလီယံလောက်ထုတ်ပြီးပါပြီ။ တိုင်းနဲ့ပြည်နယ်က မြန်မာစီးပွားရေးဘဏ်မှာ ထုတ်ကြတာပါ။ ကျန်တာတွေက လျှောက်လွှာ(၄၂၀၀)ကျော်ဆိုတော့ စိစစ်တာတော်တော်လေးကိုလုပ်ရတယ်။ မတူညီတဲ့လုပ်ငန်းအမျိုးစားတွေ၊ လုပ်ငန်းအရွယ်အစားကလည်း မတူဘူး၊ ဒီထဲက အဆင့်ဆင့်စိစစ်တာတွေ လုပ်ကတယ်။ ဒါပေမဲ့ ဒီ (မေလ) လကုန်နောက်ဆုံးထားပြီး တော်တော်များများကို ချေးငွေထုတ်ဖို့မှန်းထားတယ်။ စိစစ်မှုတွေကိုလည်း ဒီလကုန် နောက်ဆုံးထားပြီး လုပ်ဖို့မှန်းထားပါတယ်။
◾️မေး။ ။ ချေးငွေရတာတွေ ကြန့်ကြာနေတာ အထူးသဖြင့်နယ်ကလျှောက်ထားသူတွေအများစုက အခုထိချေးငွေမရကြသေးလို့ စိုးရိမ်မှုတွေရှိနေတယ်၊ နယ်က လျှောက်လွှာတွေကိုရောဘယ်လိုစိစစ်နေပါသလဲ။
◾️ဦးအေးဝင်း။ ။ ချေးငွေမကျသေးတာတွေက အသင်းချုပ်မှာ သတင်းအချက်လက်စုံစမ်းဖို့လုပ်ပေးထားတယ်။ ကိုယ်တင်ထားတဲ့လျှောက်လွှာစလစ်နဲ့ မေးမြန်းတာတွေ လုပ်လိုရပါတယ်။ တစ်ရက်နှစ်ရက်အတွင်း အကြောင်းပြန်ပေးမယ်။ ဒါပေမဲ့ UMFCCI နဲ့သက်ဆိုင်တဲ့ အဆင့်ကိုပဲပြောပြလိုရမယ်၊ ဘယ်အဆင့်ရောက်နေပြီး ပြောလိုရတယ်။ ငွေပမာဏက ကျွန်တော်တို့ပြောလို့မရဘူး၊ ကျွန်တော်တို့လုပ်ပိုင်ခွင့်လည်း မဟုတ်ပါဘူး။ ပြီးတော့ နယ်ကလျှောက်လွှာနောက်ကျတာရှိတယ်၊ လျှောက်လွှာစိစစ်တာက လျှောက်တဲ့ အမှတ်စဉ်အတိုင်း စိစစ်တာဖြစ်တယ်။ ပြီးတော့ နယ်ကလျှောက်တာတွေက လျှောက်လွှာရောက်တာနောက်ကျတယ်၊ ကိုဗစ်ကြောင့် သယ်ယူပို့ဆောင်ရေးအခက်ခဲတွေကြောင့်ပါ။ ဧပြီ(၂၀)ကျော်မှာ ရောက်တာတွေလည်းရှိတယ် စိစစ်တာတွေ ကလည်း နယ်ကနေအွန်လိုင်းကလျှောက်ထားတာတွေကတော့ မြန်တဲ့အပိုင်းမှာ ရှိပါတယ်။
◾️မေး။ ။ အခုချေးငွေကနေ ကိုဗစ်ကာလမှာ လုပ်ငန်းတွေအတွက် ဘယ်လောက်ထိ သက်ရောက်မှုရှိလာမလဲ။
◾️ဦးအေးဝင်း။ ။ အခုက ကိုဗစ်ကြောင့်ထိခိုက်နေတဲ့ လုပ်ငန်းတွေကို ပေးတာဖြစ်တယ်။ ချေးငွေရရင် စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့ရည်ရွယ်တာ ဖြစ်တယ်။ လုပ်ငန်းထပ်မံချဲ့ထွင်တာ အသစ် ရင်းနှီးမြုပ်နှံဖို့လုပ်တာကို ချေးငွေပေးတာမဟုတ်ဘူး၊ ဒါကြောင့် လုပ်ငန်းရည်တည်နိုင်ဖို့ လုပ်ပေးတာဆိုတော့ ဝန်ထမ်းလုပ်သားတွေကို လစာပေးနိုင်ဖို့ ဝင်ထောက်ပေးတာပါ၊ ဒါက အဓိကပါ အခုလည်းလျှောက်တဲ့သူတွေကို အနည်းဆုံးဝန်ထမ်းတွေရဲ့လစာ(၃)လစာပေးနိုင်ဖို့ သတ်မှတ်ပေးတာတွေရှိတယ်။ သုံးလစာပေးနိုင်မယ့် အနေအထားမျိုးရှိတယ်။ ကိုဗစ်အခြေအနေမှာ ကာလတစ်ခုထိလည်ပတ်နိုင်ဖို့ဖြစ်တယ် ။
◾️မေး။ ။ အခု ဘီလီယံ(၁၀၀)မှာ မလျှောက်ထားလိုက်ရတဲ့ လုပ်ငန်းတွေအတွက်ရော နောက်ထပ် ချေးငွေရှိလားမလားခင်ဗျ။
◾️ ဦးအေးဝင်း။ ။ အခုအစိုးရကတော့ ဧပြီလထဲမှာ ကိုဗစ်ကြောင့် စီးပွားရေးသက်ရောက်မှုတွေကို စီမံဖို့ Plan(အစီအစဉ်)ထုတ်ထားတာရှိတယ်၊ အဲထဲမှာ ကျွန်တော်တို့နားလည်တာတော့ နောက်ထပ်ဘီလီယံ (၂၀၀) ကနေ(၅၀၀)ထိထုပ်ပေးဖို့ရှိတယ် အခုမလျှောက်ဖြစ်တဲ့သူတွေ နောက်ထပ်အခွင့်လမ်းတွေ ရှိနိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အခုမလျှောက်လိုက်ရတာ မသိလိုက်ရတဲ့သူတွေလည်း အဲ့အချိန်မှာထပ်လျှောက်လို့ ရမှာပါ။
Read times
Rate this item
(0 votes)