Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၁၀ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဝီစကီ

၂၀၁၀ ခုနှစ်မှ စတင်ကာ International Whisky Competition (IWC)ကို ကျင်းပခဲ့တယ်၊

ဖန်ပုလင်းတွေထဲမှ အကောင်းဆုံး ယာမကာစည်းစိမ် အညိုရောင် ဝီစကီ အမျိုးမျိုးတို့ ယှဉ်ပြိုင်ကြတယ်၊

Scotch လို့ ခေါ်ကြတဲ့ စကော့တလန် ဝီစကီ၊ အဓိကအားဖြင့် အမေရိကန်မှာ ထုတ်လုပ်တဲ့ ဘာဘွန် ဝီစကီတို့အပြင် အရှေ့တိုင်း ဂျပန်ဝီစကီက အစ ပါဝင်တယ်။

ကွဲပြားတဲ့ အမျိုးအစား ၄၉ ခုမှာ ပါဝင်ယှဉ်ပြိုင်ကြသူတွေထဲမှ ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်တို့ ရွေးချယ်ချီးမြှင့်ပေးပါတယ်၊

IWC ရဲ့ အမြည်းဆရာ ဒိုင်လူကြီးတွေ အဆုံးအဖြတ်ပြုဖို့ နည်းလမ်းသစ်တစ်ခုကို ၂၀၁၅ ခုနှစ်မှာ စတင်ကျင့်သုံးခဲ့ပါတယ်။ တန်းစီချထားတဲ့ ဝီစကီတွေကို မြည်းကြည့်ကြပြီး နှိုင်းယှဉ်ဆုံးဖြတ်ပေးကြတဲ့ 

 ထုံးစံအစား ဒိုင်လူကြီးတွေက တစ်ကြိမ်မှာ အရက်တစ်မျိုးတည်းကို မြည်းကြည့်ပါတယ်။ မှတ်ချက်တွေကို မှတ်စုရေးမှတ်ထားပြီး အရက်တစ်မျိုးပြီးတစ်မျိုး မြည်းကြည့်ကြတာ ပြီးဆုံးသွားချိန်ကျမှ အရက်တွေ အားလုံးရဲ့ မှတ်စုတွေကို ဆန်းစစ်ကြပါတယ်၊ သုံးသပ်ကြတယ်။ အမှတ်ပေးကြတယ်၊ ရလာတဲ့ အမှတ်စုစုပေါင်းတွေအရ အောင်နိုင်သူတွေကို ရွေးချယ်ကြပါတယ်။

 

ဝီစကီအမျိုးအစားတွေ အကုန်လုံးမှာ ရမှတ် အများဆုံး ရရှိခဲ့တဲ့ ဝီစကီကို ကမ္ဘာ့အကောင်းဆုံး ဝီစကီ ဂုဏ်ပြုဆု တစ်ဆု ချီးမြှင့်ပေးအပ်ပါသေးတယ်။ ၂၀၂၀ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဝီစကီဆုကို Dewar ရဲ့ Double Double 32 Year Old ကို ရွေးချယ်ခဲ့ပါတယ်။ ဒိုင်အဖွဲ့က အမှတ်ပြည့် ၁၀၀ သတ်မှတ်ထားတာမှာ ၉၆.၄ မှတ် ပေးခဲ့ပါတယ်။

 

Dewar ရဲ့  Double Double 32 Year Old  ဝီစကီ တစ်လုံး ဘယ်လောက်လဲဆိုတာ အွန်လိုင်းမှာ ရှာဖွေကြည့်တဲ့အခါ လက်လီဈေးက အမေရိကန်ဒေါ်လာ ၁၅၀ ဝန်းကျင် ရှိတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဈေးသာ ဖော်ပြထားပြီး ပစ္စည်း မရှိ Sold out , Out of stock ဖြင့် ဖော်ပြထားတာ တွေ့ရပါတယ်။ ရဖို့ အတော်ခဲယဉ်းနေပြီး ရခဲ့ရင်လည်း ဖော်ပြထားတဲ့ဈေးနှုန်းထက် ဈေးပိုကြီးလိမ့်မယ်လို့  မှန်းဆနိုင်ပါတယ်။

Read times
Rate this item
(0 votes)