Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


အသေးစားနှင့်အလတ်စား စားသောက်ကုန်လုပ်ငန်းများအပေါ် Covid-19 ၏ သက်ရောက်မှုများ အွန်လိုင်းစစ်တမ်း ရလဒ်များ

     Covid-19 ကာလအတွင်း စားသောက်ကုန်ထုတ်လုပ်သော အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအပေါ် 

သက်ရောက်မှုများ၊ ကုစားမှုများနှင့် လိုအပ်သောပံ့ပိုးမှုများကို ဆန်းစစ်နိုင်ရန် Global Alliance for Improved Nutrition (GAIN) နှင့် World Food Programme (WFP) မှ ပူးတွဲဖော်ဆောင်သော အာဟာရမြှင့်တင်ရေး စီးပွားရေးလုပ်ငန်းများ ကွန်ယက် (SUN Business Network) မှ အွန်လိုင်း စစ်တမ်းတစ်ခုကို မေလအစောပိုင်းတွင်ကောက်ခံခဲ့ပါတယ်။ ၎င်းစစ်တမ်းတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၇) နိုင်ငံ ပါဝင်ခဲ့ပါတယ်။ အကျပ်အတည်းကာလတွင် နိုင်ငံ၏ ထိခိုက်လွယ်ပြီး အကူအညီ လိုအပ်နေတဲ့ အသေးစားနှင့် အလတ်စား စားသောက်ကုန်ထုတ်လုပ်မှုစနစ်အပေါ် အစိုးရနှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများမှ အရေးပါလှသော ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပေးခြင်းသည် စားသောက်ကုန်များ ဆက်လက်ကောင်းမွန်စွာထောက်ပံ့နိုင်ရန် လွန်စွာအရေးပါ ပါတယ်။

    

စစ်တမ်းတွင်ပါဝင်သော အသေးစိတ်အချက်အလက်များ

၁၇ နိုင်ငံမှ ဖြေဆိုသည့်လုပ်ငန်း ၃၆၃ ခု ပါဝင်ခဲ့သည်။ အများစုမှာ အသေးစား၊ အငယ်စား လုပ်ငန်းများ ဖြစ်သည်။ ၉၄ %  က ကမ္ဘာ့ကူးစက်ရောဂါ ကိုဗစ်ဒဏ်ကို ခံကြရသည်။ ရောင်းအားကျသည့် လုပ်ငန်း ၈၂%  ရှိသည်။ လိုအပ်သော ပစ္စည်းများ ရဖို့ အခက်အခဲ ကြုံရသည့် လုပ်ငန်း ၄၉% ရှိသည်။ ဝန်ထမ်းလစာပေးဖို့ အခက်ကြုံရသည်မှာ ၄၄% ရှိသည်။ လုပ်ငန်းများတွင် ၈၄% သည် ထုတ်လုပ်သည့် ပမာဏ ပြောင်းလဲခဲ့ကြရသည်။ ရောင်းဈေးနှုန်း ပြောင်းလဲ သတ်မှတ်ပေးရသည့် လုပ်ငန်းများမှာ ၅၇% ရှိသည်။

ပါဝင်ဖြေဆိုပေးသည့် လုပ်ငန်း ၈၅% သည် နောက်နောင်တွင်လည်း ဒဏ်ဆက်ရှိနေဦးမည်ဟု ကြိုတင်ခန့်မှန်းထားကြသည်၊ ပစ္စည်းပေးသွင်းသည့်အပိုင်းတွင် အလုံအလောက် မရနိုင်ခြင်းကို ကြုံရဖွယ် ရှိသည်ဟု မျှော်မှန်းထားသည့်လုပ်ငန်း ၆၁ % ရှိသည်။ သယ်ယူပို့ဆောင်ရေးအပိုင်းနှင့် ဖြန့်ချိရေးအပိုင်းတို့တွင် ကမောက်မကဖြစ်နေဦးမည်ဟု ခန့်မှန်းသည့် လုပ်ငန်း ၄၉% ရှိသည်။

ငွေကြေးတောက်ပံ့မှု အရေးတကြီး လိုအပ်သည့် လုပ်ငန်းများ ၈၁ % ရှိပြီး နည်းပညာပိုင်း အကူအညီ လိုအပ်သည့် လုပ်ငန်းများ ၆၄% ရှိသည်။

ဖြေဆိုခဲ့သည့် လုပ်ငန်းများတွင် ၂၈. ၄ %  သည် အမျိုးသမီး ပိုင်ဆိုင်သော လုပ်ငန်းများ ဖြစ်သည်။ ၅၀ %  သည် ဝန်ထမ်း ၁၀ ဦးနှင့် အောက်တွင်သာ ရှိသည်။

