Restaurants



အခမဲ့ Bakery and Pastry Training Course (အခြေခံမုန့်ဖုတ်နည်းသင်တန်း) လျှောက်ထားရန် အရည်အချင်း သတ်မှတ်ချက်၊ လိုအပ်သောစာရွက်စာတမ်းများ

Bakery and Pastry Training Course (အခြေခံမုန့်ဖုတ်နည်းသင်တန်း) လျှောက်ထားရန် အရည်အချင်း သတ်မှတ်ချက်၊ လိုအပ်သောစာရွက်စာတမ်းများ

TO GET INSTANT UPDATE 
https://t.me/Guid4U

JOIN THE CHANNEL

 

 


photo_2023-10-20_12-34-12.jpg

 

 

 

အခမဲ့ Bakery and Pastry Training Course (အခြေခံမုန့်ဖုတ်နည်းသင်တန်း) လျှောက်လွှာခေါ်ယူခြင်း

 

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း လုပ်ကိုင်ဆောင်ရွက်နေကြသူများ၏ လူ့စွမ်းအား အရင်းအမြစ် စွမ်းဆောင်ရည်များ ပိုမိုအားကောင်းလာစေရန်အလို့ငှာ “Bakery and Pastry Training Course (အခြေခံမုန့်ဖုတ်နည်းသင်တန်း)” အပတ်စဉ် (၅) ၊ (၆) ကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးအစီအစဉ်ဖြင့် အောက်ပါအတိုင်း စီစဉ်ဖွင့်လှစ်သွားမည်ဖြစ် ပါသည်-

 

(က) သင်တန်းသားဦးရေ - 

အပတ်စဉ် (၁) ခုလျှင်(၂၀) ဦး

 

( ခ ) သင်တန်းကြေး 

အခမဲ့

 

( ဂ ) သင်တန်းချိန်

(၁) ရက်လျှင် သင်ကြားချိန် (၆) နာရီနှုန်းဖြင့် စုစုပေါင်း နာရီ (၁၂၀) 

(တနင်္လာနေ့မှ သောကြာနေ့အထိ)

 

(ဃ) သင်တန်းဖွင့်လှစ်မည့် နေရာ

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန 

အမှတ် (၄၀/၄၂) ၊ ဗိုလ်ဆွန်ပက်လမ်း၊ 

ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့။

 

( င ) သင်တန်းကာလ

၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း

 

( စ ) စိစစ်ခြင်း

သင်တန်းဝင်ခွင့်လျှောက်ထားသူများအား ပဏာမ စစ်ဆေးခြင်း (Screening Test)၊ လူတွေ့စစ်ဆေးခြင်း (Interview) များဖြင့် အဆင့်ဆင့်စစ်ဆေးဆောင်ရွက်သွားပါမည်။

 

( ဆ ) သင်ကြားမည့် ဘာသာရပ်များ

နိုင်ငံတကာ မုန့်အမျိုးအစား (၄၈) မျိုး

 

သင်တန်းလျှောက်လွှာများကို 

QR Code: ဖတ်၍လည်းကောင်း၊ 

https://moht.qrd.by/ applicationform တွင်လည်းကောင်း 

Download ရယူ၍ This email address is being protected from spambots. You need JavaScript enabled to view it. (သို့မဟုတ်) ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (CTD)(ရန်ကုန်) သို့ (၃၁-၁၀-၂၀၂၃) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။

Bakery and Pastry Training Course (အခြေခံမုန့်ဖုတ်နည်းသင်တန်း) သင်တန်းသား အရည်အချင်းသတ်မှတ်ချက် (Selection Criteria)

 

photo_2023-10-20_12-34-25.jpg

 

(က ) အရည်အချင်းသတ်မှတ်ချက်

 

၁။ အခြေခံပညာ အလယ်တန်း အောင်မြင်ပြီးသူ (အောင်လက်မှတ်/ထောက်ခံစာ ပြသနိုင်ရမည်)။

 

၂။ အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၄၀ နှစ်ထက် မကြီးသောသူဖြစ်ရမည်။

 

၃။ သင်တန်းကာလ တစ်လအတွင်း မပျက်မကွက်တက်ရောက်နိုင်သူ ဖြစ်ရမည်။

 

၄။ လက်ရှိ သင်တန်းတစ်ခုခု တက်နေသူ မဖြစ်ရပါ။

 

၅။ ရန်ကုန်မြို့အတွင်းတွင် မိမိ၏ အစီအစဉ်ဖြင့် သွားလာနေထိုင်နိုင်သူဖြစ်ရမည်။ 

 

၆။ သင်တန်းအာမခံငွေ ၅၀၀၀ဝိ/-ကျပ်ကို သင်တန်းသားအဖြစ် ရွေးချယ်ခံရပါက သင်တန်းမစမီ ကြိုတင်ပေးသွင်းရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ပြန်လည် ထုတ်ပေးမည် ဖြစ်ပါသည်။

 

( ခ ) လိုအပ်သောစာရွက်စာတမ်းများ

 

၁။ အိမ်ထောင်စုဇယားမိတ္တူ ။

 

၂။ အသက် (၁၈) နှစ်ပြည့် မှတ်ပုံတင်မိတ္တူ ။

 

၃။ ပတ်စ်ပို့ဓါတ်ပုံသုံးပုံ (နောက်ခံအဖြူ ၊ ၂ လက်မပတ်လည်)။

 

၄။ ကိုဗစ်ကာကွယ်ဆေး သတ်မှတ်ကြိမ်ရေပြည့်ထိုးထားသောလက်မှတ်မိတ္တူ ။

 

၅။ ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ။

 

၆။ .. အသည်းရောင်အသားဝါ (ဘီ/စီ )ပိုးကင်းရှင်းကြောင်း ဆေးလက်မှတ် ထောက်ခံစာပါ ရမည်။

 

photo_2023-10-20_12-34-19.jpg

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Friday, 20 October 2023 17:33
Rate this item
(0 votes)