Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Babett က ၂၀၁၇ ခုနှစ်ကို နှုတ်ဆက်သော နှစ်ကုန်အခမ်းအနားအတွက် ဟင်းလျာများ၊ ဝိုင်နှင့်ပွဲများပါဝင်သည့် အစားအသောက်ပွဲကြီးကို ၀န်ဆောင်မှုပေးသွားမည်

၂၀၁၇ ခုနှစ်ကို စိတ်လွတ်ကိုယ်လွတ် ပျော်ပျော်ရွှင်ရွှင်ဖြင့် ကုန်ဆုံးပြီး နှစ်သစ်ကို အကောင်းဆုံး ကြိုဆိုဖို့အတွက်

ခရစ်စမတ်နှင့် နှစ်သစ်ကူးပွဲတော် အထူးအစီအစဉ်အနေဖြင့် Babett Bar and Eatery မှ ဝိုင်နှင့်ပွဲအစီအစဉ် အမျိုးမျိုးကို ရန်ကုန်မြို့အတွက် မိတ်ဆက်ရန်၊ စားသုံးသူများကို ဝန်ဆောင်မှု ပေးရန် အဆင့်သင့် ဖြစ်နေပြီဖြစ်ကြောင်း သိရပါတယ်။

 babett 0137

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရရှိနိုင်မည့် Babett’s a la carte မီနူးမှာ Babett ၌ ရှိပြီးသား နာမည်ကျော် လူကြိုက်များ ဝိုင်များနှင့် ဟင်းလျာများကို ပိုမိုပြည့်စုံသွားစေမည့် ထူးထူးခြားခြား ရွေးချယ်ထားသည့် ဟင်းပွဲများဖြစ်ကြောင်း သိရပါတယ်။

 

အဝစား ခရစ္စမတ် မနက်လည်စာ (Day Brunch) အစီအစဉ် ‘TUF’ (Till U’re Full) ကိုအထူး မိတ်ဆက်သွားမည် ဖြစ်သော်လည်း  ၂၀၁၈ ခုနှစ်ကိုကြိုဆိုမည့် နှစ်သစ်ကူးပွဲတော်နေ့တွင်မူ Babett ၏ အစားအသောက်များ၊ ဝိုင်နှင့် ကော့တေးများအပြင် ပျော်စရာရသ ပေးစွမ်းနိုင်မည့် ဖျော်ဖြေမှုများဖြင့် လာရောက်စားသုံးသူများ တစ်ညတာလုံး စိတ်ကြိုက် ပျော်နိုင်အောင် Babett မှ စီစဉ်ပေးထားမည် ဖြစ် ကြောင်း သိရပါတယ်။

 babett 0164

ရန်ကုန်မြို့မှ အစားအသောက် ကြိုက်နှစ်သက်သူများနှင့် ဝိုင်ချစ်သူများကို စနစ်တကျ သေချာရွေးချယ် ပြင်ဆင် ထားသည့် အသားနှင့် ဝိုင်အမျိုးအစားဖြင့် အံ့အားသင့်စေခဲ့ပြီးနောက် ယခုတစ်ခါ နောက်ထပ် ရာသီစာ အစား အသောက်နှင့် အချိုပွဲပေါင်း ၁၇ မျိုးအပြင် ဝိုင်၊ စပါကလင်နှင့် ရှန်ပိန် တံဆိပ်အမျိုးအစားပေါင်း ၁၉မျိုး မှ စားသုံးသူများအနေဖြင့် အချိန်မရွေး စိတ်ကြိုက်ရွေးချယ် သုံးဆောင်နိုင်မည် ဖြစ်ကြောင်း သိရပါတယ်။

 

ပွဲတော်အထူး အစီအစဉ်အတွက်မူ လူကြိုက်များလွန်းလှသော ဟင်းလျာများဖြစ်တဲ့ Fine de Claire oysters၊ Foie Gras၊ Lobster၊ Short Rib Beef Bourgignon၊ သိုးသားနှင့် ကြက်ဆင်သား ဟင်းလျာစသည်တို့ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

 babett 0261

Babett ရှိ ဟင်းလျာများနှင့် ဝိုင်များကို Babett အဖွဲ့၏ အထွေထွေမန်နေဂျာနှင့် စာဖိုးမှူးကြီးဖြစ်သူ Dy Sylvain Royer ကိုယ်တိုင် ရန်ကုန်ကြိုက် အရသာနှင့် ကိုက်ညီစေမည့် ဒေသထွက်အထူးပစ္စည်းများကို ရွေးချယ် တင်သွင်းကာ ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားခြင်းလည်း ဖြစ်ကြောင်း သိရပါတယ်။