ထုတ်လုပ်သည့် ပမာဏ ပြောင်းလဲလိုက်ရကြောင်း ဖြေဆိုခဲ့သည့် လုပ်ငန်း ၈၄% တွင်

၁၃% သည် လုပ်ငန်း ရပ်ထားရသည်။ ၄၆% သည် ပမာဏ အကြီးအကျယ် လျှော့ချလိုက်ရသည်။ ပိုတိုးပြီး ထုတ်လုပ်သည့် လုပ်ငန်းမှာ ၅% ရှိသည်။

နိုင်ငံအရ ကြည့်လျှင် ဝင်ငွေ နိမ့်ကျနှင့် အလယ်အလတ် ရှိသည့် နိုင်ငံများ (LMIC  Low and Middle Income Countries) ရှိ စားသောက်ကုန် လုပ်ငန်း အသေးစားနှင့် အငယ်စားများသည် ငွေကြေးဆိုင်ရာ အခက်အခဲများ ကြုံကြရသည်။ လုပ်ငန်း လည်ပတ်ငွေ ပြတ်တောက်ခြင်းနှင့် ဝန်ထမ်းလစာတို့သည် အဓိက အခက်အခဲများ ဖြစ်သည်။ ကိုဗစ် ကူးစက်ပျံ့နှံ့မှု တားဆီးရန် လုပ်ငန်းများ၊ ဆိုင်များ ပိတ်ထားရခြင်းကြောင့် ဝင်ငွေရှာဖို့ ခဲယဉ်း နေရသည်။ သိုံသော် နည်းလမ်းသစ်များဖြင့် လုပ်ကိုင်ခြင်း၊ ထုတ်ကုန်ပုံစံပြောင်းခြင်းတို့ လုပ်ဆော်င် ရန် အခွင့်အလမ်းများ ရှိနေသည်ဟု အများစုက ရှုမြင်ကြသည်။

zawgyi

Covid-19 ကာလအတြင္း စားေသာက္ကုန္ထုတ္လုပ္ေသာ အေသးစားႏွင့္အလတ္စား စီးပြားေရးလုပ္ငန္းမ်ားအေပၚ

သက္ေရာက္မႈမ်ား၊ ကုစားမႈမ်ားႏွင့္ လိုအပ္ေသာပံ့ပိုးမႈမ်ားကို ဆန္းစစ္ႏိုင္ရန္ Global Alliance for Improved Nutrition (GAIN) ႏွင့္ World Food Programme (WFP) မွ ပူးတြဲေဖာ္ေဆာင္ေသာ အာဟာရျမႇင့္တင္ေရး စီးပြားေရးလုပ္ငန္းမ်ား ကြန္ယက္ (SUN Business Network) မွ အြန္လိုင္း စစ္တမ္းတစ္ခုကို ေမလအေစာပိုင္းတြင္ေကာက္ခံခဲ့ပါတယ္။ ၎စစ္တမ္းတြင္ ျမန္မာႏိုင္ငံအပါအဝင္ ႏိုင္ငံေပါင္း (၁၇) ႏိုင္ငံ ပါဝင္ခဲ့ပါတယ္။ အက်ပ္အတည္းကာလတြင္ ႏိုင္ငံ၏ ထိခိုက္လြယ္ၿပီး အကူအညီ လိုအပ္ေနတဲ့ အေသးစားႏွင့္ အလတ္စား စားေသာက္ကုန္ထုတ္လုပ္မႈစနစ္အေပၚ အစိုးရႏွင့္ အျခားသက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားမွ အေရးပါလွေသာ ပံ့ပိုးကူညီမႈမ်ား လုပ္ေဆာင္ေပးျခင္းသည္ စားေသာက္ကုန္မ်ား ဆက္လက္ေကာင္းမြန္စြာေထာက္ပံ့ႏိုင္ရန္ လြန္စြာအေရးပါ ပါတယ္။

 

