Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ကုန်တင်ဗင်ကားအနောက်မှာ ပီဇာရောင်းပြီး သန်းချီချမ်းသာသွားသည့် ညီအကို

၂၀၁၁ ခုနှစ်တွင် James နှင့် Thom Elliot တို့သည် အလုပ်မှထွက်လိုက်ကြပြီး ချေးငွေ (၂) ခုကိုလျှောက်ထားရယူကြပြီး

Piaggio Ape van အား မိုဘိုင်းပီဇာဆိုင်အဖြစ်သို့ပြောင်းလိုက်ကြသည်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အလယ်ပိုင်းတွင် ဗင်ကားဖြင့် ပီဇာရောင်းသည်။ သူတို့နှစ်ဦးသည် တစ်ဆယ်နှစ်အတွင်း သန်းကြွယ်သူဌေးများ ဖြစ်လာမည်ဟု စိတ်မကူးမိခဲ့ကြပေ။

ယခုအခါ သူတို့သည် ပေါင် ၁၀ သန်း ရောင်းအားရှိ ပီဇာဆိုင်ကွင်းဆက်ကို ပိုင်ဆိုင်သူများ ဖြစ်နေကြပြီ ဖြစ်သည်။ ၂၀၂၀ ခုနှစ်တွင် ဆိုင်ခွဲပေါင်း ၁၃ ခု ရှိနေပြီး ဝန်ထမ်းအင်အား ၂၅၀ ရှိသည့် လုပ်ငန်းတစ်ခုအဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“ကျနော်တို့မှာ ဘယ်တုန်းကမှ အစီအစဉ်တစ်ခုခု ရေးဆွဲဖြစ်ခဲ့တာ မရှိပါဘူး” ဟု အသက် ၃၄ နှစ် ရှိသူ James က ပြောသည်။

 

0_LER_250417pizzapilgrims_4025JPG.jpg

 

သူတို့ ညီအစ်ကို နှစ်ယောက်သည် အီတလီစတိုင်စားသောက်ဆိုင် ကွင်းဆက်ကို Pizza Pilgrims အမည်ဖြင့် ၂၀၁၁ တွင် ထူလောင်ခဲ့ရာတွင် ခရစ်ဒစ်ကတ် ချေးငွေဖြင့် စတင်ခဲ့သည်။ ဗင်ကာနောက်ဘက်တွင် မုန့်ဖုတ်ဆိုင် လုပ်ပြီး ပီဇာပြုလုပ် ရောင်းချသည်။
“ကျနောက် ရုပ်မြင်သံကြားဌာနတစ်ခုမှာ အလုပ်လုပ်တယ်။ Thom က ကြော်ငြာလုပ်ငန်းမှာ လုပ်တယ်။ ကျနော်တို့ အလုပ်ထွက်ပြီး အပြောင်းအလဲတစ်ခုခု လုပ်ချင်တယ်။ ငယ်ငယ်က မိဘတွေရဲ့ ယာမကာဆိုင်မှာ ကူလုပ်ပေးဖူးထားတော့ စားသောက်ကုန်လုပ်ငန်းလောကထဲ ဝင်ကြဖို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ကြတယ်” လို့ သူက ပြောပြတယ်။

 

0_PAY-Pizza-Pilgrims-Covent-Garden.jpg


၂၀၁၁ ဇွန်လမှာ ယမာကာဆိုင်မှာ အတူထိုင်သောက်နေကြရင်း ပီဇာဗင်ကား အရောင်းဆိုင်တစ်ခု လုပ်ကြဖို့ စိတ်ကူးရခဲ့ကြတယ်။
ဘာရေရေရာရာ အစီအစဉ်မှ မရှိခဲ့ဘူး။ ပီဇာအကြောင်း သိဖို့ ပီဇာရဲ့ မိခင်နိုင်ငံဖြစ်တဲ့ အီတလီကို လေ့လာရေးခရီး ထွက်ခဲ့ကြတယ်။

