Restaurants



တရုတ်ပြည်မှာ ကော်ဖီဆိုင် အရေအတွက် အမေရိကန်ထက် များပြား

တရုတ်ပြည်မှာ ကော်ဖီဆိုင် အရေအတွက် အမေရိကန်ထက် များပြား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကမ္ဘာ့ကော်ဖီပေါ်တယ်၏ အစီရင်ခံစာအရ တရုတ်နိုင်ငံသည် အမှတ်တံဆိပ်ကော်ဖီဆိုင် အရေအတွက်သည် အမေရိကန်ကို ကျော်တက်သွားခဲ့ပြီး အမှတ်တံဆိပ်ကော်ဖီဆိုင် ကမ္ဘာ့အကြီးဆုံးဈေးကွက်အဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

 

တရုတ်ပြည်တွင် အမှတ်တံဆိပ်ကော်ဖီဆိုင် စုစုပေါင်း  ၄၉,၆၉၁ ဆိုင် ဖွင့်လှစ်ထားသည်။ 

တရုတ်ပြည်မှ လုပ်ငန်းသစ် Luckin Coffee သည် ဆိုင်ပေါင်း ၁၃,၀၀၀ ကျော် ဖွင့်လှစ်ထားသည်။ တရုတ်ပြည်တွင် ကော်ဖီဆိုင်ခွဲ အများဆုံး ဖွင့်လှစ်ထားသည်။

 

အမေရိကန် အခြေစိုက် Starbucks သည် ကော်ဖီဆိုင် ၇၈၅ ဆိုင် ဖွင့်လှစ်ထားသည်။ တရုတ်ပြည်တွင်  ကော်ဖီဆိုင်ခွဲ ဒုတိယအများဆုံး ဖွင့်လှစ်ထားသည်။


Starbucks ကို ကျော်တက်သည့် Luckin Coffee အခင်းအကျင်း

https://www.myanmaradvertisingdirectory.com/media-advertising/marketing/item/3149-luckin-coffee.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

“တရုတ်ကော်ဖီဆိုင်တွေမှာ  သောက်သုံးသူ ၄၀၀၀ ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ အပတ်စဉ် ကော်ဖီပူပူကို သောက်သုံးကြပြီး ၆၄ ရာခိုင်နှုန်းက တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ် ရေခဲကော်ဖီကို သောက်သုံးကြပါတယ်။”ဟု ကမ္ဘာ့ကော်ဖီပေါ်တယ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

 စစ်တမ်းတွင် ပါဝင်ဖြေဆိုသူများတွင် ၉၀% သည် တပတ်လျှင် အနည်းဆုံး တကြိမ် ဆိုင်ထိုင်၍ ဖြစ်စေ၊ မှာကြား၍ ဖြစ်စေ ကော်ဖီ သောက်သုံးသည်။

 

တရုတ်ပြည်သည် အစဉ်အလာအရ လက်ဖက်ရည်ကြမ်း သောက်သုံးသည့်ဓလေ့ ထွန်းကားသည့် နိုင်ငံ ဖြစ်သော်လည်း ယခုအခါ ကော်ဖီသောက်သုံးသည့်ဓလေ့ ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားလာနေသည်။

 

Starbucks အဖို့ တရုတ်ပြည်သည် ဒုတိယအကြီးမားဆုံးဈေးကွက်ဖြစ်သည်။ ပင်လယ်ရပ်ခြားတွင် အကြီးမားဆုံး ဈေးကွက်ဖြစ်သည်။

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Sunday, 24 December 2023 00:54
Rate this item
(0 votes)