 

ခရစ်စ္စမတ်ပါတီကဲ့သို့ပျော်စရာ အခမ်းအနားများအတွက်မူ သစ်သီးဝလံများ၊ ပူစီပေါင်းလေးများ ပလုံစီထနေ သော အဖျော်ယမကာများက ပျော်ရွှင်မှုခံစားချက်များ ထပ်မံတိုးသွားစေကြောင်း ယုံကြည်၍ စားဖိုမှူးကြီး Sylvain မှ ပြင်သစ်နိုင်ငံ Burgundy ဒေသထွက်  အကောင်းဆုံးနှင့် ဈေးနှုန်းသင့်တင့်သည့်   Blanc de Blanc စပါကလင် တစ်မျိုးဖြစ်သော Cuvée Splendid ကို ရွေးချယ်ပေးထားကြောင်း သိရပါတယ်။

 

သို့သော် အေးအေးဆေးဆေး စိတ်အပန်းဖြေလိုသူများ၊ အရသာကောင်းမွန်သော ဟင်းလျာများကို စပါကလင်၊ ဝိုင်နှင့် ကော့တေးများဖြင့် ခရစ္စမတ်နေ့ကို ခံစားကုန်ဆုံးလိုသူများအတွက်မူ Babett ၏ ရွေးချယ်စရာ ဟင်းလျာ အမျိုးမျိုးပါဝင်သော “TUF” ခရစ္စမတ် မနက်လည်စာကလည်း နေ့လည်(၁၁)နာရီမှ ညနေ(၃)နာရီအထိ အစား အသောက် ဂျီးများသူများနှင့် အစားကြီးသူများကို စိတ်ကျေနပ်မှု ရရှိစေနိုင်မှာဖြစ်ပါတယ်။

 

ယင်းအဝစား လေးနာရီအတွင်း Babett သို့ လာရောက်သည့် စားသုံးသူများအနေဖြင့် “Till U’re Full” မီနူးအပြင် အပိုကျသင့်ငွေ ပေးချေပြီး salad၊ ချိစ်နှင့် အသားလွှာ အမျိုးမျိုး၊ ဥအမျိုးမျိုး၊ Babett ၏ နာမည်ကြီး ပီဇာနှင့် ပါစတာများ၊  အကင်များနှင့် အထူး ဟင်းလျာ များဖြစ်သည့် အမဲနံရိုး၊ Fine de Claire oyster၊ ပုစွန် ကြက်သွန် ဖြူကြော်နှင့် veal cheek  စသည်တို့ ပါဝင်သော မီနူးမှလည်း မှာယူသုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

 

Babett မှ ဝန်ဆောင်မှု ပေးနေကြဖြစ်သည့် ဝိုင်၊ ဘီယာ၊ ကော့တေးများ၊ Mimosas များကိုလည်း Free Flow ရရှိဦးမှာဖြစ်ကြောင်းသိရပါတယ်။

 babett 0133

ရန်ကုန်မြို့တွင် လွန်ခဲ့သည့် လေးလခန့် စက်တင်ဘာလတွင် စတင်ဖွင့်လှစ်ပြီးကတည်းက ဆက်တိုက် လူကြိုက်များ အောင်မြင်မှုရရှိခဲ့သည့် Babett တွင် ၎င်းတို့၏ ပထမဆုံးကိုယ်ပိုင် စတိုင်လ် နှစ်သစ်ကူး Countdown ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

 

ည ခုနှစ်နာရီခန့်မှ စတင်၍ DJs Boom Lay နှင့် AKAT တို့မှ တစ်လှည့်စီ မနက် တစ်နာရီအထိ မနားတမ်း ဖျော်ဖြေပေးသွားမှာလည်း ဖြစ်သည့်အတွက် ဧည့်သည်များ အနေဖြင့် ပျော်ရွှင်စွာ  ဝင်ဆင်နွှဲနိုင်မည်ဖြစ်သည့် အပြင် ညသန်းခေါင်မတိုင်ခင် ၂၀၁၈ နှစ်သစ်ကိုကြိုဆင်သည့် အစီအစဉ်ဖြင့် တစ်ဦးကို ဝိုင် သို့မဟုတ် စပါကလင် တစ်ခွက်စီကိုလည်း အခမဲ့ ဝန်ဆောင်မှုပေးသွား မည်ဖြစ်ကြောင်း သိရပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:32
Rate this item
(1 Vote)