စစ္တမ္းတြင္ပါဝင္ေသာ အေသးစိတ္အခ်က္အလက္မ်ား

၁၇ ႏိုင္ငံမွ ေျဖဆိုသည့္လုပ္ငန္း ၃၆၃ ခု ပါဝင္ခဲ့သည္။ အမ်ားစုမွာ အေသးစား၊ အငယ္စား လုပ္ငန္းမ်ား ျဖစ္သည္။ ၉၄ % က ကမာၻ႔ကူးစက္ေရာဂါ ကိုဗစ္ဒဏ္ကို ခံၾကရသည္။ ေရာင္းအားက်သည့္ လုပ္ငန္း ၈၂% ရွိသည္။ လိုအပ္ေသာ ပစၥည္းမ်ား ရဖို႔ အခက္အခဲ ႀကဳံရသည့္ လုပ္ငန္း ၄၉% ရွိသည္။ ဝန္ထမ္းလစာေပးဖို႔ အခက္ႀကဳံရသည္မွာ ၄၄% ရွိသည္။ လုပ္ငန္းမ်ားတြင္ ၈၄% သည္ ထုတ္လုပ္သည့္ ပမာဏ ေျပာင္းလဲခဲ့ၾကရသည္။ ေရာင္းေဈးႏႈန္း ေျပာင္းလဲ သတ္မွတ္ေပးရသည့္ လုပ္ငန္းမ်ားမွာ ၅၇% ရွိသည္။

ပါဝင္ေျဖဆိုေပးသည့္ လုပ္ငန္း ၈၅% သည္ ေနာက္ေနာင္တြင္လည္း ဒဏ္ဆက္ရွိေနဦးမည္ဟု ႀကိဳတင္ခန႔္မွန္းထားၾကသည္၊ ပစၥည္းေပးသြင္းသည့္အပိုင္းတြင္ အလုံအေလာက္ မရႏိုင္ျခင္းကို ႀကဳံရဖြယ္ ရွိသည္ဟု ေမွ်ာ္မွန္းထားသည့္လုပ္ငန္း ၆၁ % ရွိသည္။ သယ္ယူပို႔ေဆာင္ေရးအပိုင္းႏွင့္ ျဖန႔္ခ်ိေရးအပိုင္းတို႔တြင္ ကေမာက္မကျဖစ္ေနဦးမည္ဟု ခန႔္မွန္းသည့္ လုပ္ငန္း ၄၉% ရွိသည္။

ေငြေၾကးေတာက္ပံ့မႈ အေရးတႀကီး လိုအပ္သည့္ လုပ္ငန္းမ်ား ၈၁ % ရွိၿပီး နည္းပညာပိုင္း အကူအညီ လိုအပ္သည့္ လုပ္ငန္းမ်ား ၆၄% ရွိသည္။

ေျဖဆိုခဲ့သည့္ လုပ္ငန္းမ်ားတြင္ ၂၈. ၄ % သည္ အမ်ိဳးသမီး ပိုင္ဆိုင္ေသာ လုပ္ငန္းမ်ား ျဖစ္သည္။ ၅၀ % သည္ ဝန္ထမ္း ၁၀ ဦးႏွင့္ ေအာက္တြင္သာ ရွိသည္။

ထုတ္လုပ္သည့္ ပမာဏ ေျပာင္းလဲလိုက္ရေၾကာင္း ေျဖဆိုခဲ့သည့္ လုပ္ငန္း ၈၄% တြင္

၁၃% သည္ လုပ္ငန္း ရပ္ထားရသည္။ ၄၆% သည္ ပမာဏ အႀကီးအက်ယ္ ေလွ်ာ့ခ်လိုက္ရသည္။ ပိုတိုးၿပီး ထုတ္လုပ္သည့္ လုပ္ငန္းမွာ ၅% ရွိသည္။

ႏိုင္ငံအရ ၾကည့္လွ်င္ ဝင္ေငြ နိမ့္က်ႏွင့္ အလယ္အလတ္ ရွိသည့္ ႏိုင္ငံမ်ား (LMIC Low and Middle Income Countries) ရွိ စားေသာက္ကုန္ လုပ္ငန္း အေသးစားႏွင့္ အငယ္စားမ်ားသည္ ေငြေၾကးဆိုင္ရာ အခက္အခဲမ်ား ႀကဳံၾကရသည္။ လုပ္ငန္း လည္ပတ္ေငြ ျပတ္ေတာက္ျခင္းႏွင့္ ဝန္ထမ္းလစာတို႔သည္ အဓိက အခက္အခဲမ်ား ျဖစ္သည္။ ကိုဗစ္ ကူးစက္ပ်ံ႕ႏွံ႔မႈ တားဆီးရန္ လုပ္ငန္းမ်ား၊ ဆိုင္မ်ား ပိတ္ထားရျခင္းေၾကာင့္ ဝင္ေငြရွာဖို႔ ခဲယဥ္း ေနရသည္။ သိုံေသာ္ နည္းလမ္းသစ္မ်ားျဖင့္ လုပ္ကိုင္ျခင္း၊ ထုတ္ကုန္ပုံစံေျပာင္းျခင္းတို႔ လုပ္ေဆာ္င္ ရန္ အခြင့္အလမ္းမ်ား ရွိေနသည္ဟု အမ်ားစုက ရႈျမင္ၾကသည္။

 

Read times
Rate this item
(0 votes)