Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုဗစ်ကပ်ဘေးကြောင့် ဘီယာ အမြှုပ်ထွက်တာ လျော့နည်းသွားနိုင်သည်

ကိုဗစ်ကပ်ဘေးကြောင့် ဘီယာ အမြှုပ်ထွက်တာ လျော့နည်းသွားနိုင်သည်

ကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း CO2 ကုန်ပစ္စည်းများပြန့်နှံ့သွားသဖြင့်ဘီယာသည်၎င်း၏ဓာတ်ငွေ့လျှော့ခြင်းကိုလျော့နည်းစေနိုင်သည်
ကိုဗစ်ကပ်ဘေးကြောင့် မော်တော်ယာဉ် သုံးစွဲကြသည့် မိုင်နာရီများ လျော့ကျကုန်သည်။ ထိုအခါ ဓာတ်ဆီနှင့် အီသနော လိုအပ်မှုပမာဏ ထိုးကျသွားသည်။ ထိုအချက်က ဘီယာအပါအဝင် အဖျော်ယမကာလုပ်ငန်းများတွင် ဘေးထွက်ဆိုးကျိုးအဖြစ် သက်ရောက်မှု ပေးသည်။

အီသနောစက်ရုံများမှ ဘေးထွက်ပစ္စည်းဖြစ်သည့် ကာဗွန်ဒိုင်အောက်ဆိုက်ကို ဘီယာ၊ ဆိုဒါနှင့် အခြားအဖျော်ယမကာ လုပ်ငန်းများသို့ ပေးသွင်းရောင်းချသည်။
ဘီယာ ထုတ်လုပ်သူများနှင့် အချိုရည်ထုတ်လုပ်သူများသည် အရည်တွင် ပူစီဖောင်းများ ပလုံစီအောင် အမြှုပ်ထွက်အောင် ကာဗွန်နိတ်ကို သုံးစွဲကြသည်။ ဘီယာနှင့် ဆိုဒါဓာတ်ငွေ့များကိုပေးသော ကာဗွန်နိတ်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ကို အသုံးပြုကြသည်။ ၎င်း ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့သည် အီသနောထုတ်လုပ်မှု၏ ဘေးထွက်ပစ္စည်းအဖြစ် ဖမ်းယူပြီး များစွာသောပမာဏဖြင့် ရောင်းချသောကြောင့်အီသနောထုတ်လုပ်သူများသည် အဖျော်ယမကာလုပ်ငန်းများအတွက် CO2 ကို အဓိကပံ့ပိုးသူများ ဖြစ်သည်။

သို့သော် နိုင်ငံ၏ ဓာတ်ဆီထောက်ပံ့မှုနှင့် ဓာတ်ဆီတွင် ရောနှောထားသောအီသနောသည် COVID-19 ကူးစက်ရောဂါကြောင့် ဓာတ်ဆီဝယ်လိုအားကျဆင်းခြင်းကြောင့် ထုတ်လုပ်မှု သိသိသာသာကျဆင်းသွားသည်။ အဓိကဈေးကွက်ဖြစ်သော အမေရိကတွင် ဓာတ်ဆီဝယ်လိုအားမှာ ၃၀ ရာခိုင်နှုန်းကျော် ကျဆင်းနေသည်။ ထိုသို့ ဝယ်လိုအား ထိုးကျသွားခြင်းကြောင့် အမေရိကန်နိုင်ငံတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ရောင်းချသော အီသနောစက်ရုံ ၄၅ ခုအနက်မှ ၃၄ ခုသည် ထုတ်လုပ်မှုကို ရပ်တန့်ထားလိုက်ရသည်။ သို့ဖြစ်ရာ ဘေးထွက်ပစ္စည်း ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက်ရှိမှုလည်း ကျဆင်းသည်။ ဈေးကွက်ထဲ ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိတော့ချေ.။ ထိုအခါ ကာဗွန်ဒိုင်အောက်ဆိုဒ် ရောင်းဈေး ဈေးတက်သွားသည်။ ဘီယာထုတ်လုပ်သူများအတွက် CO2 ပေးသွင်းသူများသည် ဈေးနှုန်း ၂၅ ရာခိုင်နှုန်းခန့် မြှင့်တင်ထားကြသည်ဟု Brewers Association မှအမှုဆောင်အရာရှိချုပ် Bob Pease က ပြောကြားခဲ့သည်။ ဘီယာထုတ်လုပ်မှုအတွက် လိုအပ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်၏ ၄၅ ရာခိုင်နှုန်းကို အီသနောထုတ်လုပ်သူများထံမှ ဝယ်ယူသုံးစွဲနေခဲ့ကြခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

ဘီယာကုမ္ပဏီအချို့သည် နှစ်ပတ်မှသုံးပတ်အတွင်း ထုတ်လုပ်မှုကို စတင်လျှော့ချကြလိမ့်မည်ဟု မျှော်လင့်ကြောင်း Pease ကပြောသည်။
Compressed Gas Association (CGA) က CO2 ထုတ်လုပ်မှုသည် ၂၀% ခန့်ကျဆင်းခဲ့ပြီး မော်တော်ယာဉ် သုံးစွဲမှု ပြန်လည်မြင့်တက်လာခြင်း မရှိခဲ့လျှင် အီသနော ထုတ်လုပ်မှုများ ထပ်မံလျှော့ချရဦးမည် ဖြစ်ရာ ၅၀ ရာခိုင်နှုန်းကျဆင်းသွားနိုင်ကြောင်း CGA ၏အမှုဆောင်အရာရှိချုပ် Rich Gottwald ကပြောကြားခဲ့သည်။
သို့ဖြစ်ရာ ဘီယာထုတ်လုပ်သူတို့သည် ထည့်သုံးသည့် ကာဗွန်နိတ် အချိုးအစားကို လျှော့ချသုံးစွဲရမည် ဖြစ်ရာ ဘီယာတို့သည် ယခင်ကလောက် အမြှုပ်ထနိုင်ကြတော့မည် မဟုတ်ချေ။

Fox News

Read times Last modified on Sunday, 19 April 2020 13:14
Rate this item
(0 votes)