Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Junction Square တွင် မြန်မာနိုင်ငံ၌ပထမဆုံး ဖွင့်လှစ်မည့် Paradise Dynasty တရုတ်စားသောက်ဆိုင်

Paradise Dynasty မှ လူသိများ ကျော်ကြားသော စင်္ကာပူစားသောက်ဆိုင်

အမှတ်တံဆိပ်ကို မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့မှစ၍ Junction Square Extension မြေညီထပ်တွင် ၃၃ ဆိုင်မြောက် ဆိုင်ခွဲအသစ်ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

Paradise Dynasty သည် မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ ဟောင်ကောင်၊ တရုတ်၊ ထိုင်ဝမ်နှင့် ဖီလစ်ပိုင်နိုင်ငံ အစရှိတဲ့ အာရှနိုင်ငံများတွင် outlet ပေါင်း ၃၂ ခု ဖွင့်လှစ်ထားပြီး ထူးခြားကောင်းမွန်တဲ့ တရုတ်အစားအစာများကို မြန်မာနိုင်ငံသို့ ယူဆောင်လာခဲ့ကြောင်း သိရပါတယ်။

 pd2

Paradise Dynasty အနေဖြင့် မူလအရသာ၊ ဂျင်ဆင်း၊ ငန်းအသည်း၊ ရှားပါးမှိုနက်၊ ဂဏန်းဥ၊ ချိ(စ်)၊ ကြက်သွန်ဖြူ၊ စီချွမ်အရသာ စတဲ့ အရသာရှစ်မျိုးရှိတဲ့ ရှောက်လုံးပေါင်း (Xiao Long Bao) ဖြစ်တဲ့ ပထမဆုံး အမျိုးအစားအသစ်ကို တည်ခင်းရောင်းချမည်ဖြစ်ကြောင်း သိရပါတယ်။

 

ဆိုင်တွင် ကမ္ဘာ့ပထမဆုံး ရှောက်လုံးပေါင်း (Xiao Long Bao) ဟင်းလျာကတော့ Paradise Group Holdings Pte Ltd ၏ CEO ဖြစ်တဲ့ Mr Eldwin နဲ့ အတူ သူ့ရဲ့စားဖိုမှူးအဖွဲ့သားများက အကြိမ်ကြိမ်အခါခါ စမ်းသပ်မြည်းစမ်းကြည့်ပြီးမှ ရရှိလာတဲ့ ထူးခြားတဲ့ ဟင်းလျာအရသာကို ရရှိကြောင်း သိရပါတယ်။

 pd3

ယင်းအပြင် Paradise Dynasty တွင် မုန်လာဥ ဂျုံပိုးတီကြော်၊ အလွှာကိတ်မွှေး၊ ၀က်နံရိုးစွပ်ပြုတ်၊ ကောက်ညှင်းအစာသွပ် စွန်ပလွန်သီးပေါင်း၊ ပီကင်းတော်ဝင် ၀က်စဉ်းကောကြော်၊ ဂုံးခြောက်နဲ့ ငါးကြက်ဥမွှေ၊ စီချွမ်မာလာငါးဟင်း၊ စီချွမ် ငရုတ်မွှေးကြက်သားကြော်၊ ပင်လယ်စာခေါက်ဆွဲပြုတ် စတဲ့ ဟင်းလျာတွေအပါအ၀င် တရုတ်ဟင်းလျာ အမျိုးအစားပေါင်း ၉၀ ကျော်ကို ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 pd4

ဈေးနှုန်းတွေကတော့ အစားအစားရှိပါတယ်။ ကိုယ်စားမယ့် အစားအသောက်ပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိပါတယ်။ ပျမ်းမျှ တစ်ဦးနှုန်းကို ၁၅၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ် အထိရှိပြီး ၈၀၀၀ ကျပ်တန်များလည်း ရှိပါတယ်။

 pd5

ဆိုင်တွင် သီးသန့်ခန်း နှစ်ခန်းရှိပါတယ်။ အခန်းကို Booking လုပ်မယ်ဆိုရင်တော့ နေရာရဖို့ ပိုသေချာပါတယ်။ အခန်းခကို ကျပ် တစ်သောင်းခွဲ ယူပါတယ်။ စားသုံးရင်းနဲ့ ကျပ် နှစ်သိန်းခွဲကျမယ်ဆိုရင်တော့ အခန်းခကို မယူ ကြောင်း သိရပါတယ်။

 

အမှတ် (၂)၊ (၃)၊ Junction Square Extension, ပြည်လမ်းနှင့် ကျွန်းတောလမ်းကြား၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

 

ဖုန်းနံပါတ် - ၀၉-၉၇၉၃၁၃၃၃၃

Read times Last modified on Tuesday, 18 September 2018 15:24
Rate this item
(2 votes)