Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


BreadTalk ကို ဇွန်လ ၅ ရက်နေ့တွင် SGX မှ စာရင်းပယ်ဖျက်

BreadTalk သည် ဧပြီလ ၂၁ ရက်တွင် ၎င်း၏ အစုရှယ်ယာများ ရောင်းဝယ်ခြင်းကို ဆိုင်းငံ့ထားခဲ့သည်။ 

BreadTalk Group ကို Singapore Exchange မှ စာရင်းပယ်ဖျက်ခြင်းကို ဇွန်လ ၅ ရက်တွင် အပြီးအစီး ဆောင်ရွက်သွားမည်ဖြစ်သည်။ ဝယ်ယူရန် ကမ်းလှမ်းခဲ့သည် BTG Holding က မဝယ်မဖြစ် ဝယ်ယူခြင်းကိုလည်း ဇွန်လ ၅ ရက်တွင် အပြီးအစီး ဆောင်ရွက်သွားမည်ဖြစ်သည်။

BreadTalk စာရင်းပယ်ဖျက်ခြင်းကို ဇွန်လ ၅ ရက် စင်ကာပူစံတော်ချိန် နံနက် ၉ နာရီတွင် စတင်သက်ရောက်သည်။

BTG Holding ကို BreadTalk တည်ထောင်သူ George Quek၊ သူ၏ဇနီး Katherine Lee နှင့်ထိုင်းအခြေစိုက် ဧည့်ဝတ်ပြုခြင်းကုမ္ပဏီ Minor International တို့က ပိုင်ဆိုင်သည်။

BreadTalk သည် ဖျက်သိမ်းရန်အတွက် လျှောက်ထားခြင်းမပြုမီ ၎င်း၏ အစုရှယ်ယာများရောင်းဝယ်ခြင်းကို ဧပြီလ ၂၁ ရက်တွင် ဆိုင်းငံ့ခဲ့သည်။

၂၀၁၉ တစ်နှစ်လုံးအတွက် ဒေါ်လာ ၅.၈ သန်းအရှုံးပေါ်ခဲ့သည့် BreadTalk ကုမ္ပဏီသည် မကြာသေးမီက ဘဏ္ဍာရေးအခက်အခဲများကို ရင်ဆိုင်ခဲ့ရသည်။

ယခုနှစ်အစောပိုင်းတွင်လည်း စင်ကာပူ၊ တရုတ်နှင့်ဟောင်ကောင် အပါအဝင် အဓိကဈေးကွက်များ၌ စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။
Coronavirus ကူးစက်ရောဂါကြောင့်လည်း ထိခိုက်ခဲ့သည်။ မတ်လတွင် BreadTalk သည်အကြီးတန်းစီမံခန့်ခွဲမှုနှင့် အလယ်အလတ်အဆင့်စီမံခန့်ခွဲမှု အမှုဆောင်များအတွက် လခ ကို လျှော့ချ ကြောင်း ကြေငြာ ခဲ့ပြီး ၀ န်ထမ်းများသည် မတ်လမှဇွန်လအထိ ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကြား လစာနှုန်းထား လျှော့ချခံရသည်။
လုပ်ငန်းစု ထိပ်ပိုင်းရာထူးများတွင် အပြောင်းအလဲများလည်း ပြုခဲ့သည်။

ယခင်ဘဏ္ဍာရေးအရာရှိချုပ် နှင့် ရင်းနှီးမြှုပ်နှံမှု အရာရှိချုပ် Chan Ying Jian သည် ဇန်နဝါရီလတွင် BreadTalk မှနှုတ်ထွက်ခဲ့ပြီး Mr Quek သည်အဖွဲ့၏စာရင်းကိုင်၊ ဘဏ္ဍာရေးနှင့် အခွန်ကိစ္စများကို ကြီးကြပ်သည်။

Mr Henry Chu သည် ကျန်းမာရေးနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကြောင့် နုတ်ထွက်ပြီးနောက် Mr Quek သည် ယာယီအမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သည် ဟု ကုမ္ပဏီက ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ကြေငြာခဲ့သည်။

straitstimes.com

 

