Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Tokyo Tomato Café ဆိုင်တွင် ရရှိတဲ့ Napolitan ခေါက်ဆွဲပြုလုပ်နည်း

ဒီကနေ့တင်ပြမည့်အကြောင်းအရာကတော့ Tokyo Tomato Café ဆိုင်တွင် ရနိုင်တဲ့

Napolitan ခေါက်ဆွဲပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ခေါက်ဆွဲ၊ သံလွင်ဆီ၊ ကြက်သားပြား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မှို၊ ငရုပ်စိမ်းပွ၊ ၀ိုင်ဖြူ၊ ခရမ်းချဉ်သီးဆော့၊ နွားနို့၊ ထောပတ်၊ ဆား၊ ငရုပ်ကောင်းမှုန့်တို့လိုအပ်ပါမယ်။

 02

ကြက်ဥပါမယ်ဆိုရင်တော့ ၀ိုင်ဖြူထည့်စရာမလိုပါ။ အချိုအတွက်ဆိုရင်တော့ ဂျပန်ငံပြာရည်ထည့်ရပါမယ်။ အစပ်အတွက်ဆိုရင်တော့ ၀ိုင်ပါရပါမယ်။

 

ပြုလုပ်နည်းကတော့ ပထမဆုံး ခေါက်ဆွဲပြုတ်မည့်အိုးတွင် ရေတစ်ဝက်ခန့်ထည့်၍ ဆား ၄ ဇွန်းခန့် ထည့်လိုက်ပါ။ ပြီးလျှင် ရေဆူလာအောင် တည်ပေးထားပါ။

 

Spaghetti ခေါက်ဆွဲခြောက်ထည့်လိုက်ပါ။ ခေါက်ဆွဲများ ကွဲသွားစေရန် ဖြေးညှင်းစွာ မွှေပေးပါ။ ဥပမာ Spaghetti ၅၀၀ ဂရမ်ဆိုလျှင် ၁၄ မိနစ်ခန့် တည်ပေးရပါမယ်။

 03

သတ်မှတ်ချိန်ပြည့်လျှင် ခေါက်ဆွဲများကို ဆယ်ယူ၍ ရေအေးဖြင့် ဆေးပါ။ ရေစစ်ထားပြီး အေးသွားသည်အထိ ပ၀ါစဖြင့် ထုပ်ထားပါ။

 

ဒယ်အိုးတွင် သံလွင်ဆီ အနည်းငယ်ထည့်လိုက်ပါ။ ပြီးလျှင် ကြက်သွန်ဖြူ နုပ်နုပ်စင်းအနည်းငယ်ကိုထည့်၍ ခဏထားပါ။ ပြီးနောက် ကြက်သားပြား၊ ကြက်သွန်နီ၊ ငရုတ်ပွ၊ မှိုတို့ကိုထည့်လိုက်ပါ။ ပြီးလျှင် မွှေပေးထားပါ။

 

ဝိုင်ဖြူအနည်းငယ်ထည့်၍ အငွေ့ပျံသည်အထိ ရောမွှေပါ။ ခရမ်းချဉ်သီးဆော့ကို လိုအပ်သလောက်ထည့်၍ ရောမွှေပြီး ထောပတ်၊ နွားနို့ အနည်းငယ်ထည့်ပါ။

 

ပြုတ်ပြီးသား ခေါက်ဆွဲ ၂၀၀ ဂရမ်ကိုထည့်၍ သမအောင်မွှေပြီး ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို လိုအပ်သလောက်ထည့်၍ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 15:31
Rate this item
(1 Vote)