အရင်းအနှီးအဖြစ် ချေးငွေ ပေါင် တစ်သောင်းရယူတယ်။ ပေါင် ၃,၅၀၀ ကို ဗင်ကားအတွက် သုံးစွဲတယ်။ ကားတစ်စီးနဲဲ့ နေရာအနှံ့လျှောက်သွားပြီး ပီဇာဆိုင်တွေမှာ စားကြည့်ခဲ့ကြတယ်။ “ လေ့လာမှု အပြီးမှာ ကျနော်တို့ လန်ဒန်ကို ပြန်မောင်းလာခဲ့ကြတယ်။ လမ်းဘေး ကားရပ်ပြီး ပီဇာရောင်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်” လို့ ဂျိန်းက ပြောပြတယ်။
ထရပ်ကားငယ်နောက်ဘက်မှာ ပီဇာဆိုင် ဖွင့်တာ မရှိသလောက် ရှားတယ်။ စားသောက်ကုန်လုပ်ငန်းကဏ္ဍထဲ ဝင်ရောက်ဖို့ နည်းလမ်းကောင်း တစ်ခုလို့ သူတို့ ယူဆကြတယ်။

“ပီဇာ ဖုတ်စက်တစ်လုံးဝယ်ပြီဂ ဗင်ကားနောက်ဘက်မှာ အထိုင်ချလိုက်တယ်။ Berwick Street, Soho မှာ ကားရပ်ပြီး ပီဇာဆိုင် ဖွင့်တယ်။ တစ်နေ့ ၁၀ ပေါင် ရတယ်။ "လမ်းဘေးမှာ ဝယ်စားတဲ့ စားသောက်စရာအဖြစ် ရောင်းချပေမဲ့ အရည်အသွေးကိုတော့ ကျနော်တို့ မလျှော့ဘူး။ အခုလည်း ပီဇာဖုတ်တဲ့ စာဖိုမှူးတွေက နီပေါတွေ၊ ပီဇာကတော့ လုံးဝ အီတလီ စစ်တယ်” လို့ သူက ပြောပြတယ်။
လူတွေ များများလာတတ်တဲ့နေရာတွေမှာ ရာသီအလိုက် နေရာပြောင်းပြီး ရောင်းတယ်။ နွေရာသီမှာ British Summertime Hyde Park မှာ ရောင်းတယ်။
“တကယ် အိပ်မက်ဆန်တယ်” လို့ သူက မှတ်ချက်ပြုတယ်။
၁၈ လ ကြာပြီးချိန်မှာ အရင်းအနှီးထည့်ကြသူတွေရဲ့ အကူအညီဖြင့် Soho မှာ ဆိုင်တစ်ဆိုင် စဖွင့် နိုင်ခဲ့တယ်။ Pizza Express နဲ့ မျက်နှာချင်းဆိုင်မှာ ဖြစ်ပြီး ပေါင် ခုနစ်သောင်း ရင်းနှီးခဲ့ရတယ်။
“လေအေးပေးစက် မရှိဘူး။ ရေခဲသေတ္တာလည်း မရှိဘူး” လို့ သူက ဆိုင်ရဲ့ အခြေအနေကို ပြောပြတယ်။
“မနက် ၇ နာရီမှ အလုပ်စတယ်။ သန်းခေါင်ကျော် မနက် ၁ နာရီမှာ အလုပ်သိမ်းတယ်။ နောက်နေ့တွေမှာလည်း အဲဒီအတိုင်း လုပ်ရတယ်။ ဆိုင်ကို ဆေးသုတ်တာ အလှဆင်တာတွေ ကိုယ့်ဘာသာ လုပ်ကြတယ်။ အခုအထိ လုပ်ငန်းရဲ့ ဒီဇိုင်းပိုင်းကို ကျနော်တို့ စီမံခန့်ခွဲနေဆဲ ဖြစ်ပါတယ်” လို့ သူက ပြောပြတယ်။

သူတို့ရဲ့ အောင်မြ်မှု ကြီးထွားလာတယ်။ နှစ်နှစ်အကြာမှာ နောက်ထပ် ဆိုင်ခွဲတစ်ဆိုင် ဖွင့်လှစ်ခဲ့တယ်။ အခုဆိုရင် ဆိုင်ပေါင်း ၁၃ ဆိုင် ရှိပြီ။
ဒါပေမဲ့ အခုနှစ်ကတော့ စိန်ခေါ်မှုတွေ အများဆုံး အပြင်းထန်ဆုံးနှစ်တစ်နှစ် ဖြစ်ပါတယ်။ ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကဏ္ဍ အထိနာတယ်။ ကိုဗစ် ကူးစက်ကပ်ရောဂါကြောင့် အလုပ်တွေ ပြုတ်ကြတယ်။ လုပ်ငန်းတွေ ပြုတ်ကုန်ကြတယ်။