BreadTalk ကို ဇြန္လ ၅ ရက္ေန႔တြင္ SGX မွ စာရင္းပယ္ဖ်က္

BreadTalk သည္ ဧၿပီလ ၂၁ ရက္တြင္ ၎၏ အစုရွယ္ယာမ်ား ေရာင္းဝယ္ျခင္းကို ဆိုင္းငံ့ထားခဲ့သည္။
BreadTalk Group ကို Singapore Exchange မွ စာရင္းပယ္ဖ်က္ျခင္းကို ဇြန္လ ၅ ရက္တြင္ အၿပီးအစီး ေဆာင္႐ြက္သြားမည္ျဖစ္သည္။ ဝယ္ယူရန္ ကမ္းလွမ္းခဲ့သည္ BTG Holding က မဝယ္မျဖစ္ ဝယ္ယူျခင္းကိုလည္း ဇြန္လ ၅ ရက္တြင္ အၿပီးအစီး ေဆာင္႐ြက္သြားမည္ျဖစ္သည္။

BreadTalk စာရင္းပယ္ဖ်က္ျခင္းကို ဇြန္လ ၅ ရက္ စင္ကာပူစံေတာ္ခ်ိန္ နံနက္ ၉ နာရီတြင္ စတင္သက္ေရာက္သည္။

BTG Holding ကို BreadTalk တည္ေထာင္သူ George Quek၊ သူ၏ဇနီး Katherine Lee ႏွင့္ထိုင္းအေျခစိုက္ ဧည့္ဝတ္ျပဳျခင္းကုမၸဏီ Minor International တို႔က ပိုင္ဆိုင္သည္။

BreadTalk သည္ ဖ်က္သိမ္းရန္အတြက္ ေလွ်ာက္ထားျခင္းမျပဳမီ ၎၏ အစုရွယ္ယာမ်ားေရာင္းဝယ္ျခင္းကို ဧၿပီလ ၂၁ ရက္တြင္ ဆိုင္းငံ့ခဲ့သည္။

၂၀၁၉ တစ္ႏွစ္လုံးအတြက္ ေဒၚလာ ၅.၈ သန္းအရႈံးေပၚခဲ့သည့္ BreadTalk ကုမၸဏီသည္ မၾကာေသးမီက ဘ႑ာေရးအခက္အခဲမ်ားကို ရင္ဆိုင္ခဲ့ရသည္။

ယခုႏွစ္အေစာပိုင္းတြင္လည္း စင္ကာပူ၊ တ႐ုတ္ႏွင့္ေဟာင္ေကာင္ အပါအဝင္ အဓိကေဈးကြက္မ်ား၌ စိန္ေခၚမႈမ်ား ရွိေနဆဲျဖစ္သည္ဟု ေျပာၾကားခဲ့သည္။
Coronavirus ကူးစက္ေရာဂါေၾကာင့္လည္း ထိခိုက္ခဲ့သည္။ မတ္လတြင္ BreadTalk သည္အႀကီးတန္းစီမံခန႔္ခြဲမႈႏွင့္ အလယ္အလတ္အဆင့္စီမံခန႔္ခြဲမႈ အမႈေဆာင္မ်ားအတြက္ လခ ကို ေလွ်ာ့ခ် ေၾကာင္း ေၾကျငာ ခဲ့ၿပီး ၀ န္ထမ္းမ်ားသည္ မတ္လမွဇြန္လအထိ ၁၀ ရာခိုင္ႏႈန္းမွ ၅၀ ရာခိုင္ႏႈန္းၾကား လစာႏႈန္းထား ေလွ်ာ့ခ်ခံရသည္။
လုပ္ငန္းစု ထိပ္ပိုင္းရာထူးမ်ားတြင္ အေျပာင္းအလဲမ်ားလည္း ျပဳခဲ့သည္။

ယခင္ဘ႑ာေရးအရာရွိခ်ဳပ္ ႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ အရာရွိခ်ဳပ္ Chan Ying Jian သည္ ဇန္နဝါရီလတြင္ BreadTalk မွႏႈတ္ထြက္ခဲ့ၿပီး Mr Quek သည္အဖြဲ႕၏စာရင္းကိုင္၊ ဘ႑ာေရးႏွင့္ အခြန္ကိစၥမ်ားကို ႀကီးၾကပ္သည္။

Mr Henry Chu သည္ က်န္းမာေရးႏွင့္ ကိုယ္ေရးကိုယ္တာ ကိစၥရပ္မ်ားေၾကာင့္ ႏုတ္ထြက္ၿပီးေနာက္ Mr Quek သည္ ယာယီအမႈေဆာင္အရာရွိခ်ဳပ္အျဖစ္ တာဝန္ယူခဲ့သည္ ဟု ကုမၸဏီက ၿပီးခဲ့သည့္ႏွစ္ စက္တင္ဘာလတြင္ ေၾကျငာခဲ့သည္။

straitstimes.com

Read times
Rate this item
(0 votes)