Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


ဗြိတိန်နိုင်ငံ လော့ဒေါင်းမှာ ယာမကာ ရောင်းချခွင့် ပြန်လည်ခွင့်ပြု

 တစ်နိုင်ငံလုံး ဒုတိဘအကြိမ် လော့ဒေါင်းချတာမှာ အရက်များရောင်းဝယ်သောစီးပွားရေးလုပ်ငန်းများကို အစိုးရက ပိတ်ပင်ထားခဲ့ရာမှ

စည်းမျဉ်းအသစ်တွေ ထုတ်ပြန်ပြီး ပြန်လည်ခွင့်ပြုလိုက်ပါတယ်။

ဆိုင်တွေမှာ ဝင်ထိုင်ပြီး သောက်ခွင့်မပြုတဲ့အပြင် အရက်ဝယ်ပြီး ယူသွားမယ်ဆိုရင်လည်း ဆိုင်ကို အွန်လိုင်းမှ ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ကြိုတင်မှာယူထားရမှာ ဖြစ်ပါတယ်။

လေးပတ်တိုင်တိုင် လော့ဒေါင်းချထားမှာ ဖြစ်ပြီး အရက်တွေ ဘီယာတွေ မရောင်းရရင် စီးပွားပျက်ကုန်ကြမှာ ဖြစ်တဲ့အပြင် သောက်သုံးချင်တဲ့ လူထုအနေဖြင့်လည်း အခက်ကြုံကြမှာ ဖြစ်ပါတယ်။
The Campaign for Real Ale (Camra) ရဲ့ အကြီးအကဲဖြစ်သူ Nik Antona က Camra အဖွဲ့ဝင် ထောင်ချီရှိနေပြီး သူတို့ရဲ့ အသံကို နားထောင်ပေးခဲ့ပြီး အစိုးရထံ အရက်နဲ့ ဘီယာကို ရောင်းချခွင့် ပေးဖို့ မေတ္တာရပ်ခံခဲ့ပြီး ဆိုင်မှာ ထိုင်သောက်တာကို ပိတ်ပင်ပြီး ဆိုင်မှ ဝယ်ယူပြီး အိမ်မှာ သောက်ကြတာကိုတော့ ခွင့်ပြုပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ယခုလို ဆုံးြဖတ်ချက်ကို ပြင်ဆင်ပေးတာကို ကြိုဆိုကြောင်း သူက ပြောကြားပါတယ်။
Camra က အစိုးရကို ရေရှည် ဘဏ္ဍာရေး ထောက်ပံ့မှု အစီအစဉ်များအား ဘီယာဆိုင်များဦ အရက်ဆိုင်များကို စီစဉ်ပေးဖို့ကိုလည်း ပန်ကြားခဲ့ပါတယ်။
"ဒီကဏ္ဍကို သတ်သတ်မှတ်မှတ် ထောက်ကူတဲ့ အစီအစဉ်တွေ မရှိခဲ့ရင် ထောင်ချီတဲ့ ဘီယာဆိုင်တွေ အရက်ဆိုင်တွေ လုပ်ငန်း ပိတ်သိမ်းကြရလိမ့်မယ်။ အရက်ချက်လုပ်ငန်းတွေ ဘီယာချက် လုပ်ငန်းတွေလည်း ရပ်ဆိုင်းကုန်လိမ့်မယ်" လို့ သူက ပြောပါတယ်။

birminghammail.co.uk

Read times
Rate this item
(0 votes)