Restaurants



မလေးရှားတွင် ရောင်းချသည့် ပျားရည် ၉၀ ရာခိုင်နှုန်းအထိ အတုဖြစ်နေ

မလေးရှားတွင် ရောင်းချသည့်  ပျားရည် ၉၀ ရာခိုင်နှုန်းအထိ အတုဖြစ်နေ

https://t.me/Guid4U
JOIN THE CHANNEL 

 

အဆိပ်ဆူးမဲ့ ပျားများထံမှ ပျားရည်ကို မလေးဘာသာစကားဖြင့် ကူလူးလုဟု ခေါ်ဝေါ်ပြီး အချိုအချဉ်အရသာနှင့် ပန်းရနံ့၊ သစ်သီးရနံ့ ထူးထူးခြားခြား ဂုဏ်သတ္တိရှိသည်။

 

မလေးရှားနိုင်ငံ ပျားရည်လုပ်ငန်းကဏ္ဍသည် စျေးကွက်ခဲတွင် ပျားရည်အစစ်ရဖို့ ခဲယဉ်းနေသည့် ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း၊ ၉၀ ရာခိုင်နှုန်းအထိ အတုများ ဖြစ်နေနိုင်ကြောင်း ပြည်တွင်းပျားရည်ကျွမ်းကျင်သူ Universiti Sains Malaysia (USM) မှ အကြီးတန်း ကထိက ဒေါက်တာ Zulkifli Mustafa က ပြောသည်။

 

“ပျားရည်အစစ်အမှန်ကို ခွဲခြားသိရှိနိုင်ရန် ဓာတ်ခွဲခန်းစစ်ဆေးမှုများ လိုအပ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။ 

 

အဆိပ်ဆူးမဲ့ ပျားများသည် ခုခံကာကွယ်ရန် တိုက်ခိုက်သည့်အခါ အဆိပ်ဆူး မသုံးဘဲ ကိုက်ရုံသာ ကိုက်ကြသည်။ ၎င်းတို့၏ ပျားရည်တွင် ကျန်းမာရေးအတွက် အကျိုးကျေးဇူး အမျိုးမျိုး ပေးအပ်မည့် အာဟာရဓာတ်များ ပါဝင်သည် 

 

"ပျားရည်ဟာ စွမ်းအင်၊ ပရိုတင်း၊ ဗီတာမင်၊ ကောင်းကျိုးပြု ဘက်တီးရီးယားများနှင့် ဆဲလ်ပျက်စီးမှု ကာကွယ်ပေးတဲ့ anti-oxidant တွေ ပြည့်စုံတဲ့  စားစရာ ဖြစ်ပါတယ်။ အဆိပ်ဆူးမဲ့  ပျားရည်ဟာ ဘက်တီးရီးယားပိုးဝင်လို့ ‌ရောင်ရမ်းခြင်းတွေ၊ စိတ်ဖိစီးမှုတွေ၊ အဝလွန်ခြင်းနဲ့ အိုမင်းရင့်ရော်ခြင်းအပြင် နာတာရှည်ရောဂါတွေကို သက်သာစေနိုင်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

 

မသမာသည့် သူများက ၎င်းပျားရည်အတုကို ထုတ်လုပ်ရာ၌ အချဉ်အရသာအတွက် ရှာလကာရည်ဖြင့် ထုတ်လုပ်ကြသည်ဟု Dr Zulkifli က ပြောကြားပါသည်။

Source straitstimes 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Tuesday, 13 February 2024 00:38
Rate this item
(0 votes)