လော့ဒေါင်းချရင် ဆိုင် တံခါးပိတ်ထားလိုက်ရပြီ။ ညီအစ်ကိုနှစ်ယောက် အလှည့်အပြောင်းတွေ မြန်မြန်ဆန်ဆန် လုပ်ကြရတယ်။
“လုံးဝ မမျှော်လင့်ထားတာ ဖြစ်နေတယ်။ ညတွင်းချင်း ဆိုင် ပိတ်ထားလိုက်ရတယ်။ ရောင်းအကောင်းဆုံး နေ့ရက်တွေကနေ ဘာတစ်ခုမှ ရောင်းခွင့်မရတော့တဲ့ အဖြစ်ကို နှစ်ပတ်အတွင်းမှာ ရောက်ရှိသွားတယ်။ ဆိုင်ခွဲတွေ အကုန်လုံး ပိတ်ထားရတယ်”

ပါဆယ်ထုပ် ပေးပို့တဲ့ စနစ်ဖြင့် ရောင်းချတဲ့ ပုံစံကို ပြောင်းလဲလိုက်ကြတယ်။ ဒီနေ့ မှာရင် နောက်နေ့ လာပို့မယ်။ ပီဇာ ဖုတ်ဖို့ လိုတာတွေ အကုန်လုံး အထုပ်ထဲမှာ အဆင့်သင့် ထည့်ပေးထားတယ်။


သူတို့ ကြံဆထားတဲ့နည်းကို ပြိုင်ဘက်တွေကလည်း လိုက်လုပ်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဆန်းသစ်တီထွင်မှုအတွက် အကျိုးကျေးဇူး ရရှိပါတယ်။ အခုအထိ မှာကြားတဲ့ ထုပ်ရေ ၁၂၅, ၀၀၀ ရှိနေပြီ။ ဝန်ထမ်း ၂၅၀ ကို ဆက်လက်အလုပ်ခန့်ထားနိုင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပေမဲ့ အရှုံးသက်သာအောင် လျော့နည်းအောင် လုပ်နိုင်ခဲ့တယ်လို့ ဆိုရမယ်။

“ကျနော်တို့ အကောင်းမျှော်မှန်းထားတယ်။ လူတွေ လွမ်းရတာ ဆိုင်မှာ ထိုင်စားတာ၊ ယမကာဆိုင်မှာ ထိုင်သောက်တာ။ နောက်နှစ်ဆို ပုံမှန် ပြန်ဖြစ်သွားမယ် ထင်ပါတယ်။ ဒီတော့ လုပ်ငန်း တိုးချဲ့ဖို့အတွက် မျှော်မှန်းထားတယ်”
လို့ ဂျိန်းက ပြောတယ်။
“အခု လောလောဆယ်မှာတော့ အလုပ်တွေ မဖြုတ်ပစ်ရအောင် အာရုံစိုက်ထားရတယ်။ ကပ်ရောဂါပြီးရင် နလန်ထနိုင်အောင် စူးစိုက်ထားတယ်။ လာမယ့်နှစ်ကျရင်တော့ ဆိုင်ခွဲအသစ်တွေ ဖွင့်နိုင်လိမ့်မယ်”
“ဒီမှာ ကျနော်တို့ဟာ အကောင်းဆုံးပီဇာဆိုတာကို ဂုဏ်ယူတယ်။ ပြီးတော့ လမ်းဘေးမှာ ဝယ်စားတဲ့ အစားအစာ စိတ်ခံစားမှု ရရှိပြီဂ ပျော်ရွှင်ကျေနပ်မှုကို ကျနော်တို့ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ပေးထားချင်တယ်။ အဲဒါကို ကျနော်တို့း မဆုံးရှုံးစေချင်ဘူး”
လို့ ဂျိန်းက ပြောပြပါတယ်။

Read times
Rate this item
(0